Quran with Burmese translation - Surah Al-An‘am ayat 6 - الأنعَام - Page - Juz 7
﴿أَلَمۡ يَرَوۡاْ كَمۡ أَهۡلَكۡنَا مِن قَبۡلِهِم مِّن قَرۡنٖ مَّكَّنَّٰهُمۡ فِي ٱلۡأَرۡضِ مَا لَمۡ نُمَكِّن لَّكُمۡ وَأَرۡسَلۡنَا ٱلسَّمَآءَ عَلَيۡهِم مِّدۡرَارٗا وَجَعَلۡنَا ٱلۡأَنۡهَٰرَ تَجۡرِي مِن تَحۡتِهِمۡ فَأَهۡلَكۡنَٰهُم بِذُنُوبِهِمۡ وَأَنشَأۡنَا مِنۢ بَعۡدِهِمۡ قَرۡنًا ءَاخَرِينَ ﴾
[الأنعَام: 6]
﴿ألم يروا كم أهلكنا من قبلهم من قرن مكناهم في الأرض ما﴾ [الأنعَام: 6]
Ba Sein ၆။ ငါအသျှင်မြတ်သည် သူတို့မဖြစ်ပေါ်လာမီ ရှေးအဆက် မည်မျှကို သုတ်သင်ရှင်းလင်းပစ်တော်မူ သည်ကို သူတို့မသိမမြင်ကြသလော။ ထိုရှေးလူဟောင်းတို့ကို ကမ္ဘာမြေပေါ်ဝယ် မင်းတို့ထက် သာလွန် မြဲမြံတည်တံ့စေတော်မူ၏။ ထိုလူဟောင်းတို့အပေါ်သို့ ကောင်းကင်ဘုံမှ မိုးသည်းထန်စွာ ရွာသွန်းစေတော်မူ၏။ မြစ်ချောင်းများကိုလည်း သူတို့၏အောက်၌ စီးဆင်းစေတော်မူ၏။ သို့ပါလဆက် သူတို့သည် ၎င်းတို့၏အပြစ်များကြောင့် ဖျက်ဆီးပစ်တော်မူ၏။ သူတို့ပျောက်ကွယ်ပြီး နောက် အခြားလူမျိုးတစ်ဆက်ကို ဖန်ဆင်းတော်မူ၏။ |
Ghazi Mohammad Hashim ငါအရှင်မြတ်သည် ၎င်းတို့အလျင် အဘယ်မျှလောက်သော လူမျိုးတို့ကို ပျက်စီးစေတော်မူခဲ့သည်ကို ထိုသူတို့သည် မမြင်ခဲ့ကြသလော။ ငါအရှင်မြတ်သည် ထိုလူမျိုးတို့အား ကမ္ဘာမြေပြင်ဝယ် အခြေစိုက် တည်မြဲစေတော်မူခဲ့သည့်နည်းမျိုးဖြင့် အသင်တို့အား အခြေစိုက် တည်မြဲစေတော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင်တဝ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးကို သည်းထန်စွာ ရွာသွန်းစေတော်မူခဲ့၏။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူတို့၏ဥယျာဉ်များ၊ အိမ်များအောက်မှစမ်းချောင်းများကိုလည်း စီးဆင်းစေတော်မူခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် ယင်းသူတို့အား ယင်းသူတို့၏ပြစ်မှုဒုစရိုက်များကြောင့် ပျက်စီးစေတော်မူခဲ့လေသည်။ ၎င်းပြင်ငါအသျှင်မြတ် သည် ထိုသူတို့၏နောက်တွင် အခြားလူမျိုးတို့ကိုဖန်ဆင်းတော်မူခဲ့လေသတည်း။ |
Hashim Tin Myint ငါအရှင်မြတ်သည် သူတို့မတိုင်မီ (ဆိုးသွမ်းသောမျိုးဆက်)လူမျိုးအမြောက်အမြားကို* ဖျက်ဆီးတော်မူခဲ့သည်ကို သူတို့ မမြင်ကြသလော။ ငါအရှင်မြတ်သည် ထိုလူမျိုးများအား ကမာ္ဘပေါ်တွင် စွမ်းဆောင်နိုင်မှုအင်အားများကို ပေးခဲ့သကဲ့သို့ အသင်တို့အား မပေးခဲ့ပေ။ ၎င်းပြင် ငါအရှင်မြတ်သည် သူတို့အပေါ်တွင် မိုးဖြိုင်ဖြိုင်ရွာသွန်းစေတော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် သူတို့၏အောက်မှ စီးဆင်းနေသော စမ်ချောင်းများကို ပြုလုပ်ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုသူများအား သူတို့၏မကောင်းမှုများကြောင့် ဖျက်ဆီးပစ်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏နောက်တွင် အခြားလူမျိုးများအား ဖန်ဆင်းတော်မူခဲ့သည်။ |