Quran with Burmese translation - Surah Al-Mumtahanah ayat 3 - المُمتَحنَة - Page - Juz 28
﴿لَن تَنفَعَكُمۡ أَرۡحَامُكُمۡ وَلَآ أَوۡلَٰدُكُمۡۚ يَوۡمَ ٱلۡقِيَٰمَةِ يَفۡصِلُ بَيۡنَكُمۡۚ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٞ ﴾
[المُمتَحنَة: 3]
﴿لن تنفعكم أرحامكم ولا أولادكم يوم القيامة يفصل بينكم والله بما تعملون﴾ [المُمتَحنَة: 3]
| Ba Sein ၃။ ပြန်ရှင်ရသောနေ့တော်ကြီး၌ သင်တို့၏ ဆွေမျိုးသားချင်းများနှင့် သားသမီးတို့က သင်တို့အား ကယ်နှုတ်နိုင်မည် မဟုတ်၊ အရှင်မြတ်သည် သင်တို့အား ခွဲတော်မူလတံ့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှကို အကြွင်းမဲ့မြင်တော်မူ၏။ |
| Hashim Tin Myint အသင်တို့၏ ဆွေမျိုးနီးစပ်မှုများနှင့် အသင်တို့၏ သားသမီးများသည်ကိယာမသ်နေ့တွင် အသင်တို့အားလုံးဝ အကျိုးပေးကြမည်မဟုတ်ပေ။ အရှင်မြတ်သည် အသင်တို့ အကြားတွင် စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်သည်။ ထို့ပြင်အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြုလုပ်ကြသည်များကို အကြွင်းမဲ့မြင်တော်မူသောအရှင်ဖြစ်တော်မူသည်။ |