×

အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှ (လူတို့အား) တားဆီးပိတ်ပင်ပြီး ထို (လမ်းစဉ်တော်) ၌ ကွေ့ကောက်မှုကို (မရိုးသားစွာဖြင့်) ရှာဖွေကြသူတို့သည် နောင်တမလွန်ဘဝနှင့်စပ်လျဉ်း၍ မယုံကြည်ငြင်းပယ်ကြသူများပင် ဖြစ်ကြ၏။ 7:45 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:45) ayat 45 in Burmese

7:45 Surah Al-A‘raf ayat 45 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 45 - الأعرَاف - Page - Juz 8

﴿ٱلَّذِينَ يَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجٗا وَهُم بِٱلۡأٓخِرَةِ كَٰفِرُونَ ﴾
[الأعرَاف: 45]

အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှ (လူတို့အား) တားဆီးပိတ်ပင်ပြီး ထို (လမ်းစဉ်တော်) ၌ ကွေ့ကောက်မှုကို (မရိုးသားစွာဖြင့်) ရှာဖွေကြသူတို့သည် နောင်တမလွန်ဘဝနှင့်စပ်လျဉ်း၍ မယုံကြည်ငြင်းပယ်ကြသူများပင် ဖြစ်ကြ၏။

❮ Previous Next ❯

ترجمة: الذين يصدون عن سبيل الله ويبغونها عوجا وهم بالآخرة كافرون, باللغة البورمية

﴿الذين يصدون عن سبيل الله ويبغونها عوجا وهم بالآخرة كافرون﴾ [الأعرَاف: 45]

Ba Sein
၄၅။ ထိုသူတို့သည် လူသားတို့အား အလ္လာဟ်အသျှင်မြတ်၏လမ်းတော်ကြီးမှ ကာဆီးပိတ်ပင်ထားကြ၏။ ထိုလမ်းတော်ကြီးကို ကွေးကောက်သွားစေလိုကြ၏။ နောက်ဆုံးနေ့တော်ကြီးကို မယုံကြည်သူများ ဖြစ်ကြပေသည်။
Ghazi Mohammad Hashim
အကြင် (မတရား ကျူးလွန်သော) သူတို့ သည်အလ္လာဟ်အသျှင်မြတ်၏လမ်းတော်မှ တိမ်းရှောင်ခဲ့ကြသည့်ပြင် ထိုလမ်းတော်၌ အကွေ့အကောက်ကို ရှာဖွေစူးစမ်းခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် နောင်တမလွန်ဘဝကိုလည်း ငြင်းပယ်သူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
Hashim Tin Myint
ထို(မတရားကျူးလွန်)သူများသည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ ပိတ်ပင်တားဆီးခဲ့ကြ၍ ထိုလမ်း‌တော်တွင် ‌ကွေ့‌ကောက်မှုကို ရှာ‌ဖွေခဲ့ကြသည်။* ၎င်းပြင် သူတို့သည် ‌နောင်ဘဝကိုလည်း ငြင်းပယ်သူများ ဖြစ်ခဲ့ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek