Quran with Burmese translation - Surah Al-Mumtahanah ayat 5 - المُمتَحنَة - Page - Juz 28
﴿رَبَّنَا لَا تَجۡعَلۡنَا فِتۡنَةٗ لِّلَّذِينَ كَفَرُواْ وَٱغۡفِرۡ لَنَا رَبَّنَآۖ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴾
[المُمتَحنَة: 5]
﴿ربنا لا تجعلنا فتنة للذين كفروا واغفر لنا ربنا إنك أنت العزيز﴾ [المُمتَحنَة: 5]
Ba Sein ၅။ အို-အကျွနု်ပ်တို့၏ အရှင်သခင်၊ အကျွနု်ပ်တို့အား မယုံကြည်သူတို့၏ ဖိစီး နှိပ်စက်စရာဖြစ်စေတော်မမူပါလင့်၊ အကျွနု်ပ်တို့ကို အပြစ်လွှတ်တော်မူပါ၊ အရှင်သည် မုချဧကန်အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူပါ၏။ |
Ghazi Mohammad Hashim အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့၏ ဖိစီးနှိပ်စက်မှု ခံကြသောသူများ ပြုလုပ်တော်မမူပါနှင့်။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(ပြစ်မှုဒုစရိုက်များ)ကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူပါ။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ အရှင်မြတ်သည်သာလျှင် အလွန်တရာ ခန့်ညားတော်မူသောအရှင်၊ သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပါ၏။ |
Hashim Tin Myint အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ကာဖိရ် ငြင်းပယ်သူများ၏ ဖိစီးနှိပ်စက်မှုခံကြရသူများအဖြစ် ပြုလုပ်တော်မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ။ အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အမှန်စင်စစ် အရှင်မြတ်ပင်တန်ခိုးတော် နှင့်အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါသည်။###၃ |