×

သူ့လူမျိုးတို့အနက်မှ မောက်မာပြီး အခြားသူတို့အား ဖိနှိပ်ချုပ်ချယ်သော အကြီးအကဲတို့က ယုံကြည်သူတို့ အနက်မှ အားနည်းသည်ဟု ထင်ရသူတို့အား (အထင်သေးစွာဖြင့်) တမန်တော်ဆွာလေဟ်သည် သူ့အား 7:75 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:75) ayat 75 in Burmese

7:75 Surah Al-A‘raf ayat 75 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 75 - الأعرَاف - Page - Juz 8

﴿قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ مِن قَوۡمِهِۦ لِلَّذِينَ ٱسۡتُضۡعِفُواْ لِمَنۡ ءَامَنَ مِنۡهُمۡ أَتَعۡلَمُونَ أَنَّ صَٰلِحٗا مُّرۡسَلٞ مِّن رَّبِّهِۦۚ قَالُوٓاْ إِنَّا بِمَآ أُرۡسِلَ بِهِۦ مُؤۡمِنُونَ ﴾
[الأعرَاف: 75]

သူ့လူမျိုးတို့အနက်မှ မောက်မာပြီး အခြားသူတို့အား ဖိနှိပ်ချုပ်ချယ်သော အကြီးအကဲတို့က ယုံကြည်သူတို့ အနက်မှ အားနည်းသည်ဟု ထင်ရသူတို့အား (အထင်သေးစွာဖြင့်) တမန်တော်ဆွာလေဟ်သည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်ထံတော်မှ သတင်းကောင်းနှင့်အတူ စေလွှတ်တော်မူခြင်းခံရကြောင်းကို သင်တို့က အမှန်ပင် သိနားလည်ပြီး ယုံကြည်ကြပါသလော။” ဟု မေးမြန်းခဲ့ကြရာ သူတို့က “ကျွန်ုပ်တို့သည် သူ့အား (အရှင့်အမိန့်တော်နှင့်အတူ) စေလွှတ်တော်မူခြင်းခံရသည့်အတိုင်းပင် (သူနှင့်သူပို့ချပေးအပ်ရာတို့ကို) ယုံကြည်ကြပါ၏။” ဟု ဖြေဆိုခဲ့ကြသည်။

❮ Previous Next ❯

ترجمة: قال الملأ الذين استكبروا من قومه للذين استضعفوا لمن آمن منهم أتعلمون, باللغة البورمية

﴿قال الملأ الذين استكبروا من قومه للذين استضعفوا لمن آمن منهم أتعلمون﴾ [الأعرَاف: 75]

Ba Sein
၇၅။ သူ၏အမျိုးသားထဲမှ မာနကြီး၍ မထီမဲ့မြင်ပြုတတ်သော ရှေ့ဆောင်လူကြီးများသည် သူတို့ မလေး မစား ဂုဏ်နိမ့်သူများဟုထင်သော ယုံကြည်သူသားချင်းတို့အား ပြောကြ၏။ ဆွာလေ(ဟ်)အား သူ၏ ကျေးဇူးတော်သခင် စေလွှတ်တော်မူသော တမန်တော်ဖြစ်ကြောင်းကို သင်တို့သိကြသလော။ သူတို့က မှတ်သားကြလော့။ အကျွနု်ပ်တို့သည် သူ့အား တမန်တော်အဖြစ်ဖြင့် စေလွှတ်တော်မူ ကြောင်းကို ယုံကြည်သူများဖြစ်ကြ၏။
Ghazi Mohammad Hashim
ထိုအခါ (နဗီတမန်တော် ဆွာလိဟ်)၏ အမျိုးသားတို့အနက် မောက်မာပလွှားသော အကြီးအကဲများက အားနည်းသူများဟု အထင်ခံကြရသူတို့အနက်မှ သက်ဝင်ယုံကြည်သူတို့အားဆွာလိဟ်သည် ၎င်း၏အရှင်မြတ်အထံတော်မှ စေလွှတ်တော်မူသော ရစူလ်တမန်တော်ဖြစ်ကြောင်း အသင်တို့ယုံကြည်ကြပါသလောဟုမေးမြန်းကြကုန်၏။ ထိုအခါ၎င်း(သက်ဝင်ယုံကြည်သူ)တို့က ကျွန်ုပ်တို့သည် ထို(ရစူလ်တမန်တော်)ဆွာလိဟ် ယူဆောင်လာသော အမိန့်တော်များကို သက် ဝင်ယုံကြည်သူများပင် ဖြစ်ကြပါသည် ဟု ဖြေကြားကြလေသတည်း။
Hashim Tin Myint
၎င်း၏အမျိုးသားများထဲမှ မာန‌ထောင်လွှား‌သော အကြီးအကဲများက အားနည်းသူများဟု အထင်ခံကြရသူများထဲမှ ယုံကြည်‌သောသူများအား (ဤသို့)‌ပြောဆို‌မေးမြန်းကြသည်- “စွာလိဟ်သည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ‌စေလွှတ်‌တော်မူခြင်းခံရ‌သော တမန်‌တော်ဖြစ်‌ကြောင်း အသင်တို့ ယုံကြည်ကြသ‌လော။“ ထိုသူများက ပြန်လည်‌ပြောဆို‌ဖြေကြားသည်- “ကျွန်ုပ်တို့သည် ထိုစွာလိဟ် ယူ‌ဆောင်လာ‌သောအမိန့်‌တော်များကို ယုံကြည်သူများဖြစ်ကြပါသည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek