Quran with Burmese translation - Surah Al-An‘am ayat 26 - الأنعَام - Page - Juz 7
﴿وَهُمۡ يَنۡهَوۡنَ عَنۡهُ وَيَنۡـَٔوۡنَ عَنۡهُۖ وَإِن يُهۡلِكُونَ إِلَّآ أَنفُسَهُمۡ وَمَا يَشۡعُرُونَ ﴾
[الأنعَام: 26]
﴿وهم ينهون عنه وينأون عنه وإن يهلكون إلا أنفسهم وما يشعرون﴾ [الأنعَام: 26]
Ba Sein ၂၆။ ထို့ပြင် သူတို့သည် လူသားတို့အား ကုရ်အာန်ကျမ်းတော်မှ တားမြစ်ပိတ်ပင်ကြ၏။ သူတို့သည် ကျမ်းတော်ကို ရှောင်ရှားကြ၏။ သူတို့သည် မိမိတို့မှတစ်ပါး မည်သူကိုမျှ မဖျက်ဆီးကြပေ။ သို့သော် သူတို့သည် မသိမမြင်ကြပေ။ |
Ghazi Mohammad Hashim ၎င်းပြင် ယင်းသူတို့သည်(သူတစ်ပါးတို့ကိုလည်း)ထိုကုရ်အာန်ကျမ်းတော်မြတ်(ကိုနားဆင်ခြင်း)မှ တားမြစ်ကြကုန်၏။ မိမိတို့ကိုယ်တိုင်လည်း ယင်း ကုရ်အာန်ကျမ်းမြတ်(ကိုနားဆင်ခြင်း) မှ (ဝေးစွာ) ကြဉ်ရှောင်ကြကုန်၏။ စင်စစ်သော်ကား ထိုသူတို့သည် မိမိတို့ကိုယ်သာ ပျက်စီးကုန်၏။ သို့ရာတွင် ၎င်းတို့သည် (ဤမျှပင်) မသိတတ်ကြချေ။ |
Hashim Tin Myint ထို့ပြင် သူတို့သည် (အခြားသူများကိုလည်း) ထိုကုရ်အာန်ကျမ်းတော်မြတ်(ကို နားထောင်ခြင်း)မှ တားဆီးကြသည်။ သူတို့ကိုယ်တိုင်လည်း ထိုကုရ်အာန်ကျမ်းတော်မြတ်(ကို နားထောင်ခြင်း)မှ ဝေးဝေး(ရှောင်ကြဉ်)နေကြသည်။ ထိုု့ပြင် သူတို့သည် (မည်သူ့ကိုမှ) ဖျက်ဆီးကြသည် မဟုတ်ပေ။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ ဖျက်ဆီးနေကြခြင်းသာ ဖြစ်သည်။ ထို့ပြင် သူတို့သည် (ဤသည်ကိုပင်) အသိမရှိကြပေ။ |