×

သက်ဝင်ယုံကြည်၍ ဖြောင့်မှတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့အား (အမှန်တရားသစ္စာမှ လွဲချော်စေမည့် အတွေးအခေါ် အယူအဆများနှင့်လမ်းစဉ်များပါဝင်သည့်) အမှောင်ထုဟူ သမျှမှသည် (အစစ အရာရာတွင် 65:11 Burmese translation

Quran infoBurmeseSurah AT-Talaq ⮕ (65:11) ayat 11 in Burmese

65:11 Surah AT-Talaq ayat 11 in Burmese (البورمية)

Quran with Burmese translation - Surah AT-Talaq ayat 11 - الطَّلَاق - Page - Juz 28

﴿رَّسُولٗا يَتۡلُواْ عَلَيۡكُمۡ ءَايَٰتِ ٱللَّهِ مُبَيِّنَٰتٖ لِّيُخۡرِجَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِۚ وَمَن يُؤۡمِنۢ بِٱللَّهِ وَيَعۡمَلۡ صَٰلِحٗا يُدۡخِلۡهُ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدٗاۖ قَدۡ أَحۡسَنَ ٱللَّهُ لَهُۥ رِزۡقًا ﴾
[الطَّلَاق: 11]

သက်ဝင်ယုံကြည်၍ ဖြောင့်မှတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့အား (အမှန်တရားသစ္စာမှ လွဲချော်စေမည့် အတွေးအခေါ် အယူအဆများနှင့်လမ်းစဉ်များပါဝင်သည့်) အမှောင်ထုဟူ သမျှမှသည် (အစစ အရာရာတွင် ဖြောင့်မတ်မှန်ကန်မြဲမြံ တည်တံ့စေမည့်) အလင်းတော်သို့ ခေါ်ထုတ်တော် မူရန်အလို့ငှာ ရစူလ်တမန်တော် တစ်ပါးအား (စေလွှတ်တော်မူလျက်) သင်တို့၏ရှေ့ဝယ် အမှန်တရားကို ထင်ရှား ရှင်းလင်းစေသော အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များအား ဖတ်ကြားသွန်သင် စေတော်မူ၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ ဖြောင့်မှတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်လျှင် ထိုအရှင်မြတ်သည် သူ့အား အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များသို့ ထိုထဲတွင် အမြဲထာဝစဉ် နေထိုင်စံစားကြသူများအဖြစ် ဝင်ရောက်စေတော်မူပေမည်။ စင်စစ်ဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား အကောင်းမြတ်ဆုံး ရိက္ခာအထောက် များကို ချီးမြှင့်တော်မူမည်။

❮ Previous Next ❯

ترجمة: رسولا يتلو عليكم آيات الله مبينات ليخرج الذين آمنوا وعملوا الصالحات من, باللغة البورمية

﴿رسولا يتلو عليكم آيات الله مبينات ليخرج الذين آمنوا وعملوا الصالحات من﴾ [الطَّلَاق: 11]

Ba Sein
၁၁။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်တစ်ပါးသည် အရှင်မြတ်၏ ရှင်းလင်းထင်ရှားသောနှုတ်ကပတ်တော်များကို သင်တို့ရှေ့မှောက်၌ ဖတ်ရွတ်ဟောကြား၏၊ သို့ဟောကြားသည်မှာ ယုံကြည်၍ ကောင်းမှုများပြုသူတို့အား အမှောင်ထုမှ အလင်းရောင်သို့ ထုတ်ဆောင်ရန်အလို့ငှာဖြစ်၏၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်အားယုံကြည်၍ ကောင်းမှုပွားများအံ့၊ သူအား အရှင်မြတ်သည် နိဗ္ဗာန်ဥယျာဉ်တော်များအတွင်းသို့ သွင်းတော်မူ လိမ့်မည်၊ ထိုဥယျာဉ်တော်များအောက်၌ မြစ်ချောင်းအသွယ်သွယ်စီးဆင်လျက်ရှိကြ၏၊ သူသည် နိဗ္ဗာန်ဥယျာဉ် တော်များအတွင်း အစဉ်အမြဲနေထိုင်ရလိမ့်မည်၊ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ထိုသူအတွက် မွန်မြတ်သောစည်းစိမ်ချမ်းသာကို အသင့်စီရင်ထားတော်မူ၏။
Ghazi Mohammad Hashim
(ထိုမှတစ်ပါး) ရစူလ်တမန်တော်တစ်ပါးကို (စေလွှတ်တော်မူခဲ့ရာ) ထိုရစူလ်တမန်တော်သည် အသင်တို့၏ရှေ့ဝယ် အလ္လာဟ်အရှင်မြတ်၏ ရှင်းလင်းသော အာယတ်တော်များကို ဖတ်ကြားလေ၏။ (ထိုသို့ ပြုလုပ်တော်မူခြင်းမှာ)ထိုအရှင်မြတ်သည် သက်ဝင် ယုံကြည်ပြီးနောက် ကောင်းမှုများကို ကျင့်မူ တည်ဆောက်ခဲ့ကြသောသူတို့အား အမှောင်ထုမှ အလင်းသို့ ထွက်စေတော်မူအံ့သောငှာဖြစ်၏။စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ ကောင်းမှုကို ကျင့်မူတည်ဆောက်ပါလျှင် ထိုအရှင်မြတ်သည် ၎င်းအား အကြင်ဥယျာဉ်များသို့ အမြဲထာဝစဉ် နေနိုင်သူများအဖြစ် ဝင်ရောက်စေတော်မူပေမည်။ ထိုဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား မွန်မြတ်လှစွာသော စားနပ်ရိက္ခာကို ချီးမြှင့်တော်မူခြင်းပင်။
Hashim Tin Myint
(ထို့ပြင်)တမန်‌တော်တစ်ပါးကို(‌စေလွှတ်‌တော်မူခဲ့သည်၊) ထိုတမန်‌တော်သည် အသင်တို့‌ရှေ့၌ အလ္လာဟ်အရှင်မြတ်၏ ရှင်းလင်းထင်ရှား‌သော အာယသ်‌တော်များကိုဖတ်ကြားသည်။ (ထိုသို့ပြုလုပ်ရခြင်းကမူ) အရှင်မြတ်သည် ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များပြုလုပ်သည့်သူများကို အ‌မှောင်ထုများမှ အလင်းကို ထွက်‌စေ‌တော်မူရန် အတွက်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်ကို ပြုလုပ်လျှင် ###၆ အရှင်မြတ်သည် သူတို့အား အကြင်ဥယျာဉ်များတွင် အမြဲ‌နေရမည့်သူအဖြစ် ဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ‌အောက်မှ ‌ချောင်းများစီးဆင်း‌နေလိမ့်မည်။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား မွန်မြတ်‌သော စားနပ်ရိက္ခာ ‌ပေးသနား‌တော်မူလိုက်ခြင်းဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek