Quran with Burmese translation - Surah Al-Anfal ayat 24 - الأنفَال - Page - Juz 9
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱسۡتَجِيبُواْ لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمۡ لِمَا يُحۡيِيكُمۡۖ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ يَحُولُ بَيۡنَ ٱلۡمَرۡءِ وَقَلۡبِهِۦ وَأَنَّهُۥٓ إِلَيۡهِ تُحۡشَرُونَ ﴾
[الأنفَال: 24]
﴿ياأيها الذين آمنوا استجيبوا لله وللرسول إذا دعاكم لما يحييكم واعلموا أن﴾ [الأنفَال: 24]
Ba Sein ၂၄။ အို-ယုံကြည်သူအပေါင်းတို့ အသျှင်မြတ်သည် သင်တို့အား အသက်ရှင်စေသောအရာသို့ ခေါ်တော် မူသောအခါ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏ တမန်တော်ကို နာခံကြလော့။ အသျှင်မြတ်သည် လူသားနှင့် လူသား၏စိတ်နှလုံးစပ်ကြားတွင် ရှိတော်မူကြောင်း အသျှင်မြတ် အထံတော်၌ သင်တို့ကို စုဝေးမည်ဖြစ်ကြောင်းတို့ကို မှတ်သားကြလော့။ |
Ghazi Mohammad Hashim အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်၏ အမိန့်တော်များကို ထိုရစူလ်တမန် တော်သည် အသင်တို့ကိုအသင်တို့ အသက်ရှင်စေနိုင်သော အကြောင်းများသို့ ဖိတ်ခေါ်သောအခါ လိုက်နာကြလေကုန်။ ထိုမှတစ်ပါး ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် လူနှင့်လူ၏စိတ်နှလုံးအကြားတွင်အကာအဆီး ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထို့ပြင် အသင်တို့သည် ဧကန်မလွဲ ထိုအရှင်မြတ်၏ အထံတော်၌ပင် စုံရုံးကြရမည်ကိုလည်းကောင်း၊ အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်၏အမိန့်တော်များကို ထိုတမန်တော်သည် အသင်တို့အား အသင်တို့ အသက်ရှင်စေနိုင်သော ကိစ္စများဘက်သို့ ဖိတ်ခေါ်သောအခါ လက်ခံလိုက်နာကြပါ။* ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူနှင့်လူ၏စိတ်နှလုံးကြား၌ ကာဆီးလျက်ရှိနေတော်မူသည်*ဆိုသည်ကိုလည်းကောင်း၊ အမှန်ပင် အရှင်မြတ်ထံတော်တွင် အသင်တို့ စုရုံးခြင်း ခံကြရမည်ဆိုသည်ကိုလည်းကောင်း အသင်တို့ သိရှိထားကြပါ။ |