×

ထို့ပြင် သူတို့ထဲတွင် အသင် (တမန်တော်) ထံသို့ ရောက်လာ၍ (ကျမ်းတော်မြတ်ကုရ်အာန်ကို) နားထောင် ခဲ့ပြီးကြသောသူများရှိသော်လည်း (သူတို့၏မကောင်းသော အကြံအစည်များနှင့်လုပ်ရပ်များ၊ မာနာထောင်လွှားခြင်းနှင့်ရန်လိုမုန်းတီးမှုတို့ကြောင့် 6:25 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:25) ayat 25 in Burmese

6:25 Surah Al-An‘am ayat 25 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 25 - الأنعَام - Page - Juz 7

﴿وَمِنۡهُم مَّن يَسۡتَمِعُ إِلَيۡكَۖ وَجَعَلۡنَا عَلَىٰ قُلُوبِهِمۡ أَكِنَّةً أَن يَفۡقَهُوهُ وَفِيٓ ءَاذَانِهِمۡ وَقۡرٗاۚ وَإِن يَرَوۡاْ كُلَّ ءَايَةٖ لَّا يُؤۡمِنُواْ بِهَاۖ حَتَّىٰٓ إِذَا جَآءُوكَ يُجَٰدِلُونَكَ يَقُولُ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ ﴾
[الأنعَام: 25]

ထို့ပြင် သူတို့ထဲတွင် အသင် (တမန်တော်) ထံသို့ ရောက်လာ၍ (ကျမ်းတော်မြတ်ကုရ်အာန်ကို) နားထောင် ခဲ့ပြီးကြသောသူများရှိသော်လည်း (သူတို့၏မကောင်းသော အကြံအစည်များနှင့်လုပ်ရပ်များ၊ မာနာထောင်လွှားခြင်းနှင့်ရန်လိုမုန်းတီးမှုတို့ကြောင့် ထိုကျမ်းတော်ကို နားလည်နိုင်ရန် (ရှိသင့်ရှိထိုက်သော အရည်အသွေးများ လက်လွှတ်ခဲ့ကြသည့်အတွက်) အလ္လာဟ်အရှင်မြတ်သည် သူတို့၏နှလုံးသားများပေါ်တွင် အဖုံးအကာကိုလည်းကောင်း၊ သူတို့၏နားများ၌ နားထိုင်းနားလေးမှုကိုလည်းကောင်း၊ ဖြစ်ပေါ်စေတော်မူ၏။ ထိုအခါ အကယ်၍ (အရာရာတိုင်း၏သဘောသဘာဝ၌ အရှင့်နိယာမတရားနှင့်မယုံမဖြစ်သော အမှန်တရားဆိုင်ရာ) အာယာသ်သက်သေလက္ခဏာတိုင်းကို တွေ့မြင်ကြပြီး အသင် (တမန်တော်) ထံ ရောက်လာကြလျက် အသင်နှင့်အပြန်အလှန် ဆွေး နွေးငြင်းခုံသည့် အချိန်အထိ ယင်းတို့ကို မယုံကြည်ကြသည့်အပြင် ထိုမယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့က “ဤသည် ရှေးခေတ်အခါက လူတို့၏ဒဏ္ဍာရီမျှသာဖြစ်သည်။” ဟု မဟုတ်မတရား ဆင်ခြေပေး၍ ငြင်းဆန်ခဲ့ကြ၏။

❮ Previous Next ❯

ترجمة: ومنهم من يستمع إليك وجعلنا على قلوبهم أكنة أن يفقهوه وفي آذانهم, باللغة البورمية

﴿ومنهم من يستمع إليك وجعلنا على قلوبهم أكنة أن يفقهوه وفي آذانهم﴾ [الأنعَام: 25]

Ba Sein
၂၅။ လူတို့အနက် အချို့သောသူတို့သည် သင့်ကို ကြားနာကြ၏။ သို့သော ငါအသျှင်မြတ်သည် သူတို့၏ စိတ်နှလုံးများအပေါ်တွင် အကာအဆီးကို စီရင်ထားတော်မူ၍ သူတို့သည် နားမလည်ကြပေ။ သူတို့၏ နားများကို ပင်းစေတော်မူ၏။ သူတို့သည် နိမိတ်လက္ခဏာတော်တိုင်းကို မြင်ရသောအခါ ထိုလက္ခဏာတော်ကို မယုံကြည်ကြပေ။ သို့အတွက် သူတို့သည် သင်နှင့် အချေအတင်ပြောဆိုရန် လာသောအခါ ဤကျမ်းတော်သည် ရှေးလူဟောင်းတို့၏ ဒဏ္ဍာရီဝထ္ထုမှတစ်ပါး အခြားတစ်စုံတစ်ရာ မဖြစ်ချေဟု ပြောဆိုဝံ့ကြ၏။
Ghazi Mohammad Hashim
း25| ၎င်းပြင် ထိုသူတို့တွင် အသင့်ဖက်သို့ နားစွင့်၍ နေကြသူများလည်း ရှိကြ၏။ အမှန်သော်ကား ၎င်းတို့ထိုကုရ်အာန်ကို နားမလည်နိုင်ကြရန်၊ ငါအရှင်မြတ်သည် ထိုသူတို့၏စိတ်နှလုံးများပေါ်၌ အကာအဆီးများ ချထားတော်မူခဲ့၏။ယင်းသူတို့၏ နားများတွင် လေးလံခြင်းကိုလည်းပြုထားတော်မူခဲ့၏။ စင်စစ်တမူကား ယင်းသူတို့သည် သက်သေလက္ခဏာများအားလုံးကို တစ်ခုမကျန် တွေ့မြင်ကြရ သော်လည်း ထိုသက်သေလက္ခဏာများကို ယုံကြည်ကြမည်မဟုတ်ပေ။ ဤမျှတိုင် ၎င်းတို့သည် အသင့်ထံသို့ပင် လာရောက်ကြသောအခါအသင်နှင့် အငြင်းအခုံပြုကြ၏။ ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ် သောသူတို့က ဤကား ရှေးသူဟောင်းတို့၏ဒဏ္ဍာရီပုံပြင်များသာ ဖြစ်ချေသည် ဟု ပြောဆိုကြ၏။
Hashim Tin Myint
ထို့ပြင် သူတို့ထဲတွင် အသင့်ဘက်သို့ နားစွင့်‌သောသူများလည်း ရှိကြသည်။* ၎င်းပြင် (သူတို့၏ လုပ်ကြံစွပ်စွဲ ‌ပြောဆိုမှုများ‌ကြောင့်) သူတို့အား ကုရ်အာန် နားမလည်နိုင်ကြရန် ငါအရှင်မြတ်သည် သူတို့၏ စိတ်နှလုံးများအ‌ပေါ်၌ အကာအဆီးများ ချ‌ပေးထား‌တော်မူခဲ့သည်။ ၎င်းပြင် သူတို့၏ နားများထဲ၌လည်း ‌လေးလံမှုကို ပြုလုပ်ထား‌တော်မူခဲ့သည်။ (နားပင်း‌စေ‌တော်မူခဲ့သည်။) ထို့‌နောက် သူတို့သည် သက်‌သေလက္ခဏာများအားလုံးကို ‌တွေ့မြင်ကြရလျှင်လည်း ထိုသက်‌သေလက္ခဏာများကို ယုံကြည်ကြမည် မဟုတ်‌ပေ။ ‌နောက်ဆုံးတွင် သူတို့သည် အသင်(တမန်‌တော့်)ထံလာ‌ရောက်ကြ‌သောအခါ အသင်နှင့် အငြင်းအခုံ ပြုလုပ်ကာ ထိုကာဖိရ်များကပင် “ဤသည် ‌ရှေးသူများ၏ (လုပ်ကြံထား‌သော) ပုံပြင်များမှလွဲ၍ အခြားမည်သည့်အရာမှ မဟုတ်ဟု ‌ပြောဆိုကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek