Quran with Burmese translation - Surah Al-An‘am ayat 7 - الأنعَام - Page - Juz 7
﴿وَلَوۡ نَزَّلۡنَا عَلَيۡكَ كِتَٰبٗا فِي قِرۡطَاسٖ فَلَمَسُوهُ بِأَيۡدِيهِمۡ لَقَالَ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّا سِحۡرٞ مُّبِينٞ ﴾
[الأنعَام: 7]
﴿ولو نـزلنا عليك كتابا في قرطاس فلمسوه بأيديهم لقال الذين كفروا إن﴾ [الأنعَام: 7]
Ba Sein ၇။ အို-မိုဟမ္မဒ်၊ အကယ်၍ ငါအသျှင်မြတ်သည် သင့်ထံသို့ စက္ကပေါ်တွင် ရေးထားသော ကျမ်းတော်ကို သူတို့ကိုင်တွယ်စမ်းသပ်ကြည့်နိုင်အောင် ချပေးသော်လည်း သူတို့သည် ဤအရာသည် ထင်ရှားသော ဝိဇ္ဇာမျက်လှည့်အတတ်မှတစ်ပါး အခြားတစ်စုံတစ်ရာမဟုတ်ပေဟု ပြောဆိုကြမည်သာတည်း။ |
Ghazi Mohammad Hashim ၎င်းပြင် အကယ်၍ ငါအရှင်မြတ်သည် အသင်၏အပေါ်သို့ စာရွက်တွင် ရေးသားထားသော ကျမ်းတစ်စောင်စောင်ကို ထုတ်ပြန်တော်မူခဲ့သော်၊ ထို့နောက် ထိုသူတို့သည်ယင်းကျမ်းကို မိမိတို့၏ လက်များဖြင့် ထိတွေ့ စမ်းသပ်ခဲ ့ကြသည်ရှိသော်၊ သို့တစေလည်း ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့ကမူ ဤသည် အလွန်ထင်ရှား သောစုန်းပယောဂဖြစ်သည် ဟူ၍ပင် မုချ ပြောဆိုကြပေမည်။ |
Hashim Tin Myint ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် (စာရွက်ကဲ့သို့)ရေးမှတ်စရာ၌ ရေးထားသောကျမ်းတစ်စောင်ကို အသင်၏အပေါ်ချပေးတော်မူခဲ့ပြီး သူတို့သည် ထိုကျမ်းကို သူတို့၏လက်များနှင့် ထိတွေ့ခဲ့ကြလျှင်လည်း ကာဖိရ်ငြင်းပယ်သူများကမူ “ဤသည် ထင်ရှားသော စုန်းပယောဂဖြစ်သည်“ဟု အမှန်စင်စစ် ပြောဆိုကြလိမ့်မည်။ |