Quran with Burmese translation - Surah Al-Insan ayat 31 - الإنسَان - Page - Juz 29
﴿يُدۡخِلُ مَن يَشَآءُ فِي رَحۡمَتِهِۦۚ وَٱلظَّٰلِمِينَ أَعَدَّ لَهُمۡ عَذَابًا أَلِيمَۢا ﴾
[الإنسَان: 31]
﴿يدخل من يشاء في رحمته والظالمين أعد لهم عذابا أليما﴾ [الإنسَان: 31]
Ba Sein ၃၁။ အရှင်မြတ်သည် အလိုတော်ရှိသူအား အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာအတွင်းသို့ ဝင်စေတော်မူ၏၊ သို့သော် ဆိုးယုတ်မိုက်မဲသော ဒုစရိုက်ကောင်များအဖို့ မူကား အလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ်တော်ကြီးကို အသင့် စီရင်ထားတော်မူ၏။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသောသူအား မိမိကရုဏာတော်အတွင်းဝယ် ဝင်ရောက်စေတော်မူ၏။ သို့ရာတွင် မတရားသော သူတို့အဖို့မှာမူကား၊ ထိုအရှင်မြတ်သည် နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်တော်ကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပြီး ဖြစ်ပေသည်တကား။ |
Hashim Tin Myint အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကို အရှင်မြတ်၏ ကရုဏာတော်ထဲသို့ ဝင်ရောက်စေတော်မူသည်။ ထို့ပြင် မတရားသူများအတွက်ကမူ အရှင်မြတ်သည် အလွန်နာကျင်စေသည့်ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်ထားတော်မူပြီးဖြစ်သည်။ |