×

(ထိုအခါ) သူ့လူမျိုးတို့က သူနှင့်အငြင်းအခုံ ပြုခဲ့ကြလေ၏။ တမန်တော်အီးဗ်ရာဟီးမ်က “ကျွန်ုပ်အား လမ်းညွှန်တော်မူခဲ့သော အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သင်တို့က ကျွန်ုပ်နှင့်ငြင်းခုံလိုကြသလော။” ဟု မေးမြန်းခဲ့ပြီး 6:80 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:80) ayat 80 in Burmese

6:80 Surah Al-An‘am ayat 80 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 80 - الأنعَام - Page - Juz 7

﴿وَحَآجَّهُۥ قَوۡمُهُۥۚ قَالَ أَتُحَٰٓجُّوٓنِّي فِي ٱللَّهِ وَقَدۡ هَدَىٰنِۚ وَلَآ أَخَافُ مَا تُشۡرِكُونَ بِهِۦٓ إِلَّآ أَن يَشَآءَ رَبِّي شَيۡـٔٗاۚ وَسِعَ رَبِّي كُلَّ شَيۡءٍ عِلۡمًاۚ أَفَلَا تَتَذَكَّرُونَ ﴾
[الأنعَام: 80]

(ထိုအခါ) သူ့လူမျိုးတို့က သူနှင့်အငြင်းအခုံ ပြုခဲ့ကြလေ၏။ တမန်တော်အီးဗ်ရာဟီးမ်က “ကျွန်ုပ်အား လမ်းညွှန်တော်မူခဲ့သော အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သင်တို့က ကျွန်ုပ်နှင့်ငြင်းခုံလိုကြသလော။” ဟု မေးမြန်းခဲ့ပြီး “ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအရာမှလွဲ၍ သင်တို့က အရှင်မြတ်နှင့်တွဲဖက် တုပြိုင်၍ ကိုးကွယ်ကြသောအရာများကို မကြောက်ပေ။ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် အရှင့်ဉာဏ်တော်အနန္တဖြင့် အရာခပ်သိမ်းကို လွှမ်းခြုံထားတော်မူ၏။ သင်တို့သည် အလေးအနက်ဆင်ခြင်၍ သတိမမူကြလေသလော။” ဟု ဟောပြောခဲ့၏။

❮ Previous Next ❯

ترجمة: وحاجه قومه قال أتحاجوني في الله وقد هدان ولا أخاف ما تشركون, باللغة البورمية

﴿وحاجه قومه قال أتحاجوني في الله وقد هدان ولا أخاف ما تشركون﴾ [الأنعَام: 80]

Ba Sein
၈၀။ သူ၏အမျိုးသားတို့သည် သူနှင့် စကားစစ်ထိုးကြ၏။ သူက ဟယ်-အချင်းတို့ အလ္လာဟ်အသျှင်မြတ် သည် အကျွနု်ပ်အား လမ်းပြတော်မူပြီးမှ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ အကျွနု်ပ်နှင့် အငြင်းအခုံပြုကြသလော။ အကျွနု်ပ်၏ ကျေးဇူးတော်သခင် အလိုတော်မရှိဘဲ အကျွနု်ပ်သည် အလ္လာဟ်အသျှင်မှတစ်ပါး သင်တို့ကိုးကွယ်သောအရာများကို လုံးဝမကြောက်ရွံ့ပေ။ အကျွနု်ပ်၏ ကျေးဇူးတော်အသျှင်သည် အရာခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့ သိမြင်တော်မူ၏။ သို့ဖြစ်၍ သင်တို့သည် သတိရကြမည်မဟုတ်လော။
Ghazi Mohammad Hashim
၎င်းနောက် ထို(တမန်တော် အစ်ဗ်ရာဟီမ်)၏အမျိုးသားများသည် ထို(တမန်တော် အစ်ဗ်ရာဟီမ်)နှင့် အငြင်းအခုံ ပြုကြလေသည်။ ထိုအခါ (တမန်တော် အစ်ဗ်ရာဟီမ်)ကအသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ပင် ငါနှင့်အငြင်းအခုံ ပြုလုပ်ကြသလော။ အမှန်မှာ ထိုအရှင်မြတ်သည်ငါ့အား တရားလမ်းမှန်ကို ပြတော်မူပြီးဖြစ်သည်။ ၎င်းပြင်ငါသည် အသင်တို့ ယှဉ်တွဲကိုးကွယ် ကြသောအရာများကိုမကြောက်ပေ။ သို့ရာတွင် ငါ၏အရှင်သည်ပင် တစ်စုံတစ်ရာကို အလိုရှိတော်မူပါသော် (ဖြစ်နိုင်၏။) ငါ၏အရှင်သည် အရာခပ်သိမ်းတို့ကို အသိပညာအားဖြင့် ဝန်းခြုံလျက်ရှိ တော်မူသည်။သို့ပါလျက် အသင်တို့သည် သတိမမူ ကြပါလော။
Hashim Tin Myint
ထို့‌နောက် ၎င်း၏အမျိုးသားများသည် ၎င်းနှင့် အငြင်းအခုံ ပြုလုပ်ခဲ့ကြသည်။ ၎င်း(တမန်‌တော်အိဗ်ရာဟီမ်-အလိုင်ဟိ)က ‌ပြောသည်- အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် စပ်လျဉ်း၍ပင် ငါနှင့် အငြင်းအခုံပြုလုပ်ကြသ‌လော။ အမှန်စင်စစ် အရှင်မြတ်သည် ငါ့အား လမ်းမှန် ညွှန်ကြားပြသပြီးဖြစ်သည်။ ထို့ပြင် ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ် အလိုရှိသည်မှလွဲ၍* အသင်တို့ ယှဉ်တွဲကိုးကွယ်ကြ‌သောအရာများအား မ‌ကြောက်‌ပေ။* ငါ၏အရှင်သည် အရာအားလုံးကို အသိပညာနှင့် ဝန်းခြုံလျက်ရှိ‌တော်မူသည်။ သို့ပါလျက် အသင်တို့သည် အသိတရား မရကြ‌လေသ‌လော။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek