Quran with Burmese translation - Surah Al-An‘am ayat 164 - الأنعَام - Page - Juz 8
﴿قُلۡ أَغَيۡرَ ٱللَّهِ أَبۡغِي رَبّٗا وَهُوَ رَبُّ كُلِّ شَيۡءٖۚ وَلَا تَكۡسِبُ كُلُّ نَفۡسٍ إِلَّا عَلَيۡهَاۚ وَلَا تَزِرُ وَازِرَةٞ وِزۡرَ أُخۡرَىٰۚ ثُمَّ إِلَىٰ رَبِّكُم مَّرۡجِعُكُمۡ فَيُنَبِّئُكُم بِمَا كُنتُمۡ فِيهِ تَخۡتَلِفُونَ ﴾
[الأنعَام: 164]
﴿قل أغير الله أبغي ربا وهو رب كل شيء ولا تكسب كل﴾ [الأنعَام: 164]
Ba Sein ၁၆၄။ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်သည် အရာအားလုံးတို့၏ အသျှင်သခင်ဖြစ်တော်မူလျက် အကျွနု်ပ်သည် အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားဘုရားကို ရှာဦးမည်လော။ ဝိညာဉ်တိုင်းသည် မိမိပြုကျင့်မှုကောင်းကျိုး၊ ဆိုးပြစ်ကိုသာ ခံစားကြ၏။ မိမိဝန်ထုပ်၊ ဝန်ပိုးကို ထမ်းရွက်နေရသူသည် သူတစ်ပါး၏ ဝန်ထုပ်ကို ကူ၍ထမ်းနိုင်မည်မဟုတ်ပေ။ နောက်ဆုံးစွန်၌ သင်တို့သည် မိမိတို့၏ ကျေးဇူးတော်သခင် အလ္လာဟ်အသျှင်မြတ်ထံ ပြန်ကြရမည်သာတည်း။ ထိုအခါ အသျှင်မြတ်သည် သင်တို့အား သင်တို့ကွဲပြားခြားနားချက်ကို မိန့်တော်မူလိမ့်မည်။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားတဖန် ထပ်မံ၍ ဤသို့) ပြောကြားပါဦးလေ။ (အချင်းတို့)ငါသည် အလ္လာဟ်အရှင်မြတ်အပြင် အခြားကို ဖန်ဆင်းမွေးမြူသောအရှင်အဖြစ် ရှာဖွေရပါမည်လော။ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကိုဖန်ဆင်း မွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်။၎င်းပြင်မည်သူမဆို (တစ်စုံတစ်ရာကို) ရှာဖွေ ဆည်းပူး ပြုလုပ်ခဲ့သော်ထိုသူ၏အပေါ်၌သာလျှင်ရှိပေအံ့။ ထို့ပြင် သယ်ပိုးသူတဦးမျှပင် သူတစ်ပါး၏ဝန်ကို သယ်ပိုးလိမ့်မည်မဟုတ်ပေ။ ထို့နောက်အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော် သို့သာလျှင်ပြန်ကြရမည်။ ထိုအခါ ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား၊ အသင်တို့ကွဲပြားလျက်ရှိခဲ့ကြသော ကိစ္စများကို သိစေတော်မူမည်။ |
Hashim Tin Myint (အို- တမန်တော်)အသင် ပြောလိုက်ပါ- “အရှင်မြတ်သည် အရာရာကို ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်နေပါလျက်နှင့် ငါသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်အဖြစ် ရှာဖွေရဦးမည်လော။“ ထို့နောက် မည်သူမဆို ရှာဖွေဆည်းပူးပြုလုပ်ခဲ့လျှင် ထိုသူ၏အပေါ်၌သာ(တာဝန်)ရှိသည်။ ၎င်းပြင် မည်သည့် သယ်ပိုးသူတစ်ဦးကမှ သူတစ်ပါး၏ဝန်ထုပ်ကို သယ်ပိုးမည် မဟုတ်ပေ။* ထို့နောက် အသင်တို့၏ ပြန်လည်ရာသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်သို့ပင် ဖြစ်သည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့အား အသင်တို့ ကွဲလွဲခဲ့ကြသော ကိစ္စရပ်များကို အသိပေးတော်မူမည်။ |