×

ထိုသို့ပင် ငါအရှင်မြတ်သည် တမန်တော်အီးဗ်ရာဟီးမ်ကို မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်တို့၏အချုပ်အခြာ နှင့်အခွင့်အာဏာများ (သည် အရှင့်ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း) ကို ပြသတော်မူခဲ့၏။ ထိုသို့ပြသတော်မူခဲ့ခြင်းမှာ (မြင်သာထင်ရှားသော 6:75 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:75) ayat 75 in Burmese

6:75 Surah Al-An‘am ayat 75 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 75 - الأنعَام - Page - Juz 7

﴿وَكَذَٰلِكَ نُرِيٓ إِبۡرَٰهِيمَ مَلَكُوتَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلِيَكُونَ مِنَ ٱلۡمُوقِنِينَ ﴾
[الأنعَام: 75]

ထိုသို့ပင် ငါအရှင်မြတ်သည် တမန်တော်အီးဗ်ရာဟီးမ်ကို မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်တို့၏အချုပ်အခြာ နှင့်အခွင့်အာဏာများ (သည် အရှင့်ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း) ကို ပြသတော်မူခဲ့၏။ ထိုသို့ပြသတော်မူခဲ့ခြင်းမှာ (မြင်သာထင်ရှားသော အမှန်တရားများနှင့်နာမ်ရေးရာ ရှုထောင့်အမြင်တို့ဖြင့် အရှင်မြတ်နှင့် အရှင့် စည်းမျဉ်းတော်များကို) လေးနက်စွာ သက်ဝင်ယုံကြည်သူတို့အနက်မှ အပါအဝင် ဖြစ်စေရန်အတွက်ပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: وكذلك نري إبراهيم ملكوت السموات والأرض وليكون من الموقنين, باللغة البورمية

﴿وكذلك نري إبراهيم ملكوت السموات والأرض وليكون من الموقنين﴾ [الأنعَام: 75]

Ba Sein
၇၅။ တမန်တော် အီဗရာဟီမ်သည် ယုံကြည်ခြင်းတရားကို မြဲမြံစွာကိုင်ထားသောသူတို့ဘောင်တွင် ပါဝင်စေခြင်းငှာ ငါသအသျှင်မြတ်သည် သူ့အား မိုးမြေနိုင်ငံတော်ကို ဤသို့ပြသတော်မူ၏။
Ghazi Mohammad Hashim
ထိုနည်းတူစွာ ငါအရှင်မြတ်သည် အစ်ဗ်ရာဟီမ်အား လေးနက်စွာ သက်ဝင်ယုံကြည်သောသူတို့တွင် အပါအဝင်ဖြစ်စေခြင်းငှာ၊ ငါအရှင်မြတ်သည် မိုးများနှင့်ကမ္ဘာမြေကို စိုးပိုင်တော်မူကြောင်းကို ပြသတော်မူခဲ့လေသတည်း။
Hashim Tin Myint
ထိုသို့ပင် (တမန်‌တော်)အိဗ်ရာဟီမ်ကို နက်နဲစွာ ယုံကြည်‌သောသူများထဲ၌ အပါအဝင်ဖြစ်ရန်အတွက် ငါအရှင်မြတ်သည် ‌ကောင်းကင်များနှင့် ‌မြေပထဝီကို စိုးပိုင်‌တော်မူ‌ကြောင်း ပြသ‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek