×

တမန်တော်မူဆာ၏လူမျိုးတို့သည် သူ (အရှင်မြတ်ချိန်းဆိုထားသည့်နေရာသို့ ထွက်ခွာ) သွားပြီးနောက် သူတို့၏လက်ဝတ်တန်ဆာများဖြင့် နွားငယ်သဏ္ဍာန် ရုပ်တုပြုလုပ်၍ ယင်းအတွက် အသံတစ်မျိုးကို ဖန်တီးခဲ့၏။ ယင်း 7:148 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:148) ayat 148 in Burmese

7:148 Surah Al-A‘raf ayat 148 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 148 - الأعرَاف - Page - Juz 9

﴿وَٱتَّخَذَ قَوۡمُ مُوسَىٰ مِنۢ بَعۡدِهِۦ مِنۡ حُلِيِّهِمۡ عِجۡلٗا جَسَدٗا لَّهُۥ خُوَارٌۚ أَلَمۡ يَرَوۡاْ أَنَّهُۥ لَا يُكَلِّمُهُمۡ وَلَا يَهۡدِيهِمۡ سَبِيلًاۘ ٱتَّخَذُوهُ وَكَانُواْ ظَٰلِمِينَ ﴾
[الأعرَاف: 148]

တမန်တော်မူဆာ၏လူမျိုးတို့သည် သူ (အရှင်မြတ်ချိန်းဆိုထားသည့်နေရာသို့ ထွက်ခွာ) သွားပြီးနောက် သူတို့၏လက်ဝတ်တန်ဆာများဖြင့် နွားငယ်သဏ္ဍာန် ရုပ်တုပြုလုပ်၍ ယင်းအတွက် အသံတစ်မျိုးကို ဖန်တီးခဲ့၏။ ယင်း (နွားငယ်ရုပ်တု) သည် သူတို့အား စကားပြောနိုင်သည် မဟုတ်ပေ။ မည်သည့် လမ်းစဉ်တစ်စုံတစ်ခုကိုလည်း ညွန်ပြနိုင်သည်မဟုတ်ကြောင်းကို သူတို့မတွေးတော မတွေ့မြင်ကြသလော။ ယင်းကို အယူထားကိုးကွယ်ကြပြီး သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရားပြုလုပ်သူများ ဖြစ်ခဲ့ကြသည်။

❮ Previous Next ❯

ترجمة: واتخذ قوم موسى من بعده من حليهم عجلا جسدا له خوار ألم, باللغة البورمية

﴿واتخذ قوم موسى من بعده من حليهم عجلا جسدا له خوار ألم﴾ [الأعرَاف: 148]

Ba Sein
၁၄၈။ တမန်တော်မူဆာ၏အမျိုးသားတို့သည် သူတို့ထံမှ တမန်တော်ထွက်ခွာသွားပြီးနောက် နွားလေး တစ်ကောင်ကို ကိုးကွယ်ရန်ဆုံးဖြတ်ကြ၏။ ထိုနွားကလေးသည် ၎င်းတို့ လက်ဝတ်လက်စားများနှင့် လုပ်သော ရွှေရောင်နွားငယ်ဖြစ်၏။ နွားအော်သံပြု၏။ ထိုနွားရုပ်ကလေးသည် သူတို့အား စကား မပြော၊ လမ်းမပြနိုင်သည်ကို သူတို့သည် မသိမမြ်ကြသလော။ သူတို့သည် နွားကလေးရုပ်ကို ကိုးကွယ် ကြ၏။ ဒုစရိုက်ပြုကျင့်သူများဖြစ်ကြ၏။
Ghazi Mohammad Hashim
၎င်းပြင် (နဗီတမန်တော်)မူစာ၏အမျိုးသားများသည် ထို(နဗီတမန်တော်)မူစာ (သည် အလ္လာဟ်အရှင်မြတ်ချိန်းချက်တော်မူသည့်အတိုင်း တောင်ရာတ်ကျမ်းကိုယူရန်၎င်းတို့အားထား၍ ထွက်ခွာသွားပြီး)နောက်တွင် မိမိတို့၏လက်ဝတ်လက်စားများဖြင့် နွားငယ်ကလေး ခန္ဓာကိုယ် သဏ္ဍာန်ကိုပြုလုပ်ကြလေသည်။ ထိုနွားငယ်၏ ခန္ဓာကိုယ်အတွင်း၌ အသံတစ်မျိုးရှိခဲ့၏။ ထိုနွားငယ်သည် ၎င်းတို့နှင့်စကားလည်း မပြော၊၎င်းတို့အား မည်သည့်လမ်းကိုမျှလည်း မညွှန်နိုင်သည်ကို ၎င်းတို့ မသိကြလေသလော။ ၎င်းတို့သည် ယင်းနွားငယ်ကိုပင် (ကိုးကွယ်ရာ)ပြုလုပ်ခဲ့ကြလေသည်။ ၎င်းပြင် ယင်းသူတို့သည်(မိမိတို့ကိုယ်ကိုမိမိတို့ပင်)မတရားနှိပ်စက် ညှဉ်းပန်းသူများဖြစ်သွားခဲ့ကြကုန်သတည်း။
Hashim Tin Myint
ထို့ပြင် (တမန်‌တော်)မူစာ၏အမျိုးသားများသည်* ၎င်း၏‌နောက်တွင် (အရှင်မြတ်နှင့် ‌တွေ့ဆုံရန် သွား‌နေစဉ်ကာလ၌) သူတို့၏ လက်ဝတ်တန်ဆာများဖြင့် နွားရုပ်က‌လေးတစ်ခု ထုလုပ်လိုက်ကြသည်။ ထိုနွားငယ်၏ခန္ဓာကိုယ်ထဲမှ အသံတစ်မျိုး(ပဲ့တင်သံ)ထွက်ခဲ့သည်။ စင်စစ် ထိုနွားငယ်သည် သူတို့နှင့် စကားလည်းမ‌ပြော၊ သူတို့အား မည်သည့်လမ်းမှ ညွှန်ကြားပြသနိုင်သည်လည်း မရှိသည်ကို သူတို့ မသိမြင်ကြ‌လေသ‌လော။ သူတို့သည် ထိုနွားငယ်ကိုပင် (ကိုးကွယ်ရာအဖြစ်)ပြုလုပ်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် မတရားနှိပ်စက် ကျူးလွန်သူများ ဖြစ်သွားခဲ့ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek