×

အလ္လာဟ်အရှင်မြတ်သည် (လူ့စိတ်ဆန္ဒက လိုလားနေသည့်အတိုင်း) လမ်းမှားရောက်စေတော်မူသောသူအတွက် လမ်းညွှန်မည့်သူ အလျှင်း မရှိချေ။ သူတို့၏ အာခံဖီဆန်လိုသော ဖောက်ဖျက်ကျူးလွန်မှု၌ပင် သူတို့အား (အကန်းလမ်းပျောက်ပမာ) 7:186 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:186) ayat 186 in Burmese

7:186 Surah Al-A‘raf ayat 186 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 186 - الأعرَاف - Page - Juz 9

﴿مَن يُضۡلِلِ ٱللَّهُ فَلَا هَادِيَ لَهُۥۚ وَيَذَرُهُمۡ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ ﴾
[الأعرَاف: 186]

အလ္လာဟ်အရှင်မြတ်သည် (လူ့စိတ်ဆန္ဒက လိုလားနေသည့်အတိုင်း) လမ်းမှားရောက်စေတော်မူသောသူအတွက် လမ်းညွှန်မည့်သူ အလျှင်း မရှိချေ။ သူတို့၏ အာခံဖီဆန်လိုသော ဖောက်ဖျက်ကျူးလွန်မှု၌ပင် သူတို့အား (အကန်းလမ်းပျောက်ပမာ) တဝေ့လည်လည်ဖြစ်စေလျက် လွှတ်ထားတော်မူလိမ့်မည်။

❮ Previous Next ❯

ترجمة: من يضلل الله فلا هادي له ويذرهم في طغيانهم يعمهون, باللغة البورمية

﴿من يضلل الله فلا هادي له ويذرهم في طغيانهم يعمهون﴾ [الأعرَاف: 186]

Ba Sein
၁၈၆။ အကြင်သူတို့အား အလ္လာဟ်အသျှင်မြတ်သည် လမ်းမှားသို့ ပို့တော်မူ၏။ ထိုသူတို့အဖို့ လမ်းပြမည့်သူ မရှိပေ။ အသျှင်မြတ်သည် သူတို့အား ၎င်းတို့၏ ထောင်ထားခြားနားမှုလမ်းတွင် သိမြင်ခြင်းတရား မရှိဘဲ တဝဲလည်လည် ဆက်လက်လျှောက်သွားရန် ပစ်ထားတော်မူ၏။
Ghazi Mohammad Hashim
အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှားစေတော်မူအံ့။ ထိုသူ၌ တရားလမ်းမှန်ကို ညွှန်ကြားပြသမည့်သူဟူ၍ အလျင်းရှိတော့မည် မဟုတ်ပေ။ ၎င်းပြင် ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ခေါင်းမာမှု၌ပင် တဝေ့လည်လည် ဖြစ်စေလျက် စွန့်ပစ်၍ထားတော်မူအံ့သတည်း။
Hashim Tin Myint
မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်သည် လမ်းမှား‌စေ‌တော်မူမည်ဆိုလျှင် ထိုသူ့အတွက် လမ်းမှန်ကို ညွှန်ကြားပြသမည့်သူ လုံးဝ မရှိ‌တော့‌ပေ။ ၎င်းပြင် အရှင်မြတ်သည် သူတို့အား သူတို့၏ ဆိုးသွမ်းမှုထဲ၌ပင် တဝဲလည်လည်ဖြစ်‌စေလျက် စွန့်ပစ်ထား‌တော်မူမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek