﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ عَدُوِّي وَعَدُوَّكُمۡ أَوۡلِيَآءَ تُلۡقُونَ إِلَيۡهِم بِٱلۡمَوَدَّةِ وَقَدۡ كَفَرُواْ بِمَا جَآءَكُم مِّنَ ٱلۡحَقِّ يُخۡرِجُونَ ٱلرَّسُولَ وَإِيَّاكُمۡ أَن تُؤۡمِنُواْ بِٱللَّهِ رَبِّكُمۡ إِن كُنتُمۡ خَرَجۡتُمۡ جِهَٰدٗا فِي سَبِيلِي وَٱبۡتِغَآءَ مَرۡضَاتِيۚ تُسِرُّونَ إِلَيۡهِم بِٱلۡمَوَدَّةِ وَأَنَا۠ أَعۡلَمُ بِمَآ أَخۡفَيۡتُمۡ وَمَآ أَعۡلَنتُمۡۚ وَمَن يَفۡعَلۡهُ مِنكُمۡ فَقَدۡ ضَلَّ سَوَآءَ ٱلسَّبِيلِ ﴾
[المُمتَحنَة: 1]
အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ငါအရှင်မြတ်၏လမ်းတော်၌ စွမ်းစွမ်းတမံ၊ သက်စွန့်ကြိုးပမ်းဆောင်ရွက်ရန် ထုတ်ဖော်ခြင်းနှင့်ငါအရှင်မြတ်၏ကျေနပ်မှုနှစ်မြို့ကို ရှာဖွေဆည်းပူးခြင်းကြောင့်လည်းကောင်း၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်အား ယုံကြည် ခြင်းကြောင့်လည်းကောင်း အမှန်တရားသစ္စာက သူတို့ထံ ရောက်ရှိသည့်တိုင်အောင် ယင်းနှင့်စပ်လျဥ်း၍ မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ပြီး သင်တို့ကိုယ်တိုင်နှင့်ရစူလ်တမန်တော်မြတ်ကိုပင် နှင်ထုတ်ကြလျက် ငါအရှင်မြတ် ၏ရန်သူနှင့်သင်တို့၏ရန်သူဖြစ်လာကြသူတို့အား ချစ်ခြင်းမေတ္တာဖြင့် ကမ်းလှမ်း၍ ယုံကြည်စိတ်ချရသော မိတ်ဆွေမဟာမိတ်များအဖြစ် မမှတ်ယူကြလေနှင့်။ ထိုသို့သော ချစ်ခြင်းမေတ္တာနှင့်ခင်မင်ရင်းနှီးမှုကြောင့် သင်တို့သည် သင်တို့ လျှို့ဝှက်ချက်များကို သူတို့အား ထုတ်ဖော်ပြောကြသော်လည်း ငါအရှင်မြတ်သည်ကား သင်တို့၏လျှို့ဝှက်ချက်ဟူသမျှတို့ကို လည်းကောင်း၊ သင်တို့ ထုတ်ဖော်ကြေညာသမျှတို့ကိုလည်းကောင်း၊ အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား သင်တို့အနက် မည်သူမဆို ယင်း (လျှို့ဝှက်သတင်း ပို့ဆောင်ခြင်း) ကို ပြုလုပ်ကျူးလွန်လျှင် ထိုသူသည် ဧကန်မလွဲ ဖြောင့်မတ်မှန်ကန်မျှတသော လမ်းစဉ်မှ တိမ်းပါးလွဲချော် သွားခဲ့လေပြီ။
ترجمة: ياأيها الذين آمنوا لا تتخذوا عدوي وعدوكم أولياء تلقون إليهم بالمودة وقد, باللغة البورمية
﴿ياأيها الذين آمنوا لا تتخذوا عدوي وعدوكم أولياء تلقون إليهم بالمودة وقد﴾ [المُمتَحنَة: 1]