×

(ထိုသို့ နာခံလိုက်နာရခြင်းသည်) ထိုအရှင်မြတ်သည် (ကျူးလွန်ခဲ့သောပြစ်မှုများကြောင့် ထိုက်တန်သော ပြစ်ဒဏ်ဖြင့် အရေးယူတော်မမူဘဲ) သင်တို့၏မှားယွင်းမှုများနှင့်ပြစ်မှုများကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူမည့်အပြင် သင်တို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော 71:4 Burmese translation

Quran infoBurmeseSurah Nuh ⮕ (71:4) ayat 4 in Burmese

71:4 Surah Nuh ayat 4 in Burmese (البورمية)

Quran with Burmese translation - Surah Nuh ayat 4 - نُوح - Page - Juz 29

﴿يَغۡفِرۡ لَكُم مِّن ذُنُوبِكُمۡ وَيُؤَخِّرۡكُمۡ إِلَىٰٓ أَجَلٖ مُّسَمًّىۚ إِنَّ أَجَلَ ٱللَّهِ إِذَا جَآءَ لَا يُؤَخَّرُۚ لَوۡ كُنتُمۡ تَعۡلَمُونَ ﴾
[نُوح: 4]

(ထိုသို့ နာခံလိုက်နာရခြင်းသည်) ထိုအရှင်မြတ်သည် (ကျူးလွန်ခဲ့သောပြစ်မှုများကြောင့် ထိုက်တန်သော ပြစ်ဒဏ်ဖြင့် အရေးယူတော်မမူဘဲ) သင်တို့၏မှားယွင်းမှုများနှင့်ပြစ်မှုများကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူမည့်အပြင် သင်တို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းခွင့်ပေးတော်မူရန်ပင် ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်ပြဋ္ဌာန်းတော်မူသောအချိန်ကာလ ဆိုက်ရောက်လာသောအခါ ရွှေ့ဆိုင်းခွင့်ရမည် မဟုတ်ကြောင်းကို အကယ်၍ သင်တို့ သိနားလည်ကြလျှင် ကောင်းလေစွ။

❮ Previous Next ❯

ترجمة: يغفر لكم من ذنوبكم ويؤخركم إلى أجل مسمى إن أجل الله إذا, باللغة البورمية

﴿يغفر لكم من ذنوبكم ويؤخركم إلى أجل مسمى إن أجل الله إذا﴾ [نُوح: 4]

Ba Sein
၄။ သို့မှသာလျှင် အရှင်မြတ်သည် သင်တို့၏အပြစ်များအနက် အချို့ကို ခွင့်လွှတ်တော်မူမည်၊ သင်တို့ကို သတ်မှတ် ထားတော်မူသောကာလတိုင်အောင် ရက်ချိန်းပေးတော်မူမည်၊ အလ္လာဟ်အရှင်မြတ်ချိန်းထားတော်မူသောအချိန် ကာလကျရောက်လာသောအခါ ထိုအချိန်ကို မရွှေ့ဆိုင်းနိုင်ချေ၊ သင်တို့သည် သိကြလျှင် တော်လေစွ။
Ghazi Mohammad Hashim
ထိုအရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ် ချမ်းသာပေးတော်မူမည့်ပြင် ထိုအရှင်မြတ်သည် အသင်တို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းခွင့် ပေးတော်မူပေမည်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းတော် မူသောအချိန်ကာလသည် ဆိုက်ရောက်လာသောအခါ ရွှေ့ဆိုင်း၍ရမည် မဟုတ်ပေ။ အကယ်၍ အသင်တို့ သည် (ဤသည်ကို) သိရှိကြပါလျှင် ကောင်းလေစွတကား။
Hashim Tin Myint
အရှင်မြတ်သည် အသင်တို့၏ ပြစ်မှုများကို ခွင့်လွှတ်ချမ်းသာ‌ပေး‌တော်မူမည့်အပြင် အရှင်မြတ်သည် အသင်တို့အား သတ်မှတ်ထားသည့်အချိန်ထိ ဆိုင်းငံ့ခွင့်‌ပေး‌တော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားသည့်အချိန်‌ရောက်လာလျှင် ဆိုင်းငံ့၍ရမည်မဟုတ်‌ပေ။ အကယ်၍ အသင်တို့သည် သိရှိခဲ့ကြလျှင် ‌ကောင်း‌လေစွ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek