لَا أُقْسِمُ بِيَوْمِ الْقِيَامَةِ (1) (လူသားက ထင်ရာစိုင်းလုပ်ပြီး လွတ်သွားနိုင်မည်ဟု ထင်မှတ်နေကြ၏။) ထိုသို့အလျှင်း မဟုတ်ပေ။ ငါ အရှင်မြတ်သည် (လူသားတို့၏ပြုမူကျင့်ကြံမှုဟူသမျှနှင့်စပ်လျဥ်း၍ တရားစီရင်မည့်နေ့) ရှင်ပြန်ထမည့်နေ့ကို သက်သေထူ ကျိန်ဆိုတော်မူ၏။ |
وَلَا أُقْسِمُ بِالنَّفْسِ اللَّوَّامَةِ (2) (လူသားက ထင်ရာစိုင်းလုပ်ပြီး လွတ်သွားနိုင်မည်ဟု ထင်မှတ်နေကြ၏။) ထိုသို့အလျှင်း မဟုတ်ပေ။ ငါအရှင်မြတ်သည် (လူသား၏မိမိကိုယ်ကို သတိရှိလျက်) လွန်စွာပြစ်တင်ဆုံးမတတ်သောနဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သက်သေထူ ကျိန်ဆိုတော်မူ၏။ |
أَيَحْسَبُ الْإِنسَانُ أَلَّن نَّجْمَعَ عِظَامَهُ (3) လူသားသည် (ကွယ်လွန်သေဆုံး၍ ပုပ်သိုးပျက်စီးသွားသော) သူ၏အရိုးများကို ငါအရှင်မြတ်က ပြန်လည် စုစည်းစေတော်မူနိုင်မည်မဟုတ်ဟု တွက်ချက်တွေ့မြင်ထင်မှတ်နေသလော။ |
بَلَىٰ قَادِرِينَ عَلَىٰ أَن نُّسَوِّيَ بَنَانَهُ (4) ဧကန်မုချပင်၊ စုစည်းတော်မူနိုင်၏။ ငါအရှင်မြတ်သည် လူသား၏လက်ဖျားထိပ်မှသည် (ခန္ဓာကိုယ် တစ်ခုလုံးပင်လျှင် မူလအခြေအနေအတိုင်း ပြန်လည်၍ အရှင့်စည်းမျဥ်းနိယာမတော်နှင့်အညီ) ပုံဖော်နိုင်စွမ်းရှိ တော်မူသောအရှင် ဖြစ်တော်မူ၏။ |
بَلْ يُرِيدُ الْإِنسَانُ لِيَفْجُرَ أَمَامَهُ (5) သို့ရာတွင် လူသားသည် (သူ၏အလိုရမ္မက်နှင့်အညီသာ စိတ်ကြိုက် တစ်ဇွတ်ထိုးရွေးချယ်လုပ်ဆောင် လျက်) သူ့ရှေ့အနာဂတ်ကာလ၌ (ရှင်ပြန်ထမည့်နေ့ရှိခြင်းကိုပင် မမှန်မကန် လိမ်လည်စွပ်စွဲ၍) အမှန်ပင် ငြင်းပယ်လို၏။ |
يَسْأَلُ أَيَّانَ يَوْمُ الْقِيَامَةِ (6) လူသားက “ရှင်ပြန်ထမည့်နေ့သည် မည်သည့်အခါ၌ ဖြစ်မည်နည်း။”ဟု မေးမြန်း၏။ |
فَإِذَا بَرِقَ الْبَصَرُ (7) သို့ဖြစ်ပေရာ (ကြောက်ရွံ့စိုးရိမ်စိတ်ကြောင့်) အမြင်စွမ်းရည်များ ရှုပ်ထွေး၍ မွှန်ထူလျက် ဝေခွဲမရဖြစ်သည့်အခါ။ |
وَخَسَفَ الْقَمَرُ (8) ထို့ပြင် လသည် အလင်းရောင်ကင်းမဲ့လျက် မှောင်မည်းလာသည့်အခါ။ |
وَجُمِعَ الشَّمْسُ وَالْقَمَرُ (9) ထို့ပြင် နေနှင့်လတို့သည် တစ်ပြိုင်တည်း ပေါင်းစပ်ခြင်းခံကြရပေမည်။ |
يَقُولُ الْإِنسَانُ يَوْمَئِذٍ أَيْنَ الْمَفَرُّ (10) ထိုနေ့တွင် လူသားတို့က “(ကျွန်ုပ်တို့အတွက်) ထွက်ပြေးလွတ်မြောက်ရာ အဘယ်မှာနည်း။” ဟု မေးမြန်းကြပေမည်။ |
كَلَّا لَا وَزَرَ (11) မည်သည့်နည်းနှင့်မျှ ထွက်ပြေးလွတ်မြောက်ရာ မရနိုင်ပေ။ ထွက်ပြေးခိုလှုံရာဟူ၍ အလျှင်း ရှိလိမ့်မည် မဟုတ်ပေ။ |
إِلَىٰ رَبِّكَ يَوْمَئِذٍ الْمُسْتَقَرُّ (12) ထိုနေ့တွင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်သို့သာ (လူ့ဘဝ၏နောက်ဆုံးခရီးပန်းတိုင်) ထာဝရ ခိုလှုံရာဌာနသည် ရှိလိမ့်မည်ဖြစ်၏။ |
يُنَبَّأُ الْإِنسَانُ يَوْمَئِذٍ بِمَا قَدَّمَ وَأَخَّرَ (13) ထိုနေ့တွင် လူသားသည် (လောကီဘဝ၌ ကောင်းမှုကုသိုလ်များနှင့်မကောင်းမှုအကုသိုလ်များကို ပြုမူကျင့်ကြံ၍ တမလွန်၌ ဆုလဒ်နှင့်ပြစ်များ ရရှိခံစားနိုင်ရန်) ကြိုတင်ပို့နှင့်ခဲ့သမျှနှင့်စပ်လျဉ်း၍လည်းကောင်း၊ (နောင်လာနောင်သားတို့အတွက်) ချန်ထားခဲ့သမျှနှင့်စပ်လျဥ်း၍လည်းကောင်း၊ အကြောင်းကြား သတင်းပေးခြင်း ခံရမည်ဖြစ် (၍ ကောင်းကျိုးဆိုးကျိုးကို သိနားလည်လာ) လိမ့်မည်။ |
بَلِ الْإِنسَانُ عَلَىٰ نَفْسِهِ بَصِيرَةٌ (14) အမှန်စင်စစ် လူသားသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ဆန့်ကျင်၍ သူကိုယ်တိုင် မျက်မြင်သက်သေ ဖြစ်လိမ့်မည်။ |
وَلَوْ أَلْقَىٰ مَعَاذِيرَهُ (15) စင်စစ် သူသည် သူ၏ဆင်ခြေအကြောင်းပြချက်များကို (မည်မျှပင်) တင်ပြသော်ငြားလည်း။ |
لَا تُحَرِّكْ بِهِ لِسَانَكَ لِتَعْجَلَ بِهِ (16) အသင်သည် (ကောင်းကင်စေတမန် ဂျီးဗ်ရီလ်သည် ကုရ်အာန်ကျမ်းလာ အာယသ်သက်သေလက္ခဏာ တော်များကို ရွတ်ဖတ်တော်မူသည့်အခါ ယင်းကို သင်၏နှလုံးသား၌) အလျှင်အမြန် ထိန်းသိမ်းထားနိုင်ရန်အလို့ ငှာ ယင်းနှင့်စပ်လျဉ်း၍ သင်၏လျှာကို (စိတ်စောလျက်) မလှုပ်လေနှင့်။ |
إِنَّ عَلَيْنَا جَمْعَهُ وَقُرْآنَهُ (17) ဧကန်စင်စစ်၊ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို စုဆောင်းထိန်းသိမ်းစေခြင်းနှင့်ယင်းကို ဖတ်ရွတ်စေခြင်းသည် ငါအရှင်မြတ်၏တာဝန်ဖြစ်၏။ |
فَإِذَا قَرَأْنَاهُ فَاتَّبِعْ قُرْآنَهُ (18) သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို ဖတ်ကြားစေတော်မူသောအခါ အသင်သည် ယင်း (ကုရ်အာန်) ၏ဖတ်ကြားချက်ကို နာခံလိုက်နာလော့။ |
ثُمَّ إِنَّ عَلَيْنَا بَيَانَهُ (19) ထို့နောက် ဧကန်ပင်၊ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို ရှင်းပြစေခြင်းသည်လည်း ငါအရှင်မြတ်၏တာဝန်သာ ဖြစ်၏။ |
كَلَّا بَلْ تُحِبُّونَ الْعَاجِلَةَ (20) အမှန်မှာ၊ သင်တို့ (လူသား) က ယင်းကို လိုက်နာခြင်းမရှိဘဲ (လောကီဘဝ၌သာ ရရှိခံစားနိုင်သော) လတ်တလော (အကျိုးအမြတ်များကိုသာ ပိုမို၍ လိုလား) နှစ်သက်ကြ၏။ |
وَتَذَرُونَ الْآخِرَةَ (21) ထို့ပြင် သင်တို့သည် (လုပ်ရပ်ဟူသမျှအတွက် စီရင်ဆုံးဖြတ်တော်မူမည်ကို မယုံကြည်ဘဲ) နောင်တမလွန်ဘဝအား စွန့်လွှတ်ပစ်ပယ်ထားကြ၏။ |
وُجُوهٌ يَوْمَئِذٍ نَّاضِرَةٌ (22) ထိုနေ့တွင် မျက်နှာအချို့သည် (သူတို့လုပ်ရပ်များ၏အကျိုးဆက်ကြောင့် အားရကျေနပ်လျက်) ရွှင်လန်း တောက်ပနေကြပေမည်။ |
إِلَىٰ رَبِّهَا نَاظِرَةٌ (23) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ဘက်သို့ ဦးတည်ရှေးရှုကြပေမည်။ |
وَوُجُوهٌ يَوْمَئِذٍ بَاسِرَةٌ (24) သို့ရာတွင် ထို့နေ့၌ မျက်နှာအချို့သည်ကား (သူတို့၏မကောင်းသောလုပ်ရပ်များကြောင့် အရေးယူခံမည် ဖြစ်၍ မျှော်လင့်ချက်ကင်းမဲ့လျက်) ရှုံ့မဲ့ညှိုးနွမ်းနေကြပေမည်။ |
تَظُنُّ أَن يُفْعَلَ بِهَا فَاقِرَةٌ (25) သူတို့၌ ခါးရိုးကျိုးစေမည့် (ပြစ်ဒဏ်ဆိုင်ရာ) ဘေးဒုက္ခဝေဒနာများရောက်စေတော်မူခြင်းနှင့်စပ်လျဉ်း၍ တွေးတောနေကြလိမ့်မည်။ |
كَلَّا إِذَا بَلَغَتِ التَّرَاقِيَ (26) ထိုမျှမက အမှန်မှာ၊ ယင်း (ဘဝနိဂုံးချုပ်ချိန်) သည် လည်ပင်း၏ညှပ်ရိုးအထိ ရောက်ရှိလာသောအခါ (ဘဝသည် အဓိပ္ပါယ်မဲ့လျက် ကျန်ရစ်နေမည်မှာ သံသယဖြစ်စရာ မလိုပေ။) |
وَقِيلَ مَنْ ۜ رَاقٍ (27) ထို့ပြင် သူသည် “(ယခုအခါ သင့်အား) ကုစားမည့် မှော်ဆရာ မည်သူနည်း။“ဟု မေးမြန်းခြင်းခံရမည်။ |
وَظَنَّ أَنَّهُ الْفِرَاقُ (28) ထို့ပြင် ဧကန်စင်စစ်၊ ယင်း (အချိန်) သည်ကား (လောကီဘဝမှ) စွန့်ခွာရမည့်အချိန်ဖြစ်သည်။” ဟု အသေအချာပင် ထင်မှတ်လိမ့်မည်။ |
وَالْتَفَّتِ السَّاقُ بِالسَّاقِ (29) ထို့ပြင် (သေခြင်းတရား၏မချိမဆံ့ဝေဒနာကို ခံစားလျက်) ခြေသလုံးသည် ခြေသလုံးဖြင့် လိမ်ယှက်သွားပေမည်။ |
إِلَىٰ رَبِّكَ يَوْمَئِذٍ الْمَسَاقُ (30) ထိုနေ့တွင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ဘက်သို့ ဦးတည်မောင်းနှင်ခံရသူအဖြစ် ပြန်သွားရပေမည်။ |
فَلَا صَدَّقَ وَلَا صَلَّىٰ (31) စင်စစ်သော်ကား လူသားသည် (သူ့ထံ အရှင့်သတင်းစကားတော်အဖြစ် ရောက်ရှိလာသော) အမှန်တရားကို ဟုတ်မှန်ကြောင်း ယုံကြည်ထောက်ခံသည် မဟုတ်သည့်အပြင် ဆွလာသ်ဝတ်ပြုမှုကိုလည်း ဆောက် တည်ကြသည် မဟုတ်ပေ။ |
وَلَٰكِن كَذَّبَ وَتَوَلَّىٰ (32) သို့ရာတွင် သူသည် (ထိုအမှန်တရား မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ပြီး မျက်နှာလွှဲကျောခိုင်းခဲ့လေ၏။) |
ثُمَّ ذَهَبَ إِلَىٰ أَهْلِهِ يَتَمَطَّىٰ (33) ထို့နောက် သူသည် သူ့မိသားစုအသိုင်းအဝိုင်းထံသို့ ကိုယ့်ကိုယ်ကို သွေးကြီး၍ အထင်ကြီးလျက် အားရဝမ်းသာသွားလေ၏။ |
أَوْلَىٰ لَكَ فَأَوْلَىٰ (34) အသင့်အပေါ် ဒုက္ခပျက်စီးကိန်းနှင့်ထိုက်တန်သည့်အလျှောက် ထိုက်တန်သော ဒုက္ခပျက်စီးကိန်းရှိပါစေ။” (ဟု အပြောခံရမည်။) |
ثُمَّ أَوْلَىٰ لَكَ فَأَوْلَىٰ (35) ထို့နောက် တစ်ဖန် အသင့်အပေါ် ဒုက္ခပျက်စီးကိန်းနှင့်ထိုက်တန်သည့်အလျှောက် ထိုက်တန်သောဒုက္ခ ပျက်စီးကိန်းရှိပါစေ။” (ဟု အပြောခံရမည်။) |
أَيَحْسَبُ الْإِنسَانُ أَن يُتْرَكَ سُدًى (36) “လူသားသည် (ထင်ရာစိုင်း စိတ်ကြိုက်လုပ်ခြင်းအား အရေးယူမခံရဘဲ) ထိုအတိုင်း ဥပေက္ခာပြုလျက် လွှတ်ထားခြင်းခံရမည်။” ဟု ထင်မှတ်လေသလော။ |
أَلَمْ يَكُ نُطْفَةً مِّن مَّنِيٍّ يُمْنَىٰ (37) ယင်းလူသားသည် သွန်းလောင်းခြင်းခံရသော သုက်ရည်တစ်စက်မှ ဖြစ်စေတော်မူခြင်းခံခဲ့ရသည် မဟုတ်လော။ |
ثُمَّ كَانَ عَلَقَةً فَخَلَقَ فَسَوَّىٰ (38) ယင်းလူသားသည် သွန်းလောင်းခြင်းခံရသော သုက်ရည်တစ်စက်မှ ဖြစ်စေတော်မူခြင်းခံခဲ့ရသည် မဟုတ်လော။ |
فَجَعَلَ مِنْهُ الزَّوْجَيْنِ الذَّكَرَ وَالْأُنثَىٰ (39) ထို့နောက် ထိုအရှင်မြတ်သည် ယင်း (တွယ်ကပ်နေသောအရာ) မှ (အဖိုနှင့်အမ) ဒွယံဒွယံ စီမံဖြစ်စေတော်မူခဲ့၏။ |
أَلَيْسَ ذَٰلِكَ بِقَادِرٍ عَلَىٰ أَن يُحْيِيَ الْمَوْتَىٰ (40) ထိုနည်းအတိုင်းပင် ထိုအရှင်မြတ်သည် သက်မဲ့တို့အား သက်ရှိဖြစ်စေတော်မူရန် (စည်းမျဉ်းနိယာမတော်များ သတ်မှတ်တော်မူ၍) စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည် မဟုတ်လော။ |