Quran with Burmese translation - Surah Al-A‘raf ayat 185 - الأعرَاف - Page - Juz 9
﴿أَوَلَمۡ يَنظُرُواْ فِي مَلَكُوتِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا خَلَقَ ٱللَّهُ مِن شَيۡءٖ وَأَنۡ عَسَىٰٓ أَن يَكُونَ قَدِ ٱقۡتَرَبَ أَجَلُهُمۡۖ فَبِأَيِّ حَدِيثِۭ بَعۡدَهُۥ يُؤۡمِنُونَ ﴾
[الأعرَاف: 185]
﴿أو لم ينظروا في ملكوت السموات والأرض وما خلق الله من شيء﴾ [الأعرَاف: 185]
Ba Sein ၁၈၅။ သူတို့သည် မိုးမြေနိုင်ငံတော်ကြီး၊ အလ္လာဟ်အသျှင်မြတ် ဖန်ဆင်းတော်မူသောအရာများ၊ သူတို့၏ သက်တမ်းသည် ကုန်ခန်းနီးကြောင်း နီးလိမ့်မည်စသည်တို့ကို မစဉ်းစား၊ မဆင်ခြင်ကြသလော။ သူတို့သည် မည်သည်ကို ယုံကြည်ကြမည်နည်း။ |
Ghazi Mohammad Hashim ထိုသူတို့သည် မိုးကောင်းကင်များနှင့် ကမ္ဘာမြေဝယ်(အလ္လာဟ်အရှင်မြတ်၏)အာဏာစက်တော်ကိုလည်းကောင်း၊အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူသော (သက်ရှိသက်မဲ့)အရာဝတ္ထု အလုံးစုံတို့ကိုလည်းကောင်း၊ မိမိတို့ (သေဆုံးရန်)သတ်မှတ်ထား ပြီးဖြစ်သောကာလ အပိုင်းအခြားသည် နီးကပ်လာပြီဖြစ်သည်ကိုလည်းကောင်း၊ မတွေးမမြင်မဆင်ခြင် မသုံးသပ်ကြလေသလော။ ၎င်းတို့သည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ပြီး)နောက် မည်သည့်စကားကို ယုံကြည်ကြပါဦးမည်နည်း။ |
Hashim Tin Myint သူတို့သည် မိုးကောင်းကင်များနှင့် ကမာ္ဘမြေ၏ စိုးမိုးအုပ်ချုပ်မှုကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ဖန်ဆင်းတော်မူသောအရာများကိုလည်းကောင်း၊ သူတို့(သေဆုံးရန်)သတ်မှတ်ထားသောအချိန်ကာလသည် အမှန်ပင် နီးကပ်လာပြီဆိုသည့် အကြောင်းကိုလည်းကောင်း (စဉ်းစားဆင်ခြင်)မကြည့်ကြလေသလော။ သို့ဖြစ်ရာ သူတို့သည် ဤ(ကုရ်အာန်၏)နောက်တွင် မည်သည့်စကားကို ယုံကြည်ကြဦးမည်နည်း။ |