×

ထိုအရှင်မြတ်သည် သင်တို့အား ကမ္ဘာဂြိုဟ်ကို ဆက်ခံသည့် ကိုယ်စားလှယ်တော်များအဖြစ် ဖြစ်စေ၍ ခန့်အပ်တော်မူပြီး (အရှင့်အမိန့်တော်နှင့်အညီ ယင်းကို ဖွံ့ဖြိုးတိုးတက်ခွင့်ပေးသည့်အနေဖြင့် သင်တို့အနက်မှ သင်တို့အား 6:165 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:165) ayat 165 in Burmese

6:165 Surah Al-An‘am ayat 165 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 165 - الأنعَام - Page - Juz 8

﴿وَهُوَ ٱلَّذِي جَعَلَكُمۡ خَلَٰٓئِفَ ٱلۡأَرۡضِ وَرَفَعَ بَعۡضَكُمۡ فَوۡقَ بَعۡضٖ دَرَجَٰتٖ لِّيَبۡلُوَكُمۡ فِي مَآ ءَاتَىٰكُمۡۗ إِنَّ رَبَّكَ سَرِيعُ ٱلۡعِقَابِ وَإِنَّهُۥ لَغَفُورٞ رَّحِيمُۢ ﴾
[الأنعَام: 165]

ထိုအရှင်မြတ်သည် သင်တို့အား ကမ္ဘာဂြိုဟ်ကို ဆက်ခံသည့် ကိုယ်စားလှယ်တော်များအဖြစ် ဖြစ်စေ၍ ခန့်အပ်တော်မူပြီး (အရှင့်အမိန့်တော်နှင့်အညီ ယင်းကို ဖွံ့ဖြိုးတိုးတက်ခွင့်ပေးသည့်အနေဖြင့် သင်တို့အနက်မှ သင်တို့အား ပေးအပ်တော်မူသမျှ၌ သင်တို့အား စမ်းသပ်တော်မူနိုင်ရန်အလို့ငှာ) အချို့ကိုအချို့ထက် (ဉာဏ်စွမ်း၊ အရည်အသွေး၊ ဥစ္စာဓနနှင့် အရည်အသွေး) အဆင့်အတန်းများ ချီးမြှင့်တော်မူ၏။ မုချဧကန်၊ အသင့်အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ချက်ချင်းလက်ငင်း လျှင်မြန်စွာ ဒဏ်ခတ် အရေးယူ တုံ့ပြန်တော်မူအရှင် ဖြစ်တော်မူ၏။ ထို့ပြင် (လူသားတို့၏စွမ်းရည်မတိမ်ကောရအောင် စည်းမျဉ်းတော်များချမှတ်သည်ကို မတော်တဆချိုးဖောက်မိ၍ အရှင့်ထံ ခွင့်လွှတ်ခြင်းတောင်းခံသူတို့အား) ထိုအရှင်မြတ်သည် ဧကန်ပင်၊ အလွန် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ (အရာခပ်သိမ်း တို့အပေါ်) အလွန်ပင် သနားကြင်နာတော်မူသော ကရုဏာဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وهو الذي جعلكم خلائف الأرض ورفع بعضكم فوق بعض درجات ليبلوكم في, باللغة البورمية

﴿وهو الذي جعلكم خلائف الأرض ورفع بعضكم فوق بعض درجات ليبلوكم في﴾ [الأنعَام: 165]

Ba Sein
၁၆၅။ အသျှင်မြတ်သည် သင်တို့အား မိမိ၏ကိုယ်စားလည်း ရာထူးများ၌ ကမ္ဘာမြေကြီးပေါ်ဝယ် ခန့်ထား တော်မူ၏။ သင်တို့အနက် အချို့သောသူတို့ကို အခြားသူများထက် အဆင့်အတန်း မြင့်စေတော်မူ၏။ အသျှင်မြတ်သည် သင်တို့အား မိမိပေးသနားတော်မူသော ကောင်းချီးမင်္ဂလာတော်တို့ဖြင့် စုံစမ်း တော်မူ၏။ မှတ်သားလော့။ သင်၏ ကျေးဇူးတော်သခင်သည် အပြစ်ဒဏ်ခတ်ရာ၌ မြန်တော်မူ၏။ မှတ်သားကြလော့၊ အသျှင်မြတ်သည် အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာ ပေးသနားတော်မူ၏။
Ghazi Mohammad Hashim
ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အားပထဝီမြေပြင်၌ ကိုယ်စားလှယ်များအဖြစ် ချီးမြှင့် တော်မူခဲ့လေသည်။ ၎င်းအပြင် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အားမိမိချီးမြှင့်ထားတော်မူသော ကျေးဇူးတော်များနှင့်စပ်လျဉ်း၍စမ်းသပ်တော်မူခြင်းငှာ အသင်တို့အနက် အချို့ကို အဆင့်အတန်းအားဖြင့် အချို့ထက် မြင့်စေတော်မူခဲ့၏။ ဧကန်စင်စစ်အသင့်အား မွေးမြူတော်မူ သောအရှင်မြတ်သည် လျှင်မြန်စွာပြစ်ဒဏ်ပေး တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။၎င်းပြင် ထိုအရှင်မြတ်သည် အလွန်လွတ်ငြိမ်း ချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။(ရကူ)
Hashim Tin Myint
အရှင်မြတ်သည်ပင် အသင်တို့အား ‌မြေပထဝီတွင် ကိုယ်စားလှယ်များအဖြစ် ပြုလုပ်‌ပေးသနား‌တော်မူခဲ့သည်။* ၎င်းပြင် အရှင်မြတ်သည်ပင် အသင်တို့အား အရှင်မြတ်‌ပေးထား‌သော ‌ကျေးဇူး‌တော်များနှင့်ပတ်သက်၍ စမ်းသပ်‌တော်မူရန် အသင်တို့ထဲမှ အချို့ကို အချို့ထက် အဆင့်အတန်းမြင့်‌စေ‌တော်မူခဲ့သည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလွန်လျင်မြန်စွာ အ‌ရေးယူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ၎င်းပြင် အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်လည်း ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek