×

ဧကန်မလွဲ၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ (လူသားတို့ဉာဏ်ရည်မီနိုင်စွမ်း၏ပြင်ပ အကွယ်၌သာ ရှိနေတော်မူသောအရှင်မြတ်) ကို မမြင်ဘဲပါလျက် ကြောက်ရွံ့ရိုကျိုးကြသူတို့သည်ကား သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့်အလွန်ကြီးမားသော 67:12 Burmese translation

Quran infoBurmeseSurah Al-Mulk ⮕ (67:12) ayat 12 in Burmese

67:12 Surah Al-Mulk ayat 12 in Burmese (البورمية)

Quran with Burmese translation - Surah Al-Mulk ayat 12 - المُلك - Page - Juz 29

﴿إِنَّ ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ لَهُم مَّغۡفِرَةٞ وَأَجۡرٞ كَبِيرٞ ﴾
[المُلك: 12]

ဧကန်မလွဲ၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ (လူသားတို့ဉာဏ်ရည်မီနိုင်စွမ်း၏ပြင်ပ အကွယ်၌သာ ရှိနေတော်မူသောအရှင်မြတ်) ကို မမြင်ဘဲပါလျက် ကြောက်ရွံ့ရိုကျိုးကြသူတို့သည်ကား သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့်အလွန်ကြီးမားသော အကျိုးဆုလဒ်များ ရှိနေ၏။

❮ Previous Next ❯

ترجمة: إن الذين يخشون ربهم بالغيب لهم مغفرة وأجر كبير, باللغة البورمية

﴿إن الذين يخشون ربهم بالغيب لهم مغفرة وأجر كبير﴾ [المُلك: 12]

Ba Sein
၁၂။ သို့သော် မိမိတို့၏အရှင်သခင်အား တိတ်တဆိတ်ကြောက်ရွံ့ရိုကျိုးသူတို့အဖို့မူကား အပြစ်လွှတ်ခြင်းနှင့် ကြီးမား သောဆုတော်တို့ရှိကြလိမ့်မည်။
Ghazi Mohammad Hashim
ဧကန်မလွဲ မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား မမြင်ဘဲလျက် ကြောက်ရွံ့သော သူတို့အဖို့ အပြစ်မှ ချမ်းသာပေးခြင်းသည်လည်းကောင်း၊ ကြီးကျယ်လှစွာသော အကျိုးကျေးဇူးသည် လည်းကောင်း၊ ရှိ၏။
Hashim Tin Myint
အမှန်စင်စစ် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကိုမမြင်ဘဲနှင့် ‌ကြောက်ရွံ့‌သောသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးမား‌သော အကျိုး‌ကျေးဇူးရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek