×

သို့သော် အကယ်၍ မလာအီကာစေတမန်များသည် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား သူတို့၏မျက်နှာများနှင့်ကျောကုန်းများကို ရိုက်ပုတ်ပြီး “ချစ်ချစ်တောက်ပူနေသော ပြစ်ဒဏ်ကို မြည်းစမ်းကြလော့။” 8:50 Burmese translation

Quran infoBurmeseSurah Al-Anfal ⮕ (8:50) ayat 50 in Burmese

8:50 Surah Al-Anfal ayat 50 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anfal ayat 50 - الأنفَال - Page - Juz 10

﴿وَلَوۡ تَرَىٰٓ إِذۡ يَتَوَفَّى ٱلَّذِينَ كَفَرُواْ ٱلۡمَلَٰٓئِكَةُ يَضۡرِبُونَ وُجُوهَهُمۡ وَأَدۡبَٰرَهُمۡ وَذُوقُواْ عَذَابَ ٱلۡحَرِيقِ ﴾
[الأنفَال: 50]

သို့သော် အကယ်၍ မလာအီကာစေတမန်များသည် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား သူတို့၏မျက်နှာများနှင့်ကျောကုန်းများကို ရိုက်ပုတ်ပြီး “ချစ်ချစ်တောက်ပူနေသော ပြစ်ဒဏ်ကို မြည်းစမ်းကြလော့။” ဟု ပြောဆိုကြလျက် သူတို့၏အသက်ဇီဝိန်ကို နှုတ်ယူကြစဉ် (သူတို့က မည်သို့ခံစားကြမည်ကို) အသင် (တမန်တော်) တွေ့မြင် သုံးသပ်နိုင်၏။

❮ Previous Next ❯

ترجمة: ولو ترى إذ يتوفى الذين كفروا الملائكة يضربون وجوههم وأدبارهم وذوقوا عذاب, باللغة البورمية

﴿ولو ترى إذ يتوفى الذين كفروا الملائكة يضربون وجوههم وأدبارهم وذوقوا عذاب﴾ [الأنفَال: 50]

Ba Sein
၅ဝ။ ကောင်းကင်တမန်တော်များသည် မယုံကြည်သူတို့အား မျက်နှာနှင့်ကျောကို ရိုက်နှက်၍ သင်တို့သည် လောင်ကျွမ်းခြင်းအပြစ်ဒဏ်တော်ကို ခံစားကြလော့ဟု ဆိုလျက် လက်ခံသည်ကို သင်မြင်ရလျှင် ကောင်းလေစွ။
Ghazi Mohammad Hashim
ထို့ပြင် (အို-နဗီတမန်တော်) အကယ်၍သာ’မလာအိကဟ်’ ကောင်းကင်တမန်များသည် ‘ကာဖိရ်’ မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့၏အသက် ဇီဝိန်ကိုနှုတ်ယူသောအချိန်တွင် ယင်းတို့၏မျက်နှာများကိုလည်းကောင်း၊ ယင်းတို့၏ ကျောက်ကုန်းများကိုလည်းကောင်း၊ ရိုက်နှက်ကြ၍အသင်တို့သည် (ငရဲ)မီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန်ဟု ပြောဆိုကြသည့် စက်ဆုပ်ရွံ့ရှာဖွယ်ရာအဖြစ်ကို (အသင်)မုချ တွေ့မြင်ခဲ့ရပေမည်။
Hashim Tin Myint
ထို့ပြင် အကယ်၍ အသင်(တမန်‌တော်)သည် (ဤမြင်ကွင်းကို)မြင်ရလျှင် (အံ့ဩသွားမည်)၊ တစ်ခါတွင်- ‌ကောင်းကင်တမန်များသည် ကာဖိရ်များ၏အသက်ကို နှုတ်ယူ‌သောအချိန်၌ သူတို့၏မျက်နှာများနှင့် သူတို့၏‌ကျောကုန်းများကို ရိုက်နှက်ပြီး “အသင်တို့သည် (ငရဲ)မီး၏ပြစ်ဒဏ်ကို မြည်းစမ်းလိုက်ကြပါ“(ဟု ‌ပြောဆိုကြမည်)။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek