Quran with Burmese translation - Surah Al-A‘raf ayat 10 - الأعرَاف - Page - Juz 8
﴿وَلَقَدۡ مَكَّنَّٰكُمۡ فِي ٱلۡأَرۡضِ وَجَعَلۡنَا لَكُمۡ فِيهَا مَعَٰيِشَۗ قَلِيلٗا مَّا تَشۡكُرُونَ ﴾
[الأعرَاف: 10]
﴿ولقد مكناكم في الأرض وجعلنا لكم فيها معايش قليلا ما تشكرون﴾ [الأعرَاف: 10]
Ba Sein ၁ဝ။ အို-လူသားအပေါင်းတို့ ငါအသျှင်မြတ်သည် သင်တို့အား ကမ္ဘာမြေပေါ်၌ တန်ခိုးအာဏာ ပေးသနား တော်မူ၏။ မြေပေါ်၌ သင်တို့အတွက် အသက်မွေးဝမ်းကျောင်းကို စီရင်ထားတော်မူ၏။ သင်တို့သည် ငါ၏ကျေးဇူးတော်ကို မချီးကျူးကြပေ။ |
Ghazi Mohammad Hashim မုချစင်စစ် ငါအရှင်မြတ်သည် အသင်တို့အားပထဝီမြေပြင်၌ တန်ခိုးအာဏာ ချီးမြှင့်ပေး သနားတော်မူခဲ့လေသည်။(တစ်နည်း)မုချစင်စစ် ငါအရှင်မြတ်သည် အသင်တို့အားပထဝီမြေပြင် ဝယ်(အသင်တို့)နေထိုင်ရန် နေရာထိုင်ခင်း ချီးမြှင့်တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့အဖို့ ထိုပထဝီမြေ၌ ပရိယေသနအသက် မွေးဝမ်းကျောင်းပြုနိုင်ရန် အကြောင်းကိစ္စများကိုလည်း ပြုလုပ်၍ ပေးသနားတော်မူခဲ့လေသည်။ (သို့ရာတွင်) အသင်တို့မူကား အနည်းငယ်မျှသာ ကျေးဇူးသိတတ်ကြကုန်သတည်း။(ရကူ) |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား မြေပထဝီတွင် တန်ခိုးအာဏာ (နေရာထိုင်ခင်း)ပေးသနားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အတွက် ထိုမြေပထဝီတွင် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် နည်းလမ်းများကိုလည်း ပြုလုပ်ပေးတော်မူခဲ့သည်။* အသင်တို့ကမူ အနည်းငယ်မျှသာ ကျေးဇူးသိတတ်ကြသည်။ |