Quran with Burmese translation - Surah Al-Jinn ayat 12 - الجِن - Page - Juz 29
﴿وَأَنَّا ظَنَنَّآ أَن لَّن نُّعۡجِزَ ٱللَّهَ فِي ٱلۡأَرۡضِ وَلَن نُّعۡجِزَهُۥ هَرَبٗا ﴾
[الجِن: 12]
﴿وأنا ظننا أن لن نعجز الله في الأرض ولن نعجزه هربا﴾ [الجِن: 12]
Ba Sein ၁၂။ ကမ္ဘာ တစ်ခွင် မြေအပြင်တွင် အလ္လာဟ်အရှင်မြတ်အထံတော်မှ ငါတို့မလွှတ်နိုင်ကြောင်းကို ငါတို့ သိကြ၏။ထိုအပြင် ငါတို့သည် တောင်မြောက်လေးပါးပြေးလွှားခြင်းအားဖြင့် အရှင်မြတ်၏ လက်တော်မှ မလွတ်နိုင်ချေ။ |
Ghazi Mohammad Hashim သို့ရာတွင် စင်စစ်ဧကန် ကျွန်ုပ်တို့သည် ၎င်းအရှင်မြတ်အား ပထဝီမြေပေါ်၌လည်း မစွမ်းဆောင်နိုင်အောင် အလျှင်းပြုလုပ်နိုင်ကြမည် မဟုတ် ကြောင်းကိုလည်းကောင်း၊ (ပထဝီမြေမှ)ထွက်ပြေး တိမ်းရှောင်ခြင်းအားဖြင့်လည်း ထိုအရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် အလျှင်းပြုလုပ်နိုင်ကြမည် မဟုတ်ကြောင်းကိုလည်းကောင်း၊ သိရှိပြီးဖြစ်ခဲ့ကြလေပြီ။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မြေပထဝီပေါ်တွင်လည်း မစွမ်းဆောင်နိုင်အောင် လုံးဝပြုလုပ်နိုင်ကြမည်မဟုတ်ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်ခြင်းအားဖြင့်လည်း အရှင်မြတ်ကို မစွမ်းဆောင်နိုင်အောင် လုံးဝပြုလုပ်နိုင်ကြမည်မဟုတ်ကြောင်းကို သိရှိခဲ့ပြီးဖြစ်သည်။ |