Quran with Burmese translation - Surah Al-An‘am ayat 74 - الأنعَام - Page - Juz 7
﴿۞ وَإِذۡ قَالَ إِبۡرَٰهِيمُ لِأَبِيهِ ءَازَرَ أَتَتَّخِذُ أَصۡنَامًا ءَالِهَةً إِنِّيٓ أَرَىٰكَ وَقَوۡمَكَ فِي ضَلَٰلٖ مُّبِينٖ ﴾
[الأنعَام: 74]
﴿وإذ قال إبراهيم لأبيه آزر أتتخذ أصناما آلهة إني أراك وقومك في﴾ [الأنعَام: 74]
Ghazi Mohammad Hashim ထို့ပြင်တဝ (အို-နဗီတမန်တော်၊ အသင်သည်၎င်းတို့အား ပြန်လည်ပြောကြားပါလေ) တစ်ရံရောအခါ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မိမိဖခင်အာဇရ်အား(ဤသို့)ပြောကြားခဲ့လေသည်။ အသင်သည် ရုပ်ပွားဆင်းတုများကိုကိုးကွယ်ရာ ဘုရားများပြုလုပ်ပါသလော။ ဧကန်စင်စစ်အကျွန်ုပ်သည် အသင်နှင့်တကွ အသင်၏အမျိုးသားတို့ကိုပါအလွန်ထင်ရှားသော လမ်းမှားခြင်း၌ (ရောက်ရှိနေကြသည်ကို)တွေ့မြင်ရပါသည်။တနည်း။၎င်းပြင် (အကြင်အချိန်အခါကို ပြန်လည် သတိရပါလေ၊) တစ်ရံရောအခါ တမန်တော်အစ်ဗ်ရာဟီမ် (အလိုင်အစ္စလာမ်)က မိမိ၏ဖခင် အာဇရ် အား ပြောကြားခဲ့သည်မှာ(အို-ဖခင်)ဖခင်သည် ရုပ်ပွားဆင်းတုများကို ကိုးကွယ်ရာဘုရားများပြုလုပ် ထားပါသလော။ မုချဧကန် အကျွန်ုပ်သည် ဖခင်အားလည်းကောင်း၊ ဖခင်၏အမျိုးသားများအားလည်းကောင်း၊ထင်ရှားသော လမ်းမှားခြင်း၌ (သက်ရောက်နေကြသည်ကို)တွေ့မြင်နေပါသည်ဟု ပြောကြားခဲ့၏။ |