×

သူတို့သည် သူတို့၏ (ခွင့်မလွတ်နိုင်သော) ပြစ်မှုတို့ကြောင့်ပင် (လောကီဘဝတွင် ဆူနာမီရေကြီးမှု၌) နစ်မြှုပ်စေခြင်းခံခဲ့ကြရသည့်အပြင် (နောင်တမလွန်ဘဝတွင်လည်း) သူတို့သည် ငရဲမီးထဲသို့ ဝင်ရောက်စေခြင်း ခံကြရမည်သာ 71:25 Burmese translation

Quran infoBurmeseSurah Nuh ⮕ (71:25) ayat 25 in Burmese

71:25 Surah Nuh ayat 25 in Burmese (البورمية)

Quran with Burmese translation - Surah Nuh ayat 25 - نُوح - Page - Juz 29

﴿مِّمَّا خَطِيٓـَٰٔتِهِمۡ أُغۡرِقُواْ فَأُدۡخِلُواْ نَارٗا فَلَمۡ يَجِدُواْ لَهُم مِّن دُونِ ٱللَّهِ أَنصَارٗا ﴾
[نُوح: 25]

သူတို့သည် သူတို့၏ (ခွင့်မလွတ်နိုင်သော) ပြစ်မှုတို့ကြောင့်ပင် (လောကီဘဝတွင် ဆူနာမီရေကြီးမှု၌) နစ်မြှုပ်စေခြင်းခံခဲ့ကြရသည့်အပြင် (နောင်တမလွန်ဘဝတွင်လည်း) သူတို့သည် ငရဲမီးထဲသို့ ဝင်ရောက်စေခြင်း ခံကြရမည်သာ ဖြစ်၏။ သို့ဖြစ်ပေရာ သူတို့သည် အလ္လာဟ်အရှင်မြတ် (၏ပြစ်ဒဏ်) နှင့်ဆန့်ကျင်၍ သူတို့အ တွက် ကူညီစောင်မမည့်သူဟူ၍ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အလျှင်း ရှာတွေ့ကြမည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: مما خطيئاتهم أغرقوا فأدخلوا نارا فلم يجدوا لهم من دون الله أنصارا, باللغة البورمية

﴿مما خطيئاتهم أغرقوا فأدخلوا نارا فلم يجدوا لهم من دون الله أنصارا﴾ [نُوح: 25]

Ba Sein
၂၅။ သူတို့သည် မိမိတို့အပြစ်များကြောင့် ရေတွင် နစ်မြုပ်သေဆုံးကြရ၏၊ ထို့နောက်အဝီစငရဲသို့ လားကြရ၏၊ ၄င်းအပြင်ထိုသူတို့သည် မိမိတို့မှာ အလ္လာဟ်အရှင်မြတ်အစား အခြားကူညီသူများမရှိကြောင်းသိကြရ၏။
Ghazi Mohammad Hashim
၎င်းတို့သည် မိမိတို့၏ပြစ်မှုတို့ကြောင့်ပင် နစ်မြှုပ်စေခြင်းကို ခံခဲ့ကြရလေ၏။ တစ်ဖန် ၎င်းတို့သည် ငရဲမီးထဲသို့ ဝင်ရောက်စေခြင်းကို ခံခဲ့ကြရကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်ပြိုင်၍ ကူညီစောင်မအံ့သောသူများဟူ၍ တစ်ဦးတစ်ယောက်မျှပင် တွေ့ရှိခဲ့ကြသည်မဟုတ်ပေ။
Hashim Tin Myint
သူတို့သည် သူတို့၏ပြစ်မှုများ‌ကြောင့်ပင် နစ်မြုပ်‌စေခြင်းကို ခံခဲ့ကြရသည်။ ထို့ပြင် သူတို့သည် ငရဲမီးထဲသို့လည်း ဝင်‌ရောက်‌စေခြင်းခံခဲ့ကြရသည်။ သို့ဖြစ်ရာ သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကူညီမည့်သူ မည်သူ့ကိုမျှ မ‌တွေ့ခဲ့ကြ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek