×

တမန်တော်မူဆာက သူ့လူမျိုးတို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ထံတော်မှ အကူအညီကို အသနားခံဆုပန်၍ ရှာမှီးကြလော့။ (အရှင့်လမ်းစဉ်ပေါ်၌) သည်းခံကြံခိုင်မှုဖြင့် ရပ်တည်ကြလော့။ မုချဧကန်၊ ဤကမ္ဘာဂြိုဟ်သည် 7:128 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:128) ayat 128 in Burmese

7:128 Surah Al-A‘raf ayat 128 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 128 - الأعرَاف - Page - Juz 9

﴿قَالَ مُوسَىٰ لِقَوۡمِهِ ٱسۡتَعِينُواْ بِٱللَّهِ وَٱصۡبِرُوٓاْۖ إِنَّ ٱلۡأَرۡضَ لِلَّهِ يُورِثُهَا مَن يَشَآءُ مِنۡ عِبَادِهِۦۖ وَٱلۡعَٰقِبَةُ لِلۡمُتَّقِينَ ﴾
[الأعرَاف: 128]

တမန်တော်မူဆာက သူ့လူမျိုးတို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ထံတော်မှ အကူအညီကို အသနားခံဆုပန်၍ ရှာမှီးကြလော့။ (အရှင့်လမ်းစဉ်ပေါ်၌) သည်းခံကြံခိုင်မှုဖြင့် ရပ်တည်ကြလော့။ မုချဧကန်၊ ဤကမ္ဘာဂြိုဟ်သည် အရှင်မြတ်ဖွဲ့စည်းဖြစ်တည်တော်မူသည့် အရှင့်ပိုင်ဖြစ်၍ အရှင့်အစေခံလူသားတို့အနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ယင်း (မြေကမ္ဘာ၏အုပ်ချုပ်စိုးပိုင်မှု) ကို အမွေဆက်ခံခွင့် ရစေတော်မူ၏။ နောက်ဆုံး၌ (အကောင်းဆုံး အကျိုးဆက်မှာ) အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူတို့အတွက်သာ ဖြစ်၏။” ဟု ဟောကြားခဲ့၏။

❮ Previous Next ❯

ترجمة: قال موسى لقومه استعينوا بالله واصبروا إن الأرض لله يورثها من يشاء, باللغة البورمية

﴿قال موسى لقومه استعينوا بالله واصبروا إن الأرض لله يورثها من يشاء﴾ [الأعرَاف: 128]

Ba Sein
၁၂၈။ တမန်တော်မူဆာသည် သူ၏အမျိုးသားတို့အားပြော၏။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ စောင့်ရှောက်ခြင်းကိုသာ ရှာမှီးကြလော့။ သည်းခံကြလော့။ မှတ်သားကြလော့။ မဟာပထဝီမြေကြီးကို အလ္လာဟ်အသျှင်မြတ် စိုးပိုင်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် အလိုတော်ရှိသူတို့အား ကမ္ဘာမြေကြီးကို ပေးသနားတော်မူ၏။ မှတ်သားကြလော့။ အောင်မြင်ခြင်းပန်းတိုင်သည် အလ္လာဟ် အသျှင်မြတ်၏အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်သူများအဖို့သာတည်း။
Ghazi Mohammad Hashim
ထို(နဗီတမန်တော်မူစာ)က မိမိအမျိုးသားတို့ အား(အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထံတော် မှအကူအညီကို အသနားခံကြလေကုန်။ ၎င်းပြင် အသင်တို့ သည်(ထိုအရှင်မြတ်၏ တရား လမ်းစဉ်၌) တည်ကြည်ကြံ့ခိုင် စွာရှိကြလေကုန်။ ဧကန်စင်စစ် (ဤ)ကမ္ဘာမြေသည် အလ္လာဟ်အရှင် မြတ်စိုးပိုင်တော်မူသော ကမ္ဘာမြေပြင်သာ ဖြစ်ချေသည်။ထိုအရှင်မြတ်သည် ယင်းကမ္ဘာမြေကို မိမိ၏ ကျွန်တို့အနက်အလိုရှိတော်မူသောသူအား စိုးပိုင်စေ တော်မူလေသည်။ သို့ရာတွင် နောက်ဆုံးအကျိုးသည် (အလ္လာဟ်အရှင်မြတ်အား)ကြောက်ရွံ့ရိုသေ ခန့်ညားသော သူတော်စင်များအဖို့သာဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။
Hashim Tin Myint
၎င်း(တမန်‌တော် မူစာ)က ၎င်း၏အမျိုးသားများကို ‌ပြောဆိုသည်- “အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံမှ အကူအညီကို အသနားခံ‌တောင်းကြပါ။ ၎င်းပြင် အသင်တို့သည် သည်းခံကြပါ။ အမှန်စင်စစ် ပထဝီ‌မြေသည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ အရှင်မြတ်သည် ထို‌မြေကို အရှင်မြတ်၏ကျွန်များထဲမှ အလိုရှိ‌တော်မူ‌သောသူအား စိုးပိုင်‌စေ‌တော်မူသည်။* ၎င်းပြင် ‌နောက်ဆုံး(‌ကောင်း‌သော)အကျိုးဆက်သည် (အရှင်မြတ်အား) ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက်သာ ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek