Quran with Burmese translation - Surah Al-A‘raf ayat 2 - الأعرَاف - Page - Juz 8
﴿كِتَٰبٌ أُنزِلَ إِلَيۡكَ فَلَا يَكُن فِي صَدۡرِكَ حَرَجٞ مِّنۡهُ لِتُنذِرَ بِهِۦ وَذِكۡرَىٰ لِلۡمُؤۡمِنِينَ ﴾
[الأعرَاف: 2]
﴿كتاب أنـزل إليك فلا يكن في صدرك حرج منه لتنذر به وذكرى﴾ [الأعرَاف: 2]
Ba Sein ၂။ ဤကျမ်းတော်သည် သင် မိုဟမ္မဒ်အား ထုတ်ပြန်ချပေးသနားတော်မူသော ကုရ်အာန်ကျမ်းတော်မြတ် ဖြစ်၏။ ထိုကျမ်းမြတ်ကြောင့် သင်သည် ရင်မလေးလင့်။ ဤကျမ်းတော်အားဖြင့် သင်တရားဟော ကြား သတိပေးနိုင်ရန်ဖြစ်၏။ ဤကျမ်းတော်သည် ယုံကြည်သူတို့အား သတိပေးဆုံးမ သွန်သင်သော ကျမ်းဖြစ်၏။ |
Ghazi Mohammad Hashim (ဤသည်) အသင့်ထံ ထုတ်ပြန်ခဲ့သော ကျမ်းဂန်တစ်စောင်ဖြစ်၏။ (ဤကျန်းဂန်သည်) အသင်သည် ထိုကျမ်းဂန်ဖြင့် သတိပေးနှိုးဆော်ရန်အလို့ငှာဖြစ်သည်။ သို့ဖြစ်ပေရာအသင်၏စိတ်တွင်းဝယ် မည်သို့မျှကျဉ်းကျပ်မှု မဖြစ်ရာချေ။၎င်းပြင် (ဤကျမ်းဂန်သည်) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ ဆုံးမဩဝါဒလည်း ဖြစ်ချေသတည်း။ |
Hashim Tin Myint (ဤသည်)အသင်(တမန်တော်)ထံသို့ ချပေးခံရသောကျမ်းတစ်စောင်ဖြစ်သည်။ အသင်သည် ထိုကျမ်းနှင့် သတိပေးနှိုးဆော်ရန်ဖြစ်သည်။ သို့ဖြစ်ရာ အသင်၏စိတ်ထဲ၌ ထိုကျမ်းကြောင့် မည်သည့် ကျဉ်းကျပ်မှုမှ မဖြစ်ပါစေနှင့်။* ထို့ပြင် (ဤကျမ်းသည်) အီမာန်ယုံကြည်သောသူများအတွက် ဆုံးမဩဝါဒလည်းဖြစ်သည်။ |