×

မည်သူတစ်ဦးတစ်ယောက်ထံကမှ အရေးအဖတ်နှင့် စာပေပညာကို မသင်ယူခဲ့သော နဗီတမန်တော် လည်းဖြစ်၊ အရှင့်ဗျာဒိတ်တော်အား လူသားအရောက်ပို့ချပေးအပ်သူလည်းဖြစ်သော ရစူလ်တမန်တော် (မုဟမ္မဒ်) ကို နာခံလိုက်နာကြသူတို့သည် 7:157 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:157) ayat 157 in Burmese

7:157 Surah Al-A‘raf ayat 157 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 157 - الأعرَاف - Page - Juz 9

﴿ٱلَّذِينَ يَتَّبِعُونَ ٱلرَّسُولَ ٱلنَّبِيَّ ٱلۡأُمِّيَّ ٱلَّذِي يَجِدُونَهُۥ مَكۡتُوبًا عِندَهُمۡ فِي ٱلتَّوۡرَىٰةِ وَٱلۡإِنجِيلِ يَأۡمُرُهُم بِٱلۡمَعۡرُوفِ وَيَنۡهَىٰهُمۡ عَنِ ٱلۡمُنكَرِ وَيُحِلُّ لَهُمُ ٱلطَّيِّبَٰتِ وَيُحَرِّمُ عَلَيۡهِمُ ٱلۡخَبَٰٓئِثَ وَيَضَعُ عَنۡهُمۡ إِصۡرَهُمۡ وَٱلۡأَغۡلَٰلَ ٱلَّتِي كَانَتۡ عَلَيۡهِمۡۚ فَٱلَّذِينَ ءَامَنُواْ بِهِۦ وَعَزَّرُوهُ وَنَصَرُوهُ وَٱتَّبَعُواْ ٱلنُّورَ ٱلَّذِيٓ أُنزِلَ مَعَهُۥٓ أُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ﴾
[الأعرَاف: 157]

မည်သူတစ်ဦးတစ်ယောက်ထံကမှ အရေးအဖတ်နှင့် စာပေပညာကို မသင်ယူခဲ့သော နဗီတမန်တော် လည်းဖြစ်၊ အရှင့်ဗျာဒိတ်တော်အား လူသားအရောက်ပို့ချပေးအပ်သူလည်းဖြစ်သော ရစူလ်တမန်တော် (မုဟမ္မဒ်) ကို နာခံလိုက်နာကြသူတို့သည် သူတို့၏လက်ဝယ်၌ရှိသော တောင်ရတ်ကျမ်းနှင့်အီန်ဂျီလ်ကျမ်းတို့တွင် သူ့အကြောင်း မှတ်တမ်းတင်ရေးသားထားခဲ့ကြောင်းကို တွေ့ရှိကြ၏။ ထိုရစူလ်တမန်တော်သည် သူတို့အား တရားတော်နှင့်အညီ ကောင်းမှုဒုစရိုက်များ ပြုလုပ်ကြရန် တိုက်တွန်းညွှန်ကြားပြီး မကောင်းမှုဒုစရိုက်ဟူသမျှကို ရှောင်ကြဉ်ကြရန် တားမြစ်၏။ ကျန်းမာရေးနှင့်ညီညွတ်ပြီး တရားတော်ဟု သန့်ရှင်းစင်ကြယ်သည်ဟု သတ်မှတ် သည့်အရာများကို သူတို့အတွက် တရားဝင် ခွင့်ပြုထားပြီ ဖြစ်၏။ ဆိုးသွမ်းပြီး အကျင့်စာရိတ္တပျက်ပြားစေသော မသန့်ရှင်းမစင်ကြယ်သည့်အရာများကိုမူ တရားမဝင်အဖြစ် ကန့်သတ်တားမြစ်၏။ ထို့ပြင် သူသည် သူတို့အပေါ် ၌ ယခင်ကတည်းက ရှိနေသော (သူတို့၏စည်းမျဉ်းဥပဒေဆိုင်ရာ) ဝန်ထုပ်ဝန်ပိုးများနှင့် (ဖိနှိပ်ချုပ်ချယ်မှုဆိုင်ရာ) လက်ထိတ်လည်ထိတ်များကို သူတို့ထံမှ (ဖယ်ရှားပေး၍) သက်သာရာရစေ၏။ သူ့အား ဖြူစင်စွာ ယုံကြည်သူ၊ သူ့ကိုလေးစားမြတ်နိုး၍ ဂုဏ်ပြုသူ၊ သူ့ကိုကူညီရိုင်းပင်းသူ၊ သူနှင့်အတူ ချမှတ်ပေးအပ်ခြင်းခံရသော အလင်း တော် (ကျမ်းမြတ်ကုရ်အာန်) ကို တစ်သဝေမတိမ်းလိုက်နာကျင့်သုံးကြသူတို့သည် ပေါက်မြောက်အောင်မြင်သူများပင် ဖြစ်ကြ၏။

❮ Previous Next ❯

ترجمة: الذين يتبعون الرسول النبي الأمي الذي يجدونه مكتوبا عندهم في التوراة والإنجيل, باللغة البورمية

﴿الذين يتبعون الرسول النبي الأمي الذي يجدونه مكتوبا عندهم في التوراة والإنجيل﴾ [الأعرَاف: 157]

Ba Sein
၁၅၇။ အကျွနု်ပ်တို့သည် အသျှင့်ဘက်တော်သို့ မျက်နှာမူပါ၏ဟု ဆုတောင်း၏။ အသျှင်မြတ်က ငါသည် အပြစ်ပေးလိုတော်မူသူကို အပြစ်ပေးတော်မူပါ၏။ ငါ၏ ကောင်းကြီးမင်္ဂလာတော်သည် အရာခပ်သိမ်းကုန်တို့အတွက်ဖြစ်၏။ ထို့ကြောင့် ထိုကောင်းကြီးမင်္ဂလာတော်ကို ဤလူများအား ပေးသနားတော်မူမည်။ ထိုသူများမှာ ဒုစရိုက်ပြစ်မှုရှောင်ကြဉ်သူများ၊ ဇကတ်အလှူပေးသူများ၊ ငါ၏ နှုတ်ကပတ်တော်များ၊ ယုံကြည်သူများ၊ သူတို့လက်ရှိ တောင်ရတ်၊ အင်ဂျီလ်ကျမ်းတော်များတွင် ရေးထားသည်ကို သူတို့တွေ့ရသော၊ စာမဖတ်၊ မရေးတတ်သော၊ တမန်တော်နောက်ကိုလိုက်သော သူများဖြစ်ကြ၏။ သူသည် ထိုသူများအား သုစရိုက်မှန်ကန်မှုကို ဆင့်ဆိုလိမ့်မည်။ ဒုစရိုက်မမှန်ကန်မှုကို တားမြစ်လိမ့်မည်။ သူတို့အတွက် သန့်ရှင်းကောင်းမွန်သောအရာအားလုံးကို တရားမဝင်ဟု ပညတ်တော်မူမည်။ သူသည် သူတို့အပေါ် ကျရောက်နေသော ဝန်ထုပ်နှင့် ခြေထိပ်၊ လက်ထိပ် အနှောင်အဖွဲ့များကို ဖယ်ရှားလိမ့်မည်။ အကြင်သူတို့သည် တမန်တော်ကို ယုံကြည်ကြ၏။ ဂုဏ်ပြုကြ၏။ ကူညီကြ၏။ သူ့အား ချပေးသနားတော်မူသော ရောင်ခြည်တော်ကို လိုက်နာကြ၏။ ထိုသူတို့သည် အောင်လံတံခွန်လွှင့်ထူရသူများ ဖြစ်ကြ၏။
Ghazi Mohammad Hashim
အကြင်သူတို့သည် အကြင်စာပေမတတ်သောရစူလ်၊ နဗီတမန်တော်မြတ်၏(အမိန့်တော်များ)ကို လိုက်နာကြကုန်၏။ ထိုသူတို့သည် ထိုရစူလ်၊ နဗီတမန်တော်မြတ်(၏ဝိသေသဂုဏ်ထူးများ)ကို မိမိတို့ထံရှိ တောင်ရာတ်ကျမ်းတော်တွင်လည်းကောင်း၊ အင်(န်)ဂျီလ်ကျမ်းတော်တွင်လည်းကောင်း၊ရေးသားပြီး ဖြစ်သည်ကို တွေ့ရှိကြလေသည်။ ယင်းရစူလ်၊နဗီတမန်တော်မြတ်သည် ထိုသူတို့အားကောင်းမှု သုစရိုက်များကို(ပြုလုပ်ကြရန်) ညွှန်ကြားသည့်အပြင် မကောင်းမှု ဒုစရိုက်များမှ ကြဉ်ရှောင်ကြရန် မြစ်တားလေသည်။ ၎င်းပြင် ထိုသူတို့အဖို့ စင်ကြယ်သောအရာများကို (စားသုံး)ခွင့်ပြုကာ မသန့်စင်သောအရာများကို ၎င်းတို့အပေါ်၌ (စားသုံးခြင်းမပြုကြရန်)တားမြစ်လေသည်။ ထိုမှတစ်ပါး ထိုသူတို့အပေါ်၌(ယခုတိုင်အောင်) တည်ရှိနေသော ဝန်နှင့်လည်ကွင်းများ (အတုပ်အနှောင်များ)ကိုလည်း ၎င်းတို့အပေါ်မှ ချ၍ပေးလေသည်။သို့ဖြစ်ပေရာ အကြင်သူတို့သည် ထိုရစူလ် နဗီတမန်တော်မြတ်အား ယုံကြည်ခဲ့ကြလေသည်။ ၎င်းပြင် ထိုရစူလ်နဗီတမန်တော်မြတ်အား ကာကွယ်စောင့်ရှောက်ခဲ့ကြလေသည်။ ထိုမှတစ်ပါး ထိုရစူလ်နဗီတမန်တော်မြတ်အား ကူညီရိုင်းပင်းခဲ့ကြလေသည်။ ထို့ပြင် ထိုရစူလ် နဗီတမန်တော်မြတ်နှင့်အတူကျရောက်လာသော(ကုရ်အာန်ကျမ်းတော်မြတ်တည်းဟူသော)လင်းရောင်ခြည်ကိုလည်း လိုက်နာခဲ့ကြလေသည်။ ထိုသူတို့ သည်သာလျှင် အောင်မြင်သောသူများ ဖြစ်ကြကုန်သတည်း။(ရကူ)
Hashim Tin Myint
အကြင်သူများသည် အကြင်စာ‌ပေမတတ်‌သော*တမန်‌တော်ကို လိုက်နာကြသည်။ ဤသူများသည် ထိုတမန်‌တော်(၏ အရည်အချင်းလက္ခဏာများ)ကို သူတို့ထံတွင်ရှိ‌သော ‌သောင်ရာသ်ကျမ်းနှင့် အင်ဂျီလ်ကျမ်းထဲတွင် ‌ရေးသားထားသည်ကို ‌တွေ့ရှိကြသည်။ ထိုတမန်‌တော်သည် သူတို့ကို ‌ကောင်းမှုပြုရန် ညွှန်ကြားပြီး မ‌ကောင်းမှုများမှ ‌ရှောင်ကြဉ်ရန် တားမြစ်သည်။ ၎င်းပြင် သူတို့အ‌ပေါ်တွင် တင်ရှိ‌နေ‌သော ဝန်ထုပ်ဝန်ပိုးနှင့် လည်ကွင်းစွပ်များကိုလည်း သူတို့အ‌ပေါ်မှ ဖယ်ချ‌ပေးသည်။ သို့ဖြစ်ရာ အကြင်သူများသည် ထိုတမန်‌တော်မြတ်အား ယုံကြည်ခဲ့ကြ၍ ၎င်းအား(ရို‌သေ‌လေးစား ချစ်ခင်မှုနှင့်တကွ) ကာကွယ်‌စောင့်‌ရှောက်ခဲ့ကြသည်သာမက ကူညီရိုင်းပင်းမှုလည်း ပြုခဲ့ကြသည်။ ၎င်းပြင် ထိုတမန်‌တော်နှင့်အတူတကွ ကျ‌ရောက်လာ‌သော လင်း‌ရောင်ခြည်(ကျမ်း‌တော်မြတ် ကုရ်အာန်)ကိုလည်း ‌နောက်လိုက်မှုပြုခဲ့ကြသည်။ ထိုသူများပင် ‌အောင်မြင်သူများဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek