Quran with Burmese translation - Surah Al-Anfal ayat 23 - الأنفَال - Page - Juz 9
﴿وَلَوۡ عَلِمَ ٱللَّهُ فِيهِمۡ خَيۡرٗا لَّأَسۡمَعَهُمۡۖ وَلَوۡ أَسۡمَعَهُمۡ لَتَوَلَّواْ وَّهُم مُّعۡرِضُونَ ﴾
[الأنفَال: 23]
﴿ولو علم الله فيهم خيرا لأسمعهم ولو أسمعهم لتولوا وهم معرضون﴾ [الأنفَال: 23]
Ba Sein ၂၃။ သူတို့တွင် တစ်စုံတစ်ခုသော သုမင်္ဂလာကို အလ္လာဟ်အသျှင်မြတ် မြင်တော်မူပါလျှင် အသျှင်မြတ်သည် သူတို့အား ကြားစေတော်မူခဲ့မည်။ သို့သော် အကယ်၍ အလ္လာဟ်အသျှင်မြတ်သည် သူတို့အား ကြားစေတော်မူခဲ့လျှင် သူတို့သည် မနှစ်မြို့ဘဲ လှည့်သွားလေမည်သာတည်း။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွင် တစ်စုံတစ်ရာ ကောင်းမွန်သော အချက်ကို အကယ်၍သာ သိမြင်တော်မူခဲ့ပါမူ ၎င်းတို့အား မုချ ကြားနာစေတော်မူခဲ့အံ့။ သို့ရာတွင် (ယခုသော်ကား)၎င်းတို့အား အကယ်၍ ကြားနာစေတော်မူသည့်တိုင်အောင် မလွဲဧကန် ၎င်းတို့သည် ဂရုမစိုက်ဘဲ လွှဲဖယ်တိမ်းရှောင်သွားကြမည်သာတည်း။ |
Hashim Tin Myint ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကယ်၍ သူတို့တွင် ကောင်းသောအချက် တစ်စုံတစ်ရာကိုသာ သိမြင်တော်မူခဲ့လျှင် သူတို့အား အမှန်ပင် ကြားနာစေတော်မူခဲ့မည်ဖြစ်သည်။ ၎င်းပြင် အကယ်၍ သူတို့အား (ယခု)ကြားနာစေတော်မူမည်ဆိုလျှင်လည်း သူတို့သည် ဂရုမစိုက်သောသူများဖြစ်လျက် အမှန်စင်စစ် မျက်နှာလွှဲသွားကြမည်ဖြစ်သည်။ |