×

ဧကန်စင်စစ်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ဦးတည်ရှေးရှုရာ မျက်နှာကို မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၏ မူလအခြေခံကို စတင်ဖြစ်ပေါ်စေတော်မူခဲ့သည့် အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် ထိုအရှင့်ဘက်သို့သာလျှင် တစ်ပါးတည်းသော အရှင်ကို နာခံအပ်နှံသူပီပီ 6:79 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:79) ayat 79 in Burmese

6:79 Surah Al-An‘am ayat 79 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 79 - الأنعَام - Page - Juz 7

﴿إِنِّي وَجَّهۡتُ وَجۡهِيَ لِلَّذِي فَطَرَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ حَنِيفٗاۖ وَمَآ أَنَا۠ مِنَ ٱلۡمُشۡرِكِينَ ﴾
[الأنعَام: 79]

ဧကန်စင်စစ်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ဦးတည်ရှေးရှုရာ မျက်နှာကို မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၏ မူလအခြေခံကို စတင်ဖြစ်ပေါ်စေတော်မူခဲ့သည့် အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် ထိုအရှင့်ဘက်သို့သာလျှင် တစ်ပါးတည်းသော အရှင်ကို နာခံအပ်နှံသူပီပီ နာခံဦးတည်ပြီး ကျွန်ုပ်သည် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသော ကိုးကွယ်ရာများအား ကိုးကွယ်ကြသူတို့အနက်မှ အလျင်း မဟုတ်ပေ။ (ဟု ဖြည့်စွက်ကြွေးကြော်ခဲ့၏။)

❮ Previous Next ❯

ترجمة: إني وجهت وجهي للذي فطر السموات والأرض حنيفا وما أنا من المشركين, باللغة البورمية

﴿إني وجهت وجهي للذي فطر السموات والأرض حنيفا وما أنا من المشركين﴾ [الأنعَام: 79]

Ba Sein
၇၉။ မှတ်သားကြလော့။ အကျွနု်ပ်သည် ဖြောင့်မတ်မှန်ကန်သူတစ်ဦးဖြစ်သည့်အတိုင်း အကျွနု်ပ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူထသော အသျှင်မြတ်ဘက်တော်သို့သာလျှင် မျက်နှာမူ၏။ အကျွနု်ပ်သည် ရုပ်ပွားဆင်းတုများကို ကိုးကွယ်သူတို့ဘောင်တွင် မပါဝင်ပေဟု ရင့်ကျူး၏။
Ghazi Mohammad Hashim
ဧကန်စင်စစ် ငါသည် မိမိမျက်နှာကို မိုးများနှင့်ကမ္ဘာမြေကို ဖန်ဆင်းတော်မူသောအရှင်မြတ်ဖက်သို့သာလျှင်အာရုံစူးစိုက်လျက် လှည့်ခဲ့လေပြီ။ စင်စစ်သော်ကား ငါသည်(တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်သော သူတို့အနက်မှာ မဟုတ်ပြီ။(တစ်နည်း။)မုချဧကန် ကျွန်ုပ်သည် (အခြားသောလမ်းစဉ်များကိုစွန့်လွှတ်၍) တစ်စိတ်တစ်လတ်တည်း ဖြောင့်မတ်တည်ကြည်သူအဖြစ်ဖြင့် မိမိမျက်နှာကို မိုးကောင်းကင်များနှင့်ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသော အရှင်မြတ်ဖက်သို့လှည့်ပါပြီ။ ၎င်းပြင် ကျွန်ုပ်သည် မုရှ်ရစ်က်များတွင် အပါအဝင်မဟုတ်ပါ။
Hashim Tin Myint
အမှန်စင်စစ် ငါသည် ငါ၏မျက်နှာလှည့်ခြင်းကို* ‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူ‌သော အရှင်မြတ်ဘက်သို့သာ တစ်စိတ်တစ်လက်တည်း*လှည့်ခဲ့ပြီဖြစ်သည်။ ထို့ပြင် ငါသည် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်သူများထဲမှ မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek