×

(သတိရကြလော့။ နောင်တမလွန်၌ တရားစီရင်တော်မူမည့်) ထိုနေ့တွင် အရှင်မြတ်သည် သင်တို့အားလုံးကို ထိုစုရုံးစေတော်မူနေ့အတွက် ဧကန်မုချပင်၊ စုရုံးစေတော်မူပေမည်။ ထိုနေ့သည်ကား (ယုံကြည်သူ တို့အတွက် 64:9 Burmese translation

Quran infoBurmeseSurah At-Taghabun ⮕ (64:9) ayat 9 in Burmese

64:9 Surah At-Taghabun ayat 9 in Burmese (البورمية)

Quran with Burmese translation - Surah At-Taghabun ayat 9 - التغَابُن - Page - Juz 28

﴿يَوۡمَ يَجۡمَعُكُمۡ لِيَوۡمِ ٱلۡجَمۡعِۖ ذَٰلِكَ يَوۡمُ ٱلتَّغَابُنِۗ وَمَن يُؤۡمِنۢ بِٱللَّهِ وَيَعۡمَلۡ صَٰلِحٗا يُكَفِّرۡ عَنۡهُ سَيِّـَٔاتِهِۦ وَيُدۡخِلۡهُ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدٗاۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ﴾
[التغَابُن: 9]

(သတိရကြလော့။ နောင်တမလွန်၌ တရားစီရင်တော်မူမည့်) ထိုနေ့တွင် အရှင်မြတ်သည် သင်တို့အားလုံးကို ထိုစုရုံးစေတော်မူနေ့အတွက် ဧကန်မုချပင်၊ စုရုံးစေတော်မူပေမည်။ ထိုနေ့သည်ကား (ယုံကြည်သူ တို့အတွက် ဆုလဒ်များချီးမြှင့်မှုခံရမည့်နေ့ဖြစ်၍ မယုံကြည်သူတို့အတွက် အရေးယူခံရမည့်နေ့) ချီးမြှင့်နှင့်ပေးဆပ်မှုဒွန်တွဲနေသည့်နေ့ပင် ဖြစ်၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန် ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်လျှင် ထိုအရှင်မြတ်သည် သူ၏မှားယွင်းမှုနှင့်အပြစ်များကို သူ့ထံမှ ဖုံးကွယ်ဖယ်ရှားစေတော်မူမည့်အပြင် သူ့အား အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဥ်ထဲသို့ ဝင်ရောက်စေတော်မူရုံမက ထို (သုခဥယျာဥ်ထဲ) ၌ ထာဝစဉ်နေထိုင်စံစားခွင့်ကိုလည်း ပေးတော်မူလိမ့်မည်။ ထိုသို့ချီးမြှင့်တော်မူခြင်းသည် ကြီးကျယ်လှစွာသော မဟာအောင်မြင်မှုပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: يوم يجمعكم ليوم الجمع ذلك يوم التغابن ومن يؤمن بالله ويعمل صالحا, باللغة البورمية

﴿يوم يجمعكم ليوم الجمع ذلك يوم التغابن ومن يؤمن بالله ويعمل صالحا﴾ [التغَابُن: 9]

Ba Sein
၉။ အရှင်မြတ်သည် သင်လူသားအပေါင်းတို့ကို ညီလာခံနေ့တော်ကြီး အတွက် စုဝေးစေတော်မူသောအခါ ထိုနေ့သည် အမြင်မှန်ရသောနေ့ဖြစ်သည်၊ အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ ကောင်းမှုပွားများသောမှာမူကား သူ၏ အပြစ်များကို အရှင်မြတ်လွှတ်တော်မူ၍ သူ့ကို နိဗ္ဗာန်ဥယျာဉ်တော်များအတွင်းသို့ တင်သွင်းချီးမြှင့်လိမ့်မည်၊ ထိုဥယျာဉ်တော်များအောက်၌ ကြည်လင်အေးမြသောစိမ့်စမ်းရေချောင်းတို့လည်း အယဉ်အထွေထွေစီးဆင်းလျက်ရှိကြ၏၊ ထိုဥယျာဉ်တော်များတွင် သူသည် အစဉ်ထာဝရစံစားနေထိုင်ရလိမ့်မည်၊ ဤဆုတော်ကား ကြီးကျယ် ထွဋ်မြတ်သောအောင်မြင်ခြင်းဖြစ်၏။
Ghazi Mohammad Hashim
အကြင်နေ့ကို (သတိရကြလေကုန်)။ ထိုအရှင်မြတ်သည် အသင်တို့အား စုရုံးရာနေ့တွင် စုရုံးတော်မူပေမည်။ ထိုနေ့ကား အရှုံးအနိုင်ကို အမှန်အတိုင်း သိရှိရမည့်နေ့ပင်။ စင်စစ်မှာမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်၍ ကောင်းမှုကို ကျင့်မူဆောက်တည်ပါလျှင် ထိုအရှင်မြတ်သည် ၎င်း၏ အကုသိုလ်ဒုစရိုက်များကို ၎င်းမှ ပပျောက်စေတော်မူမည့်ပြင် ၎င်းအား အကြင်ဥယျာဉ်များသို့လည်း အမြဲထာဝစဉ် နေထိုင်သူများအဖြစ် ဝင်ရောက်စေတော် မူမည်ဖြစ်၏။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ ထိုသည် ကြီးကျယ် လှစွာသော အောင်မြင်မှုပင်။
Hashim Tin Myint
အရှင်မြတ်သည် အသင်တို့အား စုရုံးမှု၏‌နေ့တွင် စုရုံး‌တော်မူမည်။ ထို‌နေ့သည် နှစ်ဖက်အရှုံးအနိုင်ကို အမှန်အတိုင်း သိရှိရမည့်‌နေ့ပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ပြီး ‌ကောင်းမြတ်သည်ကို ပြုလုပ်လျှင် အရှင်မြတ်သည် သူ၏ မ‌ကောင်းမှုများကို ပ‌ပျောက်‌စေ‌တော်မူမည့်အပြင် သူ့ကို အကြင်ဥယျာဉ်များထဲသို့ အမြဲ‌နေရမည့်သူများအဖြစ် ဝင်‌ရောက်‌စေ‌တော်မူမည်ဖြစ်သည်။ ထိုဥယျာဉ်များ‌အောက်မှ ‌ချောင်းများ စီးဆင်း‌နေလိမ့်မည်။ ထိုအရာသည် ကြီးကျယ်‌သော ‌အောင်မြင်မှုပင် ဖြစ် သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek