Quran with Burmese translation - Surah Al-A‘raf ayat 7 - الأعرَاف - Page - Juz 8
﴿فَلَنَقُصَّنَّ عَلَيۡهِم بِعِلۡمٖۖ وَمَا كُنَّا غَآئِبِينَ ﴾
[الأعرَاف: 7]
﴿فلنقصن عليهم بعلم وما كنا غائبين﴾ [الأعرَاف: 7]
Ba Sein ၇။ ထိုအခါ ငါသည် သူတို့အား ၎င်းတို့၏ပြုကျင့်မှုများကို သိတော်မူသည့်အတိုင်း မုချမိန့်တော်မူမည်။ အကြောင်းမူကား ငါသည် သူတို့ထံမှ ဝေးကွာ၍ ရှိတော်မမူပေ။ |
Ghazi Mohammad Hashim ထို့နောက် ငါအရှင်သည် ၎င်းတို့ရှေ့ဝယ် (အလုံးစုံတို့ကို) အကြွင်းမဲ့ သိရှိတော်မူသည့်အတိုင်း(ပြန်လည်)မိန့်ကြားတော်မူအံ့။ အမှန်စင်စစ် သော်ကား ငါအရှင်မြတ်သည် မည်သည့်အခြေအနေ မည်သည့်အချိန်၌မျှ ပျောက်ကွယ်နေတော်မူသည် မဟုတ်ချေ။ |
Hashim Tin Myint ၎င်းပြင် ငါအရှင်မြတ်သည် သူတို့ရှေ့၌ (သူတို့၏ အခြေအနေများကို ကိုယ်တိုင်)သိရှိထားတော်မူသည့်အတိုင်း အမှန်ပြောပြတော်မူမည်။* ၎င်းပြင် ငါအရှင်မြတ်သည် (ဖြစ်ပျက်သမျှ မသိရဘဲ)ပျောက်ကွယ်နေခဲ့သည် မဟုတ်ပေ။ |