×

Surah At-Talaq in Burmese

Quran Burmese ⮕ Surah Talaq

Translation of the Meanings of Surah Talaq in Burmese - البورمية

The Quran in Burmese - Surah Talaq translated into Burmese, Surah At-Talaq in Burmese. We provide accurate translation of Surah Talaq in Burmese - البورمية, Verses 12 - Surah Number 65 - Page 558.

بسم الله الرحمن الرحيم

يَا أَيُّهَا النَّبِيُّ إِذَا طَلَّقْتُمُ النِّسَاءَ فَطَلِّقُوهُنَّ لِعِدَّتِهِنَّ وَأَحْصُوا الْعِدَّةَ ۖ وَاتَّقُوا اللَّهَ رَبَّكُمْ ۖ لَا تُخْرِجُوهُنَّ مِن بُيُوتِهِنَّ وَلَا يَخْرُجْنَ إِلَّا أَن يَأْتِينَ بِفَاحِشَةٍ مُّبَيِّنَةٍ ۚ وَتِلْكَ حُدُودُ اللَّهِ ۚ وَمَن يَتَعَدَّ حُدُودَ اللَّهِ فَقَدْ ظَلَمَ نَفْسَهُ ۚ لَا تَدْرِي لَعَلَّ اللَّهَ يُحْدِثُ بَعْدَ ذَٰلِكَ أَمْرًا (1)
အို၊ နဗီတမန်တော်၊ (လူသားတို့အား ဟောပြောလော့)။ သင်တို့သည် အမျိုးသမီးများအား ကွာရှင်းပြတ်စဲမှု ဖြစ်စဥ်အတွက် ရန်ရည်ရွယ်သောအခါ (တရားတော်နှင့်အညီ နှစ်ဖက်သော အုပ်ထိန်းသူအသိုင်းအဝိုင်းများ၏ညှိနှိုင်းဆောင်ရွက်မှု မအောင်မြင်မှသာ) ကွာရှင်းပြတ်စဲ၍ သူမအတွက် သတ်မှတ်ထား​တော်မူသည့် စောင့်ဆိုင်းကာလ (ကို စတင်ရေတွက်၍ ပြဌာန်းတော်မူသည့်ကာလ သုံးလနှင့်တစ်ဆယ့်သုံးရက်စေ့သည်အထိ) သတ်မှတ်ကာလကို အတိအကျ တွက်ချက်ရေတွက်ကြလော့။ ထို့ပြင် သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ဖြစ်တော်မူသည့် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ (ထို ကွာရှင်းပြတ်စဲလိုက်သည့် သင်တို့၏ဘဝဖော်များဖြစ်ကြသော) သူမတို့အား သူမတို့က မကြားဝံ့မနာသာစရာ မသင့်တော်သော မကောင်းမှု၊ စရိုက်ဆိုးကို အထင်အရှား မကျူးလွန်မချင်း (ထိုစောင့်ဆိုင်းကာလအတွင်) သူမတို့နေထိုင်ရာ အိမ်များမှ နှင်ထုတ်ခြင်း မပြုကြလေနှင့်။ ဤသည်တို့သည် အလ္လာဟ်အရှင်မြတ်၏ (အတည်ပြုသတ်မှတ်ပြ ဌာန်းတော်မူသော) စည်းဘောင်များပင် ဖြစ်၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏စည်းဘောင်များကို ကျူးလွန် ချိုးဖောက်သော် ထိုသူသည် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုရမ္မက်အတွက် အသုံးချ၍ အရှင့်စည်းမျဥ်းတော်များကို ချုးဖောက်ကျူးလွန်လျက် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံခဲ့ပြီ ဖြစ်၏။ ထို (ကွာရှင်းမှုဖြစ်စဥ်) နောက်တွင် အလ္လာဟ်အရှင်မြတ်က စီမံချက်အမိန့်တော်ဆိုင်ရာအကြောင်း ကိစ္စတစ်စုံတစ်ခု ဖြစ်ပေါ်စေတော်မူကောင်းမူနိုင်ကြောင်း သင်တို့ သိကြသည် မဟုတ်ပေ။
فَإِذَا بَلَغْنَ أَجَلَهُنَّ فَأَمْسِكُوهُنَّ بِمَعْرُوفٍ أَوْ فَارِقُوهُنَّ بِمَعْرُوفٍ وَأَشْهِدُوا ذَوَيْ عَدْلٍ مِّنكُمْ وَأَقِيمُوا الشَّهَادَةَ لِلَّهِ ۚ ذَٰلِكُمْ يُوعَظُ بِهِ مَن كَانَ يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۚ وَمَن يَتَّقِ اللَّهَ يَجْعَل لَّهُ مَخْرَجًا (2)
တစ်ဖန် (ကွာရှင်းမှုဖြစ်စဉ်အပြီး) အမျိုးသမီးများ၏စောင့်ဆိုင်းကာလ ပြီးဆုံးသည့်အခါ သူတို့အချင်း ချင်းကြားဝယ် တရားတော်နှင့်အညီ မျှတကောင်းမွန်သည့် ဆုံးဖြတ်ချက်များဖြင့် နှစ်ဦးသဘောတူလက်ခံ၍ သူမတို့ (၏ယခင်ထိမ်းမြားခြင်း) အား ဆက်လက်ထိန်းသိမ်းသည်ဖြစ်စေ၊ သို့တည်းမဟုတ် တရားတော်နှင့်အညီ မျှတကောင်းမွန်သည့် ဆုံးဖြတ်ချက်များဖြင့် နှစ်ဦးသဘောတူ လက်ခံ၍ ခွဲခွာလိုကြသည်ဖြစ်စေ၊ သူတို့အနက်မှ တရားမျှတသော သစ္စာသမာဓိရှင် သက်သေနှစ်ဦးကို သတ်မှတ်၍ အလ္လာဟ်အရှင်မြတ် (ပြဌာန်းတော်မူသည့် စည်းဘောင်နှင့်အညီ အရှင့်ကျေနပ်နှစ်မြို့မှု) အတွက် သက်သေခံချက်ကို အခိုင်အမာ (ရေးမှတ်၍ မှတ်တမ်းတင်မှုကို) ဆောက်တည်ကြလော့။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို ယုံကြည်သူဖြစ်လျှင် ထိုသူသည် ထိုနည်းအတိုင်းပင် ဆောင်ရွက်ရန် ကျမ်းတော်အားဖြင့် သွန်သင်ထားတော်မူခဲ့ပြီး ဖြစ်၏။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့် စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာ ဖြင့် လိုက်နာကျင့်သုံး) လျှင် ထိုအရှင်မြတ်သည် သူ့အတွက် (အခက်အခဲဟူသမျှကို ပြေလည်စေမည့်) နည်းလမ်းထွက်ပေါက်များ ဖြစ်ပေါ်စေတော်မူမည်။
وَيَرْزُقْهُ مِنْ حَيْثُ لَا يَحْتَسِبُ ۚ وَمَن يَتَوَكَّلْ عَلَى اللَّهِ فَهُوَ حَسْبُهُ ۚ إِنَّ اللَّهَ بَالِغُ أَمْرِهِ ۚ قَدْ جَعَلَ اللَّهُ لِكُلِّ شَيْءٍ قَدْرًا (3)
ထို့ပြင် ထိုအရှင်မြတ်သည် ထိုသူအား မထင်မှတ်မမျှော်မှန်းထားသောနေရာမှ ရိက္ခာအထောက်အပံ့ကို ချီးမြှင့်ပေးအပ်တော်မူမည် ဖြစ်၏။ တစ်ဖန် မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်အားထား၍ အပ်နှံလျှင် ထိုအရှင်မြတ်သည်ပင် (သူ၏လိုအပ်ချက်များ ဖြည့်ဆည်းစေတော်မူမည် ဖြစ်သောကြောင့်) သူ့အတွက် လုံလောက်တော်မူ၏။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် သူ့စီမံချက်အရေးကိစ္စကို (ရည်မှန်း ချက်ပန်းတိုင်ရောက်သည်အထိ) ပြီးမြောက်စေတော်မူမည့်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ စင်စစ်ဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အတွက် စည်းမျဉ်းနိယာမတော်များနှင့်အညီ ဖြစ်စေတော်မူပြီးဖြစ်၍ ဩဇာလွှမ်းမိုးတော်မူလျက် စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
وَاللَّائِي يَئِسْنَ مِنَ الْمَحِيضِ مِن نِّسَائِكُمْ إِنِ ارْتَبْتُمْ فَعِدَّتُهُنَّ ثَلَاثَةُ أَشْهُرٍ وَاللَّائِي لَمْ يَحِضْنَ ۚ وَأُولَاتُ الْأَحْمَالِ أَجَلُهُنَّ أَن يَضَعْنَ حَمْلَهُنَّ ۚ وَمَن يَتَّقِ اللَّهَ يَجْعَل لَّهُ مِنْ أَمْرِهِ يُسْرًا (4)
ထို့ပြင် သင်တို့၏ (ကွာရှင်းပြတ်စဲပြီးဖြစ်သော) အမျိုးသမီးတို့အနက်မှ ရာသီပန်းပွင့်ခြင်းမှ မျှော်လင့်ချက် ကင်းခဲ့ကြသောသူမတို့သည် အကယ်၍ (သူမတို့၏စောင့်ဆိုင်းကာလနှင့်စပ်လျဉ်း၍) သင်တို့က ဒွိဟသံသယ ဖြစ်ကြလျှင် ယင်း (သတ်မှတ်ထားသောစောင့်ဆိုင်းကာလ) မှာ သုံးလ (အပြည့်) ဖြစ်၏။ ရာသီပန်းမပွင့် သောအမျိုးသမီးများ (သတ်မှတ်ထားသောစောင့်ဆိုင်းကာလ) မှာလည်း အလားတူပင် (သုံးလအပြည့်) ဖြစ်၏။ ထို့ပြင် ကိုယ်ဝန်ရှိနေသော အမျိုးသမီးများ၏သတ်မှတ်ထားသော စောင့်ဆိုင်းကာလသည် သူမတို့၏ကိုယ်ဝန် ကို မီးဖွားကြသည်အထိပင် ဖြစ်၏။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိဘတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) လျှင် ထိုအရှင်မြတ်သည် သူ့အတွက် သူ၏စီမံချက်အရေးကိစ္စကို လွယ်ကူအောင် ဖြစ်စေတော်မူမည် ဖြစ်၏။
ذَٰلِكَ أَمْرُ اللَّهِ أَنزَلَهُ إِلَيْكُمْ ۚ وَمَن يَتَّقِ اللَّهَ يُكَفِّرْ عَنْهُ سَيِّئَاتِهِ وَيُعْظِمْ لَهُ أَجْرًا (5)
ထိုအရှင်မြတ်သည် သင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်၏စီမံချက်အမိန့်တော်များကို ထိုအရှင်မြတ်သည် ထိုကဲ့သို့ပင် ချမှတ်ပေးအပ်တော်မူ၏။ အမှန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့် စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) လျှင် ထိုအရှင်မြတ်သည် သူ၏မှားယွင်းမှုများနှင့်ပြစ်မှုများကို သူ့ထံမှ ဖုံးကွယ်ဖယ်ရှားစေတော်မူပြီး သူ့အကျိုးဆုလဒ်ကို တိုးချဲ့ကြီးကျယ်စေတော်မူမည်။
أَسْكِنُوهُنَّ مِنْ حَيْثُ سَكَنتُم مِّن وُجْدِكُمْ وَلَا تُضَارُّوهُنَّ لِتُضَيِّقُوا عَلَيْهِنَّ ۚ وَإِن كُنَّ أُولَاتِ حَمْلٍ فَأَنفِقُوا عَلَيْهِنَّ حَتَّىٰ يَضَعْنَ حَمْلَهُنَّ ۚ فَإِنْ أَرْضَعْنَ لَكُمْ فَآتُوهُنَّ أُجُورَهُنَّ ۖ وَأْتَمِرُوا بَيْنَكُم بِمَعْرُوفٍ ۖ وَإِن تَعَاسَرْتُمْ فَسَتُرْضِعُ لَهُ أُخْرَىٰ (6)
သင်တို့သည် ထို (ကွာရှင်းပြတ်စဲဖြစ်စဥ်အပြီး စောင့်ဆိုင်းကာလတွင်ရှိနေသော) အမျိုးသမီးများအား သင်တို့နေထိုင်ရာနေအိမ်၌ပင် သင်တို၏ဝင်ငွေနှင့်ထောက်ပံ့နိုင်သော နည်းလမ်းအခြေအနေပေါ်မူတည်၍ (မျှတစွာဖြင့် ဆက်လက်နေထိုင်နိုင်ရန်) နေရာထိုင်ခင်းပေး၍ နေရာချထားပေးကြလော့။ ထို့အပြင် သင်တို့သည် သူမတို့အပေါ်၌ စည်းကမ်းသတ်မှတ်ချက်များဖြင့် ကျပ်တည်းစေလျက် သူမတို့အား စိတ်ဒုက္ခရောက်အောင် မလုပ်ကြလေနှင့်။ ထို့ပြင် အကယ်၍ ထိုအမျိုးသမီးများသည် ကိုယ်ဝန်ရှိသူများ ဖြစ်ကြလျှင် သင်တို့သည် သူမတို့ကို သူမတို့၏ကိုယ်ဝန်ကို မီးဖွားကြသည်အထိ (စရိတ်စကများနှင့်အထောက်အပံ့များအတွက်) ပေးကမ်း သုံးစွဲကြလော့။ တစ်ဖန် အကယ်၍ သူမတို့သည် သင်တို့အကျိုးငှာ (သင်တို့၏ကလေးကို) နို့ချိုတိုက်ကျွေး ကြ လျှင် သင်တို့သည် သူမတို့အား (ထိုအတွက်) သူမတို့ရသင့်ရထိုက်သောအကျိုးခံစားခွင့် (အခကြေးငွေ) များကို ပေးဆပ်ကြလော့။ ထို့ပြင် သင်တို့သည် (ထိုနို့ချိုတိုက်ကျွေးခြင်းနှင့်စပ်လျဥ်း၍) အချင်းချင်းကြား ညှိနှိုင်းတိုင် ပင်လျက် (ကောင်းမြတ်သောအစဥ်အလာ၊) တရားတော်နှင့်အညီ မျှတသင့်လျော်စွာ ဆောင်ရွက်ကြလော့။ သို့ရာတွင် အကယ်၍ သင်တို့သည် အချင်းချင်းကြား သဘောတူညီမှုမရဘဲ မပြေမလည် ဖြစ်ကြလျှင် အခြား အမျိုးသမီးတစ်ဦးကို ထို (ကလေး) အတွက် (ကလေး၏ဖခင်ဘက်မှ တာဝန်ယူ၍) နို့ထိန်းသည်အဖြစ် ခန့်ထားစေလော့။
لِيُنفِقْ ذُو سَعَةٍ مِّن سَعَتِهِ ۖ وَمَن قُدِرَ عَلَيْهِ رِزْقُهُ فَلْيُنفِقْ مِمَّا آتَاهُ اللَّهُ ۚ لَا يُكَلِّفُ اللَّهُ نَفْسًا إِلَّا مَا آتَاهَا ۚ سَيَجْعَلُ اللَّهُ بَعْدَ عُسْرٍ يُسْرًا (7)
ဝင်ငွေနှင့်ထောက်ပံ့နိုင်သော နည်းလမ်းအခြေအနေ ပြည့်စုံလုံလောက်သူဖြစ်လျှင် ယင်း (ကြွယ်ဝမှု) နှင့်လျော်ညီစွာ ပေးကမ်းသုံးစွဲရပေမည်။ သို့ရာတွင် စီးပွားဥစ္စာပိုင်ဆိုင်မှုအကန့်အသတ်ဖြင့်သာ ပေးအပ်တော်မူခြင်းခံရ၍ ကျပ်တည်းနေသူဖြစ်ပါက သူ့အား အလ္လာဟ်အရှင်မြတ်ချီးမြှင့်ပေးအပ်တော်မူသမျှ အနက်မှ (အတတ်နိုင်ဆုံးကို) ပေးကမ်းသုံးစွဲရပေမည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင် သော စိတ်ဝိဉာဉ်) ကိုမျှ ယင်းကိုချီးမြှင့်ပေးအပ်တော်မူသည်နှင့်အညီမှအပ (မနိုင်သောတာဝန်) ဝန်ထုပ်ကို ထမ်းဆောင်စေတော်မူသည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ခက်ခဲကျပ်တည်းမှု၏နောက်တွင် မကြာမီပင် လွယ်ကူချောင်လည်မှုကို ဖြစ်ပေါ်စေတော်မူမည်။
وَكَأَيِّن مِّن قَرْيَةٍ عَتَتْ عَنْ أَمْرِ رَبِّهَا وَرُسُلِهِ فَحَاسَبْنَاهَا حِسَابًا شَدِيدًا وَعَذَّبْنَاهَا عَذَابًا نُّكْرًا (8)
စင်စစ်သော်ကား မည်ရွေ့မည်မျှ မြောက်မြားစွာသော မြို့ရွာဒေသများ (ရှိပြည်သူတို့) သည် ယင်း (ပြည် သူတို့) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင်၊ ရစူလ်တမန်တော်များ၏အမိန့်များမှ မာန်မာနထောင်လွှားလျက် အာခံဖီဆန်၍ ကျောခိုင်းကြလေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း (ပြည်သူတို့) အား ပြင်းထန်သော (ကပ်ဘေးဆိုက်ရောက်စေလျက် ပြတ်သားသည့်) စာရင်းရှင်းခြင်းဖြင့် အရေးယူတော်မူသည့်အပြင် ယင်း (ပြည်သူတို့) အား ကြောက်မက်ဖွယ်ရာ ပြစ်ဒဏ်မျိုးဖြင့် ပြစ်ဒဏ်ခတ်တော်မူခဲ့၏။
فَذَاقَتْ وَبَالَ أَمْرِهَا وَكَانَ عَاقِبَةُ أَمْرِهَا خُسْرًا (9)
သို့ဖြစ်ပေရာ ယင်း (ပြည်သူတို့) သည် သူတို့၏စီမံချက်အရေးကိစ္စများ၏ဆိုးကျိုးကို (ပြစ်ဒဏ်အဖြစ်) မြည်းစမ်းစေတော်မူ၏။ စင်စစ် ယင်း (ပြည်သူ) တို့၏စီမံချက်အရေးကိစ္စဆိုင်ရာ နောက်ဆုံးပန်းတိုင် (ဇာတ်သိမ်း) မှာ ဆုံးရှုံးမှုပင် ဖြစ်လေ၏။
أَعَدَّ اللَّهُ لَهُمْ عَذَابًا شَدِيدًا ۖ فَاتَّقُوا اللَّهَ يَا أُولِي الْأَلْبَابِ الَّذِينَ آمَنُوا ۚ قَدْ أَنزَلَ اللَّهُ إِلَيْكُمْ ذِكْرًا (10)
အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် ပြင်းထန်လှစွာသောပြစ်ဒဏ်ကို အသင့် ပြင်ဆင်ထားရှိတော်မူ၏။ သို့ဖြစ်ပေရာ အို၊ ချင့်ချိန်မြော်မြင်နားလည်နိုင်စွမ်းရှိသော ယုံကြည်သူ ပညာရှင်အပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့် စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ထံ ဆုံးမသြဝါများပါဝင်သည့် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကုရ်အာန်ကျမ်းတော်မြတ်) ကို ချမှတ်ပေးအပ်တော်မူ၏။
رَّسُولًا يَتْلُو عَلَيْكُمْ آيَاتِ اللَّهِ مُبَيِّنَاتٍ لِّيُخْرِجَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِنَ الظُّلُمَاتِ إِلَى النُّورِ ۚ وَمَن يُؤْمِن بِاللَّهِ وَيَعْمَلْ صَالِحًا يُدْخِلْهُ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ قَدْ أَحْسَنَ اللَّهُ لَهُ رِزْقًا (11)
သက်ဝင်ယုံကြည်၍ ဖြောင့်မှတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့အား (အမှန်တရားသစ္စာမှ လွဲချော်စေမည့် အတွေးအခေါ် အယူအဆများနှင့်လမ်းစဉ်များပါဝင်သည့်) အမှောင်ထုဟူ သမျှမှသည် (အစစ အရာရာတွင် ဖြောင့်မတ်မှန်ကန်မြဲမြံ တည်တံ့စေမည့်) အလင်းတော်သို့ ခေါ်ထုတ်တော် မူရန်အလို့ငှာ ရစူလ်တမန်တော် တစ်ပါးအား (စေလွှတ်တော်မူလျက်) သင်တို့၏ရှေ့ဝယ် အမှန်တရားကို ထင်ရှား ရှင်းလင်းစေသော အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များအား ဖတ်ကြားသွန်သင် စေတော်မူ၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ ဖြောင့်မှတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်လျှင် ထိုအရှင်မြတ်သည် သူ့အား အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များသို့ ထိုထဲတွင် အမြဲထာဝစဉ် နေထိုင်စံစားကြသူများအဖြစ် ဝင်ရောက်စေတော်မူပေမည်။ စင်စစ်ဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား အကောင်းမြတ်ဆုံး ရိက္ခာအထောက် များကို ချီးမြှင့်တော်မူမည်။
اللَّهُ الَّذِي خَلَقَ سَبْعَ سَمَاوَاتٍ وَمِنَ الْأَرْضِ مِثْلَهُنَّ يَتَنَزَّلُ الْأَمْرُ بَيْنَهُنَّ لِتَعْلَمُوا أَنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ وَأَنَّ اللَّهَ قَدْ أَحَاطَ بِكُلِّ شَيْءٍ عِلْمًا (12)
အလ္လာဟ်အရှင်မြတ်သည်ပင် မိုးကောင်းကင်ခုနစ်ထပ် (ခုနှစ်ဆက်) ကို ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး မြေကမ္ဘာ၌လည်း (ရှုထောင့်သွင်ပြင်မြောက်မြားစွာကို) အလာတူ ဖွဲ့စည်းဖြစ်တည်စေတော်မူလျက် ယင်း (မိုးနှင့်မြေ) ကြားတွင် “ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အတွက် စည်းမျဉ်းနိယာမတော်များနှင့် အညီ ဖြစ်စေတော်မူပြီးဖြစ်၍ ဩဇာလွှမ်းမိုးတော်မူလျက် စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ် ဖြစ်တော်မူ ကြောင်းကိုလည်းကောင်း၊ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အား အရှင့်ဉာဏ်တော် အနန္တဖြင့် လွှမ်းခြုံထားတော်မူသောအရှင်မြတ်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊” သိနားလည်စေတော်မူရန် အလို့ငှာ စီမံချက်အမိန့်တော်များကို အဆက်မပြတ် စီဆင်းဆင်းသက်စေတော်မူ၏။
❮ Previous Next ❯

Surahs from Quran :

1- Fatiha2- Baqarah
3- Al Imran4- Nisa
5- Maidah6- Anam
7- Araf8- Anfal
9- Tawbah10- Yunus
11- Hud12- Yusuf
13- Raad14- Ibrahim
15- Hijr16- Nahl
17- Al Isra18- Kahf
19- Maryam20- TaHa
21- Anbiya22- Hajj
23- Muminun24- An Nur
25- Furqan26- Shuara
27- Naml28- Qasas
29- Ankabut30- Rum
31- Luqman32- Sajdah
33- Ahzab34- Saba
35- Fatir36- Yasin
37- Assaaffat38- Sad
39- Zumar40- Ghafir
41- Fussilat42- shura
43- Zukhruf44- Ad Dukhaan
45- Jathiyah46- Ahqaf
47- Muhammad48- Al Fath
49- Hujurat50- Qaf
51- zariyat52- Tur
53- Najm54- Al Qamar
55- Rahman56- Waqiah
57- Hadid58- Mujadilah
59- Al Hashr60- Mumtahina
61- Saff62- Jumuah
63- Munafiqun64- Taghabun
65- Talaq66- Tahrim
67- Mulk68- Qalam
69- Al-Haqqah70- Maarij
71- Nuh72- Jinn
73- Muzammil74- Muddathir
75- Qiyamah76- Insan
77- Mursalat78- An Naba
79- Naziat80- Abasa
81- Takwir82- Infitar
83- Mutaffifin84- Inshiqaq
85- Buruj86- Tariq
87- Al Ala88- Ghashiya
89- Fajr90- Al Balad
91- Shams92- Lail
93- Duha94- Sharh
95- Tin96- Al Alaq
97- Qadr98- Bayyinah
99- Zalzalah100- Adiyat
101- Qariah102- Takathur
103- Al Asr104- Humazah
105- Al Fil106- Quraysh
107- Maun108- Kawthar
109- Kafirun110- Nasr
111- Masad112- Ikhlas
113- Falaq114- An Nas