Quran with Burmese translation - Surah Al-Mumtahanah ayat 12 - المُمتَحنَة - Page - Juz 28
﴿يَٰٓأَيُّهَا ٱلنَّبِيُّ إِذَا جَآءَكَ ٱلۡمُؤۡمِنَٰتُ يُبَايِعۡنَكَ عَلَىٰٓ أَن لَّا يُشۡرِكۡنَ بِٱللَّهِ شَيۡـٔٗا وَلَا يَسۡرِقۡنَ وَلَا يَزۡنِينَ وَلَا يَقۡتُلۡنَ أَوۡلَٰدَهُنَّ وَلَا يَأۡتِينَ بِبُهۡتَٰنٖ يَفۡتَرِينَهُۥ بَيۡنَ أَيۡدِيهِنَّ وَأَرۡجُلِهِنَّ وَلَا يَعۡصِينَكَ فِي مَعۡرُوفٖ فَبَايِعۡهُنَّ وَٱسۡتَغۡفِرۡ لَهُنَّ ٱللَّهَۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ ﴾
[المُمتَحنَة: 12]
﴿ياأيها النبي إذا جاءك المؤمنات يبايعنك على أن لا يشركن بالله شيئا﴾ [المُمتَحنَة: 12]
Ba Sein ၁၂။ အို-တမန်တော်၊ ယုံကြည်သူမိန်းမတို့သည် မဖောက်မပြန်အမှုတော်ကို ထမ်းရွက်ပါမည်ဟု သစ္စာခံကြရန် သင့်ထံသို့ လာရောက်လျှင် အောက်ပါအချက်များကို ၄င်းတို့ထံမှ ပဋိညာဉ်ယူပြီးသောအခါ ၄င်းတို့အား သစ္စာခံစေလော့၊ ယူရမည့်သစ္စာစကားမှာ (၁)ကျွန်မတို့သည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို တွဲဖက်၍ ဘုရားအမှတ်မကိုးကွယ်ပါ၊ (၂)သူတပါးဥစ္စာပစ္စည်းကို ခိုးဝှက်ယူငင်ခြင်းမပြုပါ၊ (၃)မိမိလင်ယောကျာ်းမဟုတ်သူနှင့်ပြစ်မှားမှုကို မပြုမကျင့်ပါ၊ (၃)မိမိ၏ ရင်သွေးရင်သားသူငယ်များကို သတ်ဖြတ်ခြင်းမပြုပါ၊ (၅)မဟုတ်မမှန် မုသားလုပ်ကြံပြီးလျှင် အတင်းမပြောခြင်းမပြုပါ၊ (၆)တရားတော်နှင့်ညီသောတမန်တော်၏ အမိန့်ဩဝါဒကို မဖီဆန်ပါဟူသော ခြောက်တန် ပဋိညာဉ်ခံကြမှသာလျှင် ထိုဝန်ခံချက်များကို ယူ၍ ထိုမိန်းမတို့၏ အပြစ်များကို လွှတ်တော်မူရန် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းလော့၊ အလ္လာဟ်အရှင်မြတ်သည် အဖန်တလဲလဲ အပြစ်လွှတ်တော်မူထသောအရှင်၊ မဟာကရုဏာတော်အရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim အို-နဗီတမန်တော်၊ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြသော မိန်းမများသည် အသင့်ထံလာ၍ မိမိတို့မှာ မည်သည့် တစ်စုံတစ်ရာကိုမျှပင် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ဆည်းကပ်ကိုးကွယ်) ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ ခိုးဝှက်မှုကိုလည်း ကျူးလွန်ကြမည် မဟုတ်ပါ ဟူ၍လည်းကောင်း၊ သူတစ်ပါး၏ ဇနီးမယားအား ပြစ်မှားသော အမှုကိုလည်းကျူးလွန်ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း။ မိမိတို့၏ သားသမီးများကိုလည်း သတ်ဖြတ်ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ မိမိတို့၏လက်များနှင့် ခြေများ၏အကြား၌ မုသား တစ်စုံတစ်ရာကိုလည်း လီဆယ်ဖန်တီးကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ ကောင်းမြတ်သော အမှုကိစ္စတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ အသင်၏အမိန့်ကိုလည်း ဖီဆန်ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ "ဗိုင်အတ်" ပြုကြသောအခါ အသင်သည် ၎င်းတို့အား ဗိုင်အတ် ပြုပါလေ။ ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ၎င်းတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း ပန်ကြားပါလေ။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာ ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အို-တမန်တော်၊ အီမာန် ယုံကြည်ကြသော အမျိုးသမီးများသည် အသင်၏ထံလာပြီး ဤအချက်များအပေါ်တွင် ဗိုင်အသ်သစ္စာဆိုလျှင် အသင်သည် သူမတို့၏ဗိုင်အသ်ပြုမှု ကို လက်ခံအတည်ပြုပေးလိုက်ပါ။ ထိုအရာများမှာ-သူမတို့သည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ပြီး မည်သူ့ကိုမျှ ကိုးကွယ်ကြမည်မဟုတ်ပါ၊ ခိုးဝှက်ကြမည်လည်းမဟုတ်ပါ၊ တရား မဝင်ကာမကျူးလွန်ကြမည်လည်းမဟုတ်ပါ၊ သူမတို့၏ သားသမီးများကိုလည်း သတ်ဖြတ်ကြမည် မဟုတ်ပါ၊ သူမတို့၏ လက်များနှင့်ခြေများအကြားတွင် မုသားလိမ်လည်စွပ်စွဲမှုကို လုပ်ကြံဖန်တီးပြီး ယူဆောင်လာကြမည်လည်းမဟုတ်ပါ၊ ကောင်းမြတ်သောအမှုကိစ္စတစ်စုံတစ်ခုနှင့်ပတ်သက်၍ အသင်(တမန်တော်)၏ အမိန့်ကို ဖီဆန်ကြမည်လည်း မဟုတ်ပါ (ဟု သူမတို့သည် သစ္စာဆိုကြသောအခါ အသင်လက်ခံဗိုင်အသ်ပြုလုပ်လိုက်ပါ)။ ထို့ပြင် အသင်(တမန်တော်)သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် သူမတို့အတွက်လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်းပန်ကြားပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူသည်။ ###၉ |