Quran with Burmese translation - Surah Al-Jumu‘ah ayat 6 - الجُمعَة - Page - Juz 28
﴿قُلۡ يَٰٓأَيُّهَا ٱلَّذِينَ هَادُوٓاْ إِن زَعَمۡتُمۡ أَنَّكُمۡ أَوۡلِيَآءُ لِلَّهِ مِن دُونِ ٱلنَّاسِ فَتَمَنَّوُاْ ٱلۡمَوۡتَ إِن كُنتُمۡ صَٰدِقِينَ ﴾
[الجُمعَة: 6]
﴿قل ياأيها الذين هادوا إن زعمتم أنكم أولياء لله من دون الناس﴾ [الجُمعَة: 6]
Ba Sein ၆။ အို-တမန်တော်၊ ယဟူဒီမလူမျိုးတို့အား ဤသို့ပြောဆိုလော့၊ အို-အချင်းယဟူဒီတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အခြားလူမျိုးတို့ထက် သာလွန်မြတ်နိုးတော်မူသည်ဟု သင်တို့ဆိုလျှင် သင်တို့သည် မှန်သောစကားကို ဆိုသူဖြစ်သော် ယခုချက်ချင်းသေလိုကြလော့။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ အို-'ရေဝတီ' ဖြစ်ကြသောသူတို့၊ အကယ်၍ အသင်တို့သည် အခြားသူများမပါဘဲ မိမိတို့သည်သာလျှင် အလ္လာဟ်အရှင်မြတ်၏အချစ်တော်များ ဖြစ်ကြသည်ဟု ထင်မှတ်ကြလျှင်၊ အကယ်၍ အသင်တို့သည် (ယင်းသို့ ထင်မှတ်ပြောဆိုရာ၌)သစ္စာဝါဒီများ ဖြစ်ကြလျှင်၊ ‘မရဏ’ သေခြင်းတရားကို တောင့်တ ဆန္ဒပြုကြလေကုန်။ |
Hashim Tin Myint (အို-တမန်တော်)အသင်ပြောကြားလိုက်ပါ။ အို-ယဟူဒီ အပေါင်းတို့၊ အကယ်၍ အသင်တို့သည်အခြားသူများမှလွဲ၍ အမှန်စင်စစ် အသင်တို့ပင် အလ္လာဟ်အရှင်မြတ်၏ အချစ်တော်များဖြစ်ကြသည်ဟု ထင်မှတ်ကြလျှင်၊ အကယ်၍ အသင်တို့သည် အမှန်ပြောဆိုသူများဖြစ်ကြလျှင်၊ အသင်တို့အနေနှင့် သေခြင်းကို တောင့်တကြပါ။ |