×

ထိုသို့ဖြင့် အမှန်တရားသစ္စာ သူတို့ထံရောက်ခဲ့သည့်အခါတိုင်း ထိုအမှန်တရားသစ္စာနှင့်စပ်လျဉ်း၍ (မဟုတ်မမှန် လိမ်လည်စွပ်စွဲလျက် ရည်ရွယ်ချက်ရှိရှိ) တမင်တကာ ငြင်းဆန်ခဲ့ကြ၏။ သို့ဖြစ်၍ မကြာမီ (ကွယ်လွန်ချိန် 6:5 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:5) ayat 5 in Burmese

6:5 Surah Al-An‘am ayat 5 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 5 - الأنعَام - Page - Juz 7

﴿فَقَدۡ كَذَّبُواْ بِٱلۡحَقِّ لَمَّا جَآءَهُمۡ فَسَوۡفَ يَأۡتِيهِمۡ أَنۢبَٰٓؤُاْ مَا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴾
[الأنعَام: 5]

ထိုသို့ဖြင့် အမှန်တရားသစ္စာ သူတို့ထံရောက်ခဲ့သည့်အခါတိုင်း ထိုအမှန်တရားသစ္စာနှင့်စပ်လျဉ်း၍ (မဟုတ်မမှန် လိမ်လည်စွပ်စွဲလျက် ရည်ရွယ်ချက်ရှိရှိ) တမင်တကာ ငြင်းဆန်ခဲ့ကြ၏။ သို့ဖြစ်၍ မကြာမီ (ကွယ်လွန်ချိန် ရောက်လာသည့်အခါ) သူတို့လှောင်ပြောင်နေကြသော (သေခြင်းတရား၊ တမလွန်ဘဝ၊ သုခဥယျာဉ်နှင့်ငရဲမီး စသည့်) ထို (အကြောင်းအရာနှင့်ပတ်သက်သည့်) သတင်းစကားများ သူတို့ထံ ရောက်လိမ့်မည်။

❮ Previous Next ❯

ترجمة: فقد كذبوا بالحق لما جاءهم فسوف يأتيهم أنباء ما كانوا به يستهزئون, باللغة البورمية

﴿فقد كذبوا بالحق لما جاءهم فسوف يأتيهم أنباء ما كانوا به يستهزئون﴾ [الأنعَام: 5]

Ba Sein
၅။ သူတို့သည် မိမိတို့ထံသို့ ကျရောက်လာသော သမ္မာတရားတော်ကို မယုံကြည်ဘဲ ငြင်းပယ်ကြ၏။ သို့သော် သူတို့ကဲ့ရဲ့ပြောင်လှောင်လေ့ရှိသောအမှု၏ အကြောင်းသတင်းများသည် သူတို့ထံသို့ ရောက်လာလိမ့်မည်။
Ghazi Mohammad Hashim
သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့ထံ အမှန်ရောက်ရှိလာသောအခါ၊ ထိုအမှန်ကိုလည်း ငြင်းပယ် လိုက်ကြလေသည်။ သို့ဖြစ်၍ ၎င်းတို့ထံ မကြာမြင့်မီ ကာလအတွင်းအကြင်အရာ၏ သတင်းမှန်သည် ရောက်လာပေမည်။ ထိုအရာ နှင့်စပ်လျဉ်း၍ ၎င်းတို့ သည် ပြက်ချော် ပြောင်လှောင်လေ့ရှိခဲ့ကြ၏။
Hashim Tin Myint
၎င်းပြင် အမှန်စင်စစ် သူတို့သည် သူတို့ထံသို့ အမှန်တရား ‌ရောက်ရှိလာ‌သောအခါ ထိုအမှန်တရားကိုလည်း မဟုတ်မမှန်ဟု ငြင်းပယ်လိုက်ကြသည်။ သို့ဖြစ်ရာ သူတို့ထံသို့ မကြာမီ သူတို့‌ပြောင်‌လှောင်‌လေ့ရှိခဲ့‌သော အရာ၏သတင်းမှန်(ရလာဒ်ဆိုးကျိုး)သည် ‌ရောက်ရှိလာလိမ့်မည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek