Quran with Burmese translation - Surah Al-A‘raf ayat 73 - الأعرَاف - Page - Juz 8
﴿وَإِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ قَدۡ جَآءَتۡكُم بَيِّنَةٞ مِّن رَّبِّكُمۡۖ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةٗۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٖ فَيَأۡخُذَكُمۡ عَذَابٌ أَلِيمٞ ﴾
[الأعرَاف: 73]
﴿وإلى ثمود أخاهم صالحا قال ياقوم اعبدوا الله ما لكم من إله﴾ [الأعرَاف: 73]
Ba Sein ၇၃။ စမူဒ်လူမျိုးတို့ထံ သူတို့၏သားချင်း ဆွာလေ့(ဟ်)ကို ငါအသျှင်မြတ် စေလွှတ်တော်မူ၏။ သူသည် ဟောပြော၏။ ဟယ်-အမျိုးသားအပေါင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်ကိုသာလျှင် ကိုးကွယ် ကြလော့။ သင်တို့၌ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားအသျှင်သခင်မရှိပေ။ သင်တို့၏ ကျေးဇူးတော်သခင်ထံမှ သင်တို့ထံသို့ အံ့ဖွယ်သူရဲတစ်ပါး ကျရောက်လာပြီ။ မှတ်သားကြလော့။ ဤကုလားအုပ်သည် အလ္လာဟ်အသျှင်မြတ်၏ ကုလားအုပ်မဖြစ်၏။ သင်တို့အတွက် သက်သေ သာဓကတော်ကြီးဖြစ်၏။ ထို့ကြောင့် သင်တို့သည် ပြင်းထန်သောအပြစ်ဒဏ်ဘေးမှ လွတ်ကင်း စေခြင်းငှာ ထိုကုလားအုပ်မကို အလ္လာဟ်အသျှင်မြတ်၏ ပထဝီမြေတစ်ဝှမ်းတွင် ကျက်စားစေလော့။ သူမကို ဘေးဥပါဒ်မပြုကြလင့်။ |
Ghazi Mohammad Hashim ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ဆမူဒ်အမျိုးသားတို့ထံ ၎င်းတို့၏ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်) ဆွာလိဟ် အား (စေလွှတ်တော်မူခဲ့လေသည်)။ထိုအခါ ယင်း(နဗီတမန်တော် ဆွာလိဟ်က (မိမိ၏အမျိုးသားတို့အား) အို-ငါ၏ အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်(တစ်ဆူတည်းကိုသာလျှင်)ခဝပ်ကိုးကွယ်ကြလေကုန်။(စင်စစ်တမူကား) အသင်တို့၌ ထိုအရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ ဧကန်စင်စစ် အသင်တို့ထံ အသင်တို့၏အရှင်မြတ် အထံတော်မှ ထင်ရှားလှစွာသောသက်သေသာဓကသည် ရောက်ရှိခဲ့ချေပြီ။ ဤသည် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မပင်ဖြစ်သည်။ အသင်တို့အဖို့လက္ခဏာတစ်ရပ်အဖြစ် (စေလွှတ်တော်မူ၏။) သို့ဖြစ်ရာအသင်တို့သည် ထိုကုလားအုတ်မကို အလ္လာဟ်အရှင်မြတ်၏ပထဝီမြေပြင်ဝယ် စားသောက်(သွားလာ)ရန် လွှတ်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုကုလားအုတ်မကိုမကောင်းသောစေတနာနှင့် မထိကြကုန်လင့်။ သို့မဟုတ်လျှင်ပြင်းပြနာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီးကွပ်မျက်လိမ့်မည် ဟု ပြောကြားတော်မူခဲ့လေသတည်း။ |
Hashim Tin Myint ထို့နောက် ဆမူဒ်အမျိုးသားများထံ သူတို့၏ညီနောင်ဖြစ်သော စွာလိဟ်ကို (စေလွှတ်တော်မူခဲ့သည်)။ ၎င်း(တမန်တော်စွာလိဟ်)က ပြောဆိုသည်- “အို- ငါ၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါ။ အသင်တို့တွင် ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သောအရှင် မရှိပေ။ အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ထံတော်မှ ထင်ရှားသော သက်သေသာဓက ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မဖြစ်သည်။ အသင်တို့အတွက် သက်သေလက္ခဏာတစ်ခု(အဖြစ် လွှတ်လိုက်ခြင်း)ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုကုလားအုတ်မကို အလ္လာဟ်အရှင်မြတ်၏ မြေပထဝီတွင် စားသောက်ရန် လွှတ်ထားကြပါ။ ၎င်းပြင် အသင်တို့သည် ထိုကုလားအုတ်မကို မကောင်းသောရည်ရွယ်ချက်ဖြင့် မထိကြနှင့်။ ထိုသို့(ထိလိုက်မည်)ဆိုလျှင် အလွန်နာကျင်စေသော အပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီးကွပ်မျက်လိမ့်မည်။ |