×

တစ်ဖန် သူတို့၏မျက်စိများကို ငရဲမီး၏အဖော်များ (ငရဲသားများ) ဘက်သို့ လှည့်ကြသည့်အခါ သူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် 7:47 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:47) ayat 47 in Burmese

7:47 Surah Al-A‘raf ayat 47 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 47 - الأعرَاف - Page - Juz 8

﴿۞ وَإِذَا صُرِفَتۡ أَبۡصَٰرُهُمۡ تِلۡقَآءَ أَصۡحَٰبِ ٱلنَّارِ قَالُواْ رَبَّنَا لَا تَجۡعَلۡنَا مَعَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ ﴾
[الأعرَاف: 47]

တစ်ဖန် သူတို့၏မျက်စိများကို ငရဲမီး၏အဖော်များ (ငရဲသားများ) ဘက်သို့ လှည့်ကြသည့်အခါ သူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသူတို့နှင့်အတူ (သူတို့ထဲတွင် အပါအဝင်) ဖြစ်စေတော်မမူပါနှင့်။” ဟု လျှောက်တင်ကြလိမ့်မည်။

❮ Previous Next ❯

ترجمة: وإذا صرفت أبصارهم تلقاء أصحاب النار قالوا ربنا لا تجعلنا مع القوم, باللغة البورمية

﴿وإذا صرفت أبصارهم تلقاء أصحاب النار قالوا ربنا لا تجعلنا مع القوم﴾ [الأعرَاف: 47]

Ba Sein
၄၇။ သူတို့သည် ငရဲသားတို့ကို လှည့်ကြည့်သောအခါ သူတို့သည် အို-အကျွန်ုပ်တို့၏ ကျေးဇူးတော်သခင် အကျွနု်ပ်တို့ကို ဒုစရိုက်မှု ကျူးလွန်သူတို့နှင့် အတူတကွထားတော်မမူပါနှင့်ဟု ဆုတောင်းကြ၏။
Ghazi Mohammad Hashim
တဖန် ၎င်းတို့၏ မျက်စိများကို ဂျဟန္နမ်ငရဲသားတို့ဘက်သို့ လှည့်လိုက်သောအခါ ထိုသူများက အိုကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤမတရားကျူးလွန်သော သူတို့နှင့်အတူ ထားတော်မမူပါနှင့် ဟု လျှောက်ထားပန်ကြား ကြလိမ့်မည်။(ရကူ)
Hashim Tin Myint
ထို့‌နောက် သူတို့၏မျက်စိများကို ငရဲသားများဘက် လှည့်လိုက်‌သောအခါ သူတို့က ‌ပြောဆိုကြမည်၊ “အို- ကျွန်ုပ်တို့အား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ဤမတရားကျူးလွန်သူများနှင့်အတူ ထား‌တော်မမူပါနှင့်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek