×

ဖာရိုက “သင်တို့ကို ကျွန်ုပ်က ခွင့်မပြုမီ သင်တို့သည် ထိုအရှင်မြတ်အား သက်ဝင်ယုံကြည်နေပြီလား။ ဧကန်ပင်၊ ဤသည် (မြို့တွင်း၌ နေထိုင်ကြသူတို့အား ထိုမြို့မှ 7:123 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:123) ayat 123 in Burmese

7:123 Surah Al-A‘raf ayat 123 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 123 - الأعرَاف - Page - Juz 9

﴿قَالَ فِرۡعَوۡنُ ءَامَنتُم بِهِۦ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّ هَٰذَا لَمَكۡرٞ مَّكَرۡتُمُوهُ فِي ٱلۡمَدِينَةِ لِتُخۡرِجُواْ مِنۡهَآ أَهۡلَهَاۖ فَسَوۡفَ تَعۡلَمُونَ ﴾
[الأعرَاف: 123]

ဖာရိုက “သင်တို့ကို ကျွန်ုပ်က ခွင့်မပြုမီ သင်တို့သည် ထိုအရှင်မြတ်အား သက်ဝင်ယုံကြည်နေပြီလား။ ဧကန်ပင်၊ ဤသည် (မြို့တွင်း၌ နေထိုင်ကြသူတို့အား ထိုမြို့မှ နှင်ထုတ်ခံရစေရန်အလို့ငှာ) သို့ဖြစ်ပေရာ၊ (သင်တို့၏အကျိုးဆက်မည်သို့ဖြစ်မည်ကို) သင်တို့ မကြာမီ သိကြလိမ့်မည်။” ဟု ကြိမ်းဝါးပြောဆိုခဲ့၏။

❮ Previous Next ❯

ترجمة: قال فرعون آمنتم به قبل أن آذن لكم إن هذا لمكر مكرتموه, باللغة البورمية

﴿قال فرعون آمنتم به قبل أن آذن لكم إن هذا لمكر مكرتموه﴾ [الأعرَاف: 123]

Ba Sein
၁၂၃။ ဖာရောပြော၏။ ငါအမိန့်မပေးဘဲ သင်တို့သည် ထိုအသျှင်သခင်ကို ယုံကြည်ကြသလော။ ဤအမှု အခင်းကို မြို့သူ၊ မြို့သားများအား မြို့တော်မှ မောင်းထုတ်ရန် သင်တို့ဖန်တီးလာသော ဥပါယ်တမည် ဖြစ်၏။ သို့သော် သင်တို့ကို သိစေမည်။
Ghazi Mohammad Hashim
ထိုအခါ ဖစ်ရ်အောင်န်က ငါသည် အသင်တို့အားခွင့်မပြုမီပင် အသင်တို့သည် [ထို(မူစာနှင့်ဟာရူန် တို့၏)အရှင်အား] [(တနည်း)(မူစာ)အား] သက်ဝင် ယုံကြည်ခဲ့ကြချေပြီလော။ ဤသည်ကား ဧကန်စင်စစ် ပရိယာယ် မာယာကာရတစ်ရပ်ပင် ဖြစ်ချေသည်။ အသင်တို့သည် ယင်းပရိယာယ်မာယာကာရကို မြို့ထဲ၌ ထိုမြို့တွင် နေထိုင်ကြသောသူတို့အား မြို့တွင်းမှ ထုတ်ပစ်ကြရန် (မူစာနှင့်လျှို့ဝှက်စွာပူးပေါင်း၍) ကြံစည်ခဲ့ကြကုန်သည်။ သို့ဖြစ်ပေရာ မကြာမြင့်မီပင် အသင်တို့သည် (အကြောင်း) သိရှိကြ(ရပေလိမ့်) မည်ဟုပြောဆို ကြိမ်းဝါးခဲ့လေသတည်း။
Hashim Tin Myint
ဖိရ်‌အောင်န်က ‌ပြောသည်- “ငါသည် အသင်တို့အား ခွင့်မပြု‌သေးမီအလျင် အသင်တို့သည် ထိုအရှင်ကို ယုံကြည်ကြ(ပြီး မူစာကို ‌ထောက်ခံခဲ့ကြ)ပြီ‌လော။ ဤသည် အမှန်စင်စစ် အသင်တို့သည် မြို့ထဲ၌ပြုလုပ်ခဲ့‌သော ဟန်‌ဆောင်လှည့်စားမှုတစ်ခုသာဖြစ်သည်။* ထိုလှည့်စားမှုဖြင့် ထိုမြို့သူမြို့သားများအား မြို့ထဲမှ ထုတ်ပစ်ကြရန် (မူစာနှင့် လျှို့ဝှက်ပူး‌ပေါင်းပြီး) ကြံစည်ခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ မကြာမီ အသင်တို့သည် သိကြရလိမ့်မည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek