×

ထို့ပြင် ယင်းတို့ (သုခဘုံနှင့်ငရဲဘုံ) စပ်ကြားတွင် အကာအရံတစ်ခုရှိ၏။ မြင့်သောနေရာတစ်ခုပေါ်တွင် လူတိုင်း၏မျက်နှာထားကို (သူတို့၏အမှတ်အသားများဖြင့်) မှတ်မိနေသော လူများရှိကြ၏။ သူတို့သည် သုခဘုံ၏အဖော် 7:46 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:46) ayat 46 in Burmese

7:46 Surah Al-A‘raf ayat 46 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 46 - الأعرَاف - Page - Juz 8

﴿وَبَيۡنَهُمَا حِجَابٞۚ وَعَلَى ٱلۡأَعۡرَافِ رِجَالٞ يَعۡرِفُونَ كُلَّۢا بِسِيمَىٰهُمۡۚ وَنَادَوۡاْ أَصۡحَٰبَ ٱلۡجَنَّةِ أَن سَلَٰمٌ عَلَيۡكُمۡۚ لَمۡ يَدۡخُلُوهَا وَهُمۡ يَطۡمَعُونَ ﴾
[الأعرَاف: 46]

ထို့ပြင် ယင်းတို့ (သုခဘုံနှင့်ငရဲဘုံ) စပ်ကြားတွင် အကာအရံတစ်ခုရှိ၏။ မြင့်သောနေရာတစ်ခုပေါ်တွင် လူတိုင်း၏မျက်နှာထားကို (သူတို့၏အမှတ်အသားများဖြင့်) မှတ်မိနေသော လူများရှိကြ၏။ သူတို့သည် သုခဘုံ၏အဖော် (သုခဘုံသား) တို့အား “ငြိမ်းချမ်းသာယာမှုသည် သင်တို့အပေါ်ကျရောက်ပါစေ။” ဟု ဟစ်အော်ပြော ဆိုကြမည်။ သူတို့သည် ထို (သုခဘုံ)ကို မဝင်ရသေးသော်လည်း (ဝင်ခွင့်ရလိမ့်မည်ဟု) မျှော်လင့်တောင့်တလျက် ရှိကြမည်။

❮ Previous Next ❯

ترجمة: وبينهما حجاب وعلى الأعراف رجال يعرفون كلا بسيماهم ونادوا أصحاب الجنة أن, باللغة البورمية

﴿وبينهما حجاب وعلى الأعراف رجال يعرفون كلا بسيماهم ونادوا أصحاب الجنة أن﴾ [الأعرَاف: 46]

Ba Sein
၄၆။ သုခဘုံသားတို့နှင့် ငရဲသားတို့စပ်ကြားတွင် အကာအဆီးကြီးတစ်ခုရှိ၏။ အောက်တွင်ရှိသောသူတို့ကို ၎င်းတို့၏ အမှတ်သညာအားဖြင့် သိသောသူတို့သည် အထက်ဘဝဂ်၌ရှိကြ၏။ သူတို့သည် ဂျန္နတ် ဥယျာဉ်တော်သားတို့အား အေးချမ်းသာယာခြင်းမင်္ဂလာတော်ကြီး သင်တို့အပေါ်သို့ သက်ရောက် ပါစေသောဝ်ဟု မေတ္တာပို့ နှုတ်ဆက်ကြ၏။ သူတို့သည် ဥယျာဉ်တော်ဝင်ဖို့ရာ မျှော်ကိုးသော်လည်း မဝင်ရသေးပေ။
Ghazi Mohammad Hashim
၎င်းပြင် ယင်း(ဂျန္နတ်အမတသုခဘုံနှင့် ဂျဟန္နမ်ငရဲဘုံ) 2 ခုတို့၏ စပ်ကြားတွင် အကွယ်အကာ တစ်ခုသည်တည်ရှိအံ့။ ထိုမှတစ်ပါး (အအ်ရာဖ်) အမြင့်၌လည်း လူများစွာရှိကြမည်။ ထိုသူများသည် (ဂျန္နတ်အမတ သုခဘုံသားတို့နှင့်ဂျဟန္နမ်ဘုံသား) အားလုံးတို့ကို ၎င်းတို့၏အမှတ်အသားဖြင့်မှတ်မိကြလိမ့်မည်။ ၎င်းပြင် ထိုလူများသည် ဂျန္နတ်အမတသုခဘုံသားတို့အား (စလာမွန်အလိုင်ကွန်မ်) ချမ်းမြေ့ သာယာခြင်းသည် သင်တို့အပေါ်၌ရှိပါစေသားဟု ဟစ်အော် (ပြောဆို)ကြလိမ့်မည်။ ၎င်းတို့သည် ဂျန္နတ်အမတသုခဘုံသို့ မဝင်ရောက်ကြရသေးသော်ငြားလည်း (ဝင်ရောက်ကြရလိမ့်မည်ဟု)မျှော်လင့်တောင့်တလျက် ရှိကြလိမ့်မည်။
Hashim Tin Myint
ထို့ပြင် ထို(ဂျန္နသ်နှင့်ဂျဟန္နမ်)ကြား၌ အကာအကွယ် တံတိုင်းတစ်ခု တည်ရှိလိမ့်မည်။* ထို့ပြင် ထိုတံတိုင်း‌ပေါ်မှ‌နေရာများ၌လည်း လူအများအပြားရှိကြလိမ့်မည်။ သူတို့သည် (သုခဘုံသားနှင့် ငရဲသားများ)အားလုံးကို သူတို့၏အမှတ်အသားများဖြင့် မှတ်မိကြလိမ့်မည်။ ထို့ပြင် လူများသည် သုခဘုံသားများကို “ငြိမ်းချမ်းသာယာမှုသည် အသင်တို့‌ပေါ်တွင် ရှိပါ‌စေ“ဟု ဟစ်‌အော်(‌ပြောဆို)ကြမည်။ သူတို့သည် ဂျန္နသ်ထဲသို့ မဝင်ကြရ‌သေး‌သော်လည်း (ဝင်‌ရောက်ကြရလိမ့်မည် ဟု) ‌မျှော်လင့်‌နေကြမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek