Quran with Burmese translation - Surah Al-A‘raf ayat 149 - الأعرَاف - Page - Juz 9
﴿وَلَمَّا سُقِطَ فِيٓ أَيۡدِيهِمۡ وَرَأَوۡاْ أَنَّهُمۡ قَدۡ ضَلُّواْ قَالُواْ لَئِن لَّمۡ يَرۡحَمۡنَا رَبُّنَا وَيَغۡفِرۡ لَنَا لَنَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ﴾
[الأعرَاف: 149]
﴿ولما سقط في أيديهم ورأوا أنهم قد ضلوا قالوا لئن لم يرحمنا﴾ [الأعرَاف: 149]
Ba Sein ၁၄၉။ သူတို့သည် ထိုနွားကိုးကွယ်မှု၏အပြစ်ကို ကြောက်ရွံ့တုန်လှုပ်ကြသောအခါ မိမိတို့သည် လမ်းမှားသို့ ရောက်နေသည်ကိုမြင်ကြသောအခါ သူတို့ပြောဆိုမြည်တမ်းကြသည်မှာ အကယ်၍ အကျွနု်ပ်တို့၏ အသျှင်သခင်သည် အကျွနု်ပ်တို့အား သနားစောင့်ရှောက်ချီးမြှောက်တော်မမူ၊ အပြစ်လွှတ်တော် မမူပါလျှင် အကျွနု်ပ်တို့သည် ပျက်စီးဆုံးရှုံးသူတို့ဘောင်တွင် ပါဝင်သူများ မုချဖြစ်ကြ၏။ |
Ghazi Mohammad Hashim ထို့ပြင် ၎င်းတို့သည် ဝမ်းနည်းပက်လက်ဖြစ် ၍မိမိတို့သည် လမ်းမှားနေကြပြီဖြစ်ကြောင်း သိမြင်ကြသောအခါ(ဤသို့ညည်းညူမြီတမ်းပြောဆိုကြကုန်၏။) အကယ်၍ ငါတို့၏အရှင်မြတ်သည် ငါတို့အား သနားကြင်နာတော်မမူခဲ့ပါလျှင်(အပြစ်)မှလွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မမူခဲ့ပါလျှင် ဧကန်မလွဲ ငါတို့သည် ဆုံးရှုံးနစ်နာသူတို့တွင် အပါအဝင် ဖြစ်ကြရတော့မည်။ |
Hashim Tin Myint ၎င်းပြင် သူတို့သည် မိမိတို့ပြုလုပ်မှုအပေါ် ဝမ်းနည်းပက်လက်ဖြစ်ပြီး* သူတို့ လမ်းမှားနေသည်ကို သိမြင်ကြသောအခါ (ပြောဆိုကြသည်) “အကယ်၍ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ကျွန်ုပ်တို့ကို သနားတော်မမူပါလျှင်၊ ၎င်းပြင် အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မမူပါလျှင် အမှန်ပင် ကျွန်ုပ်တို့သည် ပျက်စီး ဆုံးရှုံးသူများထဲတွင် အပါအဝင် ဖြစ်ကြရတော့မည်ပင် ဖြစ်သည်။ |