Quran with Burmese translation - Surah Al-Mumtahanah ayat 2 - المُمتَحنَة - Page - Juz 28
﴿إِن يَثۡقَفُوكُمۡ يَكُونُواْ لَكُمۡ أَعۡدَآءٗ وَيَبۡسُطُوٓاْ إِلَيۡكُمۡ أَيۡدِيَهُمۡ وَأَلۡسِنَتَهُم بِٱلسُّوٓءِ وَوَدُّواْ لَوۡ تَكۡفُرُونَ ﴾
[المُمتَحنَة: 2]
﴿إن يثقفوكم يكونوا لكم أعداء ويبسطوا إليكم أيديهم وألسنتهم بالسوء وودوا لو﴾ [المُمتَحنَة: 2]
Ba Sein ၂။ ထိုမိစ္ဆာဒိဋ္ဌိတို့သည် သင်တို့ထက်အရေးသာလျှင် သူတို့သည် သင်တို့၏ရန်သူဖြစ်ကြလတံ့၊ မကောင်းသောရည်ရွယ်ချက်ဖြင့် သင်တို့အား လက်ဖြင့်သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း၊ သိကြ၏၊ သူတို့သည် သင်တို့မယုံကြည်ဖို့ကို လိုလားကြ၏။ |
Ghazi Mohammad Hashim အကယ်၍ ၎င်းတို့သည် အသင်တို့အပေါ်၌ အရေးသာခဲ့ကြလျှင် အသင်တို့၏ ရန်သူဖြစ်ကြောင်းကိုသာ ပေါ်လွင်စေကြသည့်ပြင် မိမိတို့လက်များဖြင့် လည်းကောင်း၊ မိမိတို့ နှုတ်များဖြင့်လည်းကောင်း၊ အသင်တို့အား ဒုက္ခပေးကြမည်သာ။ ထို့ပြင် ၎င်းတို့သည် အသင်တို့ "ကာဖိရ်"သွေဖည်ငြင်းပယ်သူများ ဖြစ်ကြရန်လည်း လိုလားတောင့်တကြပေသည်။ |
Hashim Tin Myint အကယ်၍ သူတို့သည် အသင်တို့အပေါ်တွင် အရေးသာခဲ့ကြလျှင် အသင်တို့၏ ရန်သူဖြစ်ကြောင်းကိုပင် ပေါ်လွင်စေကြမည့်အပြင် သူတို့၏လက်များနှင့် သူတို့၏နှုတ်များ ဖြင့် အသင်တို့အား ဒုက္ခပေးကြမည်ပင်ဖြစ်သည်။ ထို့ပြင် သူတို့သည် အသင်တို့ ကာဖိရ်ပြန်ဖြစ်ရန်ကိုပင် လိုလားတောင့်တကြသည်။ |