Quran with Burmese translation - Surah An-Nazi‘at ayat 46 - النَّازعَات - Page - Juz 30
﴿كَأَنَّهُمۡ يَوۡمَ يَرَوۡنَهَا لَمۡ يَلۡبَثُوٓاْ إِلَّا عَشِيَّةً أَوۡ ضُحَىٰهَا ﴾
[النَّازعَات: 46]
﴿كأنهم يوم يرونها لم يلبثوا إلا عشية أو ضحاها﴾ [النَّازعَات: 46]
Ba Sein ၄၆။ ထိုနေ့တော်ကြီး၌ သူတို့သည် ထိုအချိန်ကို မြင်ရသောအခါ သူတို့သည် လောကဓာတ်၌ တစ်နေ့(သို့မဟုတ်) တစ်မနက်ခန့်မျှသာ နေခဲ့သကဲ့သို့ တွေးထင်ကြလတံ့။ |
Ghazi Mohammad Hashim ၎င်းတို့သည် ယင်းကိယာမတ်ရှင်ပြန်ထမည့်နေ့ကို တွေ့မြင်ကြသောနေ့တွင် မိမိတို့မှ(ကမ္ဘာလောကလောကီဘဝ၌) တစ်ညနေချမ်းမျှ သို့မဟုတ် ထိုညနေချမ်း၏ တစ်နံနက်ခင်းမျှသာ နေထိုင်ခဲ့ဘိသကဲ့သို့ ထင်မှတ်ကြအံ့ သတည်း။ |
Hashim Tin Myint သူတို့သည်ထို ကိယာမသ်ကိုတွေ့မြင်ကြသည့်နေ့တွင် သူတို့သည် (လောကတွင်)တစ်ညနေမျှ၊ သို့မဟုတ် ထို ညနေ၏ တစ်နံနက်ခင်းမျှသာ နေထိုင်ခဲ့ကြသကဲ့သို့ ထင်မှတ်ကြလိမ့်မည်။ |