×

ဧကန်ပင်၊ ငါအရှင်မြတ်သည် တမန်တော်နူးဟ်ကို သူ့လူမျိုးများထံ (အရှင့်သတင်းစကားတော်အား ပို့ချပေးအပ်ရန်) စေလွှတ်တော်မူခဲ့၏။ (တမန်တော်နူးဟ်က) “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်နာခံကိုးကွယ်ကြလော့။ 7:59 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:59) ayat 59 in Burmese

7:59 Surah Al-A‘raf ayat 59 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 59 - الأعرَاف - Page - Juz 8

﴿لَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦ فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓ إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ عَظِيمٖ ﴾
[الأعرَاف: 59]

ဧကန်ပင်၊ ငါအရှင်မြတ်သည် တမန်တော်နူးဟ်ကို သူ့လူမျိုးများထံ (အရှင့်သတင်းစကားတော်အား ပို့ချပေးအပ်ရန်) စေလွှတ်တော်မူခဲ့၏။ (တမန်တော်နူးဟ်က) “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်နာခံကိုးကွယ်ကြလော့။ သင်တို့အတွက် ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာဟူ၍ အလျှင်း မရှိပေ။ ကျွန်ုပ်သည် သင်တို့အပေါ်၌ အလွန်ကြီးကျယ်သောနေ့ (တမလွန်တရားစီရင်မည့်နေ့) ၏ ပြစ်ဒဏ် (ပေးခံရမည်) ကို အမှန်ပင် စိုးရိမ်ကြောင့်ကြနေ၏။” ဟု ဟောကြားခဲ့၏။

❮ Previous Next ❯

ترجمة: لقد أرسلنا نوحا إلى قومه فقال ياقوم اعبدوا الله ما لكم من, باللغة البورمية

﴿لقد أرسلنا نوحا إلى قومه فقال ياقوم اعبدوا الله ما لكم من﴾ [الأعرَاف: 59]

Ba Sein
၅၉။ ရှေးအတိတ်ကာလ၊ ငါအသျှင်မြတ်သည် တမန်တော်နူဟိုကို သူ၏ အမျိုးသားတို့ထံ စေလွှတ်တော် မူ၏။ သူသည် ဟောကြား၏။ ဟယ်-အချင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်အား ကိုးကွယ် ကြလော့။ သင်တို့၌ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြား အသျှင်သခင်မရှိပေ။ မှတ်သားကြလော့။ အကျွနု်ပ်သည် သင်တို့အတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသော နေ့တော်ကြီး၏ ဂလဲ့စားခြေ အပြစ်ဒဏ်ကို ကြောက်လှပေ၏။
Ghazi Mohammad Hashim
စင်စစ်ဧကန် ငါအရှင်မြတ်သည် (နဗီတမ်တော်)နူဟ်ကို၊ ၎င်း၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့လေသည်။ထိုအခါ ယင်း(နဗီတမန်တော်) နူဟ်က (မိမိအမျိုးသားတို့အား)အို-ငါ၏ အမျိုးသား အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့၌အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အလျဉ်းမရှိပြီ။ ငါသည် အသင်တို့အပေါ်၌ အလွန် ကြီးကျယ်သောနေ့၏ ပြစ်ဒဏ် (သက်ရောက်မည်) ကို မလွဲဧကန် စိုးရိမ်မိသည်ဟုပြောကြားခဲ့လေသည်။
Hashim Tin Myint
အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)နူးဟ်ကို ၎င်း၏အမျိုးသားများထံ ‌စေလွှတ်‌တော်မူခဲ့သည်။ ၎င်း(တမန်‌တော်နူးဟ်)က ‌ပြောဆိုခဲ့သည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါ။ အသင်တို့တွင် ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ငါသည် အသင်တို့အ‌ပေါ်တွင် အလွန်ကြီး‌လေး‌သော‌နေ့၏ပြစ်ဒဏ်ကို အမှန်စင်စစ် စိုးရိမ်မိသည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek