Quran with Burmese translation - Surah Al-Qiyamah ayat 5 - القِيَامة - Page - Juz 29
﴿بَلۡ يُرِيدُ ٱلۡإِنسَٰنُ لِيَفۡجُرَ أَمَامَهُۥ ﴾
[القِيَامة: 5]
﴿بل يريد الإنسان ليفجر أمامه﴾ [القِيَامة: 5]
Ba Sein ၅။ သို့သော်လူသားသည် မိမိရှေ့မှောက်ရှိသည်ကိုပင် ငြင်းဆန်လို၏။ |
Ghazi Mohammad Hashim စင်စစ်မှာကား လူသားသည် မိမိရှေ့အနာဂတ်ကာလ၌ဖြစ်အံ့သော "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်လို၏။(တစ်နည်း) စင်စစ်မှာကား လူသားသည် အနာဂတ်ကာလ၌လည်း ပြစ်မှုဒုစရိုက် ကျူးလွန်လို၏။ |
Hashim Tin Myint အမှန်စင်စစ် လူသားသည် သူ၏ ရှေ့ အနာဂတ်တွင် အမိန့်ဖီဆန်မှုများကိုပင် ကျူးလွန်လိုသည်။(ကိယာမသ်လာချင်လာစမ်းပါစေ၊ မည်သည့်အရာဖြစ်မည်နည်း ကြည့်ကြ မည်ဆိုသည့်အနေနှင့် ဆိုးသွမ်းနေခြင်းဖြစ်သည်)။ |