×

ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ တမလွန်ဘဝ (၌ တရားစီရင်မည့်နေ့) နှင့်ရင်ဆိုင်ကြုံတွေ့ရမည်ကိုလည်းကောင်း၊ မဟုတ်မတရားလိမ်လည်စွပ်စွဲ၍ ငြင်းဆန်ကြသူတို့သည် သူတို့၏ပြုမူကျင့်ကြံမှုများကို အကျိုးမဲ့ အချည်းနှီး ဖြစ်စေခြင်းသာ ဖြစ်၏။ 7:147 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:147) ayat 147 in Burmese

7:147 Surah Al-A‘raf ayat 147 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 147 - الأعرَاف - Page - Juz 9

﴿وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَلِقَآءِ ٱلۡأٓخِرَةِ حَبِطَتۡ أَعۡمَٰلُهُمۡۚ هَلۡ يُجۡزَوۡنَ إِلَّا مَا كَانُواْ يَعۡمَلُونَ ﴾
[الأعرَاف: 147]

ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ တမလွန်ဘဝ (၌ တရားစီရင်မည့်နေ့) နှင့်ရင်ဆိုင်ကြုံတွေ့ရမည်ကိုလည်းကောင်း၊ မဟုတ်မတရားလိမ်လည်စွပ်စွဲ၍ ငြင်းဆန်ကြသူတို့သည် သူတို့၏ပြုမူကျင့်ကြံမှုများကို အကျိုးမဲ့ အချည်းနှီး ဖြစ်စေခြင်းသာ ဖြစ်၏။ သူတို့ ပြုမူလုပ်ဆောင်ခဲ့ခြင်းအညီ (အကျိုးဆက်ခံစားစေခြင်း) မှအပ (အခြားအကျိုးဆက်ကို) အစားပေးခြင်း ခံကြရမည်လော။

❮ Previous Next ❯

ترجمة: والذين كذبوا بآياتنا ولقاء الآخرة حبطت أعمالهم هل يجزون إلا ما كانوا, باللغة البورمية

﴿والذين كذبوا بآياتنا ولقاء الآخرة حبطت أعمالهم هل يجزون إلا ما كانوا﴾ [الأعرَاف: 147]

Ba Sein
၁၄၇။ အကြင်သူတို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် နောင်တမလွန်ဘဝ၏ အစည်းအဝေးသဘင်ကြီး ကို မယုံကြည် ငြင်းပယ်အံ့။ သူတို့၏ပြုကျင့်မှုများသည် အကျိုးမဲ့ အချည်းနှီးဖြစ်ကြ၏။ သူတို့၏ ပြုကျင့်လေ့ရှိသောအမှုများအတွက်မှတစ်ပါး အခြားအတွက် သူတို့ကို ဂလဲ့စားချေတော်မူသလော။
Ghazi Mohammad Hashim
အမှန်သော်ကား အကြင်သူတို့သည် ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကိုလည်းကောင်း၊ နောင်တမလွန်ဘဝနှင့် တွေ့ကြုံကြရမည်ကိုလည်းကောင်း၊ မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့ ပြုမူသမျှတို့သည် အချည်းနှီးပင်ဖြစ်သွားချေပြီ။ ၎င်းတို့သည် မိမိတို့ ပြုကျင့်ကြသည်များကိုသာ အစားပေးခြင်း ခံကြရမည်။(ရကူ)
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်၏အာယသ်‌တော်များနှင့် တမလွန်ဘဝ၏ ‌တွေ့ဆုံမှုကို ငြင်းပယ်ခဲ့ကြ‌သောသူများ၏ အပြုအမူဟူသမျှသည် အကျိုးမဲ့ဖြစ်သွားပြီးဖြစ်သည်။ သူတို့သည် သူတို့ ပြုလုပ်ခဲ့သည်များကိုသာ အစား‌ပေးခြင်းခံကြရမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek