Quran with Burmese translation - Surah Al-Mumtahanah ayat 4 - المُمتَحنَة - Page - Juz 28
﴿قَدۡ كَانَتۡ لَكُمۡ أُسۡوَةٌ حَسَنَةٞ فِيٓ إِبۡرَٰهِيمَ وَٱلَّذِينَ مَعَهُۥٓ إِذۡ قَالُواْ لِقَوۡمِهِمۡ إِنَّا بُرَءَٰٓؤُاْ مِنكُمۡ وَمِمَّا تَعۡبُدُونَ مِن دُونِ ٱللَّهِ كَفَرۡنَا بِكُمۡ وَبَدَا بَيۡنَنَا وَبَيۡنَكُمُ ٱلۡعَدَٰوَةُ وَٱلۡبَغۡضَآءُ أَبَدًا حَتَّىٰ تُؤۡمِنُواْ بِٱللَّهِ وَحۡدَهُۥٓ إِلَّا قَوۡلَ إِبۡرَٰهِيمَ لِأَبِيهِ لَأَسۡتَغۡفِرَنَّ لَكَ وَمَآ أَمۡلِكُ لَكَ مِنَ ٱللَّهِ مِن شَيۡءٖۖ رَّبَّنَا عَلَيۡكَ تَوَكَّلۡنَا وَإِلَيۡكَ أَنَبۡنَا وَإِلَيۡكَ ٱلۡمَصِيرُ ﴾
[المُمتَحنَة: 4]
﴿قد كانت لكم أسوة حسنة في إبراهيم والذين معه إذ قالوا لقومهم﴾ [المُمتَحنَة: 4]
Ba Sein ၄။ အို-ယုံကြည်သူအပေါင်းတို့၊ တမန်တော်အေဗရာဟမ် ထိုတမန်တော်နှင့်အတူ ရှိနေကြသောသာဝကတို့သည် မိမိတို့အမျိုးသားတို့အား ဟယ်-အချင်းတို့၊ သင်တို့နှင့်သော်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတပါး သင်တို့ ကိုးကွယ်သည့်ဘုရားတုများနှင့်သော်လည်းကောင်း၊ ငါတို့သည် ကောင်းစွာကင်းရှင်းကြ၏၊ ငါတို့သည် သင်တို့ ကို စွန့်လွှတ်ပစ်ကြပြီး၊ သင်တို့သည် တစ်ပါးတည်းအထီးထီးတည်ရှိတော်မူသောအလ္လာဟ်အရှင်မြတ်ကို မယုံကြည်သမျှကာလပတ်လုံး သင်နှင့်ငါတို့ အလယ်ကြားတွင် အစဉ်ထာဝရမုန်း ထားရန်ငြိုးရှိလတံဟု ြွမက်ဆြိုက၏၊ ထို့ကြောင့်ထိုတမန်တော်နှင့် သူ၏ သာဝကတို့သည် သင်တို့အတွက် အလွန်တင့်တယ်သော စံနမူနာဖြစ်ကြ၏၊ သို့သော်တမန်တော် အေဗရာဟမ်က မိမိခမည်းတော်အား အို-ခမည်းတော်၊ အကျွနု်ပ်သည် ခမည်းတော်အတွက် အလ္လာဟ်ထံမှ မည်သည်မှမရသော်လည်း ခမည်းတော်အား အပြစ်လွှတ်တော်မူရန် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းပါအံ့ဟု ပြောဆိုသောအခါ တမန်တော်အေဗရာဟမ်သည် သင်တို့၏ စံနမူနာမဟုတ်ချေ၊ သူနှင့် သူ၏ သာဝကတို့ဆုတောင်းကြသည်မှာ အို-အကျွနု်ပ်တို့၏ အရှင်သခင်၊ အရှင်အားသာလျှင် အကျွနု်ပ်တို့ ကိုးစားကြပါ၏၊ အရှင်၏ ကြီးသောသံဝေဂနှင့် အရှင်ဘက်တော်သို့ လှည့်ကြပါ၏၊ အရှင်အထံတော်သို့သာ ခရီးရှိပါ၏။ |
Ghazi Mohammad Hashim ဧကန်အမှန် အသင်တို့အဖို့ (နဗီတမန်တော်) 'အိဗ်ရာဟီမ်' ၌လည်းကောင်း၊ ထို(နဗီတမန်တော်) အိဗ်ရာဟီမ်နှင့်အတူရှိခဲ့ကြသော သူတို့၌လည်းကောင်း၊ မွန်မြတ်လှစွာသော စံနမူနာသည် ရှိပေသည်။ တစ်ရံရောအခါဝယ် ၎င်းတို့သည် မိမိတို့၏ အမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့ကြကုန်၏။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့နှင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ ဆည်းကပ်ကိုးကွယ်ကြသော အရာများနှင့်လည်းကောင်း၊ မပတ်သက်သူများပင် ဖြစ်ကြ၏။ ကျွန်ုပ်တို့သည် အသင်တို့အား ငြင်းပယ်လိုက်ကြပြီ။ အသင်တို့သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အား မယုံကြည်သမျှ ကာလပတ်လုံး ကျွန်ုပ်တို့နှင့် အသင်တို့၏အကြား၌ ရန်ငြိုးသည်လည်းကောင်း၊ မုန်းတီးမှုသည်လည်းကောင်း၊ အမြဲမပြတ် ဖြစ်ပေါ်လျက် ရှိနေမည်သာ။ သို့ရာတွင်(နဗီတမန်တော်) အိဗ်ရာဟီဗ်သည် မိမိ၏ဖခင်အား ‘မုချဧကန် ကျွန်ုပ်သည် အသင့်အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် အသင်နှင့်ပတ်သက်၍ ကျွန်ုပ် တစ်စုံတစ်ရာမျှပင် အခွင့်အာဏာပိုင်ဆိုင်ခြင်း မရှိပြီ’ ဟူသော(နဗီတမန်တော်) ‘အိဗ်ရာဟီမ်’၏ ပြောဆို (ကတိပြု)ချက်မှတစ်ပါး(ယင်းသည့်အချက်ကိုမူကား အသင်တို့သည် လိုက်နာခြင်းမပြုကြရ)။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ် အပေါ်၌သာလျှင် ယုံပုံ လွှဲအပ်ကြပါပြီ။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် အရှင်မြတ်ဘက်သို့ သာလျှင် ပြန်လှည့်ကြပါပြီ။ ထိုမှတစ်ပါး နောက်ဆုံး ပြန်လည်ရာစခန်းမှာ အရှင်မြတ်အထံတော်၌ပင် ဖြစ်ပါသည်။ |
Hashim Tin Myint အမှန်စင်စစ်အသင်တို့အတွက် (တမန်တော်)အိဗ်ရာဟီမ်နှင့်တကွ ၎င်းနှင့် အတူရှိခဲ့သည့်သူများတွင် ကောင်းမြတ်သော စံနမူနာများရှိသည်။ တစ်ခါက ၎င်းတို့သည် ၎င်းတို့၏ အမျိုးသားများအား (ဤသို့)ပြောဆိုခဲ့ကြသည်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့သာမက အလ္လာဟ် အရှင်မြတ်မှလွဲ၍ အသင်တို့ကိုးကွယ်ကြသည့်အရာများနှင့်လည်းမသက်ဆိုင်သူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အသင်တို့အား ငြင်းပယ်လိုက်ကြပြီဖြစ်သည်။ အသင်တို့သည် တစ်ပါးတည်းဖြစ်သော အလ္လာဟ်အရှင်မြတ်ကို မယုံကြည်သမျှကျွန်ုပ်တို့နှင့် အသင်တို့၏ အကြားတွင် ရန်ငြိုးနှင့် မုန်းတီးမှုသည် အမြဲမပြတ် ဖြစ်ပေါ်လျက်ရှိနေမည်ဖြစ်သည်။ ###၂ သို့ရာတွင်(တမန်တော်)အိဗ်ရာဟီမ်သည် ၎င်း၏ဖခင်အား“အမှန်စင်စစ် ကျွန်ုပ်သည်အသင့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ရှေ့တွင် အသင်နှင့် ပတ်သက်၍ ကျွန်ုပ်သည် မည်သည့်အရာတစ်ခုမျှ အခွင့်အာဏာမရှိပေ” ဟု (တမန်တော်)အိဗ်ရာဟီမ်၏ ပြောဆို(ကတိပြု)ခြင်းမှလွဲ၍(စံနမူနာဖြစ်သည်)။ အို-ကျွန်ုပ်တို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ကျွန်ုပ်တို့သည် အရှင်မြတ်အပေါ်၌ပင် ယုံပုံလွှဲအပ်ကြပြီဖြစ်သည့်အပြင် ကျွန်ုပ်တို့သည် အရှင်မြတ်ဘက်သို့ပင် ပြန်လှည့်ကြပြီးဖြစ်ပါသည်။ ထို့ပြင် နောက်ဆုံးပြန်လည်ရာစခန်းသည် အရှင်မြတ်ထံတော်၌သာ ဖြစ်ပါသည်။ |