Quran with Burmese translation - Surah Al-Mulk ayat 13 - المُلك - Page - Juz 29
﴿وَأَسِرُّواْ قَوۡلَكُمۡ أَوِ ٱجۡهَرُواْ بِهِۦٓۖ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴾
[المُلك: 13]
﴿وأسروا قولكم أو اجهروا به إنه عليم بذات الصدور﴾ [المُلك: 13]
Ba Sein ၁၃။ သင်တို့သည် မိမိတို့အယူဝါဒကို တိတ်တဆိတ်ထားသော်လည်းကောင်း၊ ကြေငြာသော်လည်းကောင်း၊ အရှင် မြတ်သည် လူတို့စိတ်နှလုံးများအတွင်းရှိသမျှတို့ကို အကြွင်းမဲ့သိတော်မူ၏။ |
Ghazi Mohammad Hashim ထို့ပြင် အသင်တို့သည် မိမိတို့၏ စကားများကို လျှို့ဝှက်စွာပြောဆိုကြသည်ဖြစ်စေ၊ ကျယ်လောင်စွာ ပြောဆိုကြသည်ဖြစ်စေ၊ ဧကန်စင်စစ် ထိုအရှင်မြတ်မှာမူကား စိတ်နှလုံးများအတွင်းဝယ် ရှိသည်တို့ကိုပင် အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော် မူ၏။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည်အသင်တို့၏ စကားများကို လျှို့ဝှက်ပြောဆိုသည်ပင်ဖြစ်စေ၊ ကျယ်လောင်စွာပြောဆိုသည်ပင်ဖြစ်စေ အမှန်စင်စစ် အရှင်မြတ်သည် စိတ်နှလုံးများထဲတွင် ရှိသည်ကိုပင် အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ဖြစ်တော်မူသည်။ |